Connect with us

International Organizations

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

– ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလမ်ဘီယာပြည်နယ်တွင် စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ဟု ကနေဒါရဲတပ်ဖွဲ့ ပြော
– အီရန်နှင့် ဆွေးနွေးမှုမအောင်မြင်ပါက ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ထပ်မံစေလွှတ်ရန် ထရမ့် စဉ်းစားနေ
– နယ်စပ်တင်းမာမှုများ ဖြစ်ပွားနေခိုက် ဘီလာရုစ်နိုင်ငံက ကာကွယ်ရေးစွမ်းရည် မြှင့်တင်မည်
– ရုရှားအနေဖြင့် ယူကရိန်း အကျပ်အတည်းအား ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းရန် အသင့်ရှိဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော
– မက္ကဆီကိုတွင် သိမ်းဆည်းရမိသော လက်နက်များ၏ ၇၇ ရာခိုင်နှုန်းခန့်မှာ အမေရိကန်မှ လာခြင်းဖြစ်ဟု မက္ကဆီကို ကာကွယ်ရေးဝန်ကြီး ပြော
– သဘောထားကွဲလွဲမှုများရှိခဲ့သည့် အမေရိကန်အောက်လွှတ်တော် ကြားနာမှုတွင် လူအများအပြားအား ပြည်နှင်ဒဏ်ပေးသည့် လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ ICE အကြီးအကဲအား လွှတ်တော်အမတ်များ စစ်ဆေးမေးမြန်း
– အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် လူအများအပြား သေဆုံး
– အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးရေခဲပြင်ဟော်ကီပြိုင်ပွဲတွင် အမေရိကန်က ကနေဒါကို အပြတ်အသတ်အနိုင်ရရှိ
– တော်လှန်ရေး အခြေပြုလှုပ်ရှားခဲ့သည့် နေရာဟောင်းများအား ပြန်လည်အားသစ်လောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း
– တရုတ်နိုင်ငံ၏ ဈေးကွက်က ဩစတြေးလျနိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အရေးပါဟု ဩစတြေးလျ ခရီးသွားလုပ်ငန်း အကြီးအကဲ ပြော
– ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံ၏ အားဖြည့်ပါဝင်မှုကို IMO အကြီးအကဲ ချီးကျူး
– သမ္မတ ရှီကျင့်ဖိန်က သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား ပြုစုစောင့်ရှောက်ကြရန် အလေးအနက်မှာကြား
– နီပေါနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မျှော်မှန်းချက်အောက် လျော့နည်းကာ ၃.၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်း
– အက်စတာနာ လေကြောင်းလိုင်းက အက်စတာနာ-ကွမ်ကျိုး ခရီးစဉ်ကို ဇွန်လအစောပိုင်းတွင် စတင်ပြေးဆွဲမည်
– အစ္စရေးအား ဆက်လက် ထိပ်တိုက်ရင်ဆိုင်သွားမည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ကတိပြု
– ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့တွင် သင်ကြားရေးအပေါ် ပိုမိုအာရုံစိုက်နိုင်စေရန် စာသင်ခန်းများအတွင်း စမတ်ဖုန်းအသုံးမပြုရေး အစီအစဉ်ကို တိုးမြှင့်ဖော်ဆောင်
– အီရန်တွင် လူအများအပြားအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေးမှုကို ခါမေနီ ခွင့်ပြု၊ မကြာမီက ဆူပူအုံကြွမှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများကို ချန်လှပ်
– SDF နှင့် သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ဟာဆာကာမြို့ အနီးဝန်းကျင်မှ ဆီးရီးယားစစ်တပ် စတင်ဆုတ်ခွာ
– အမေရိကန်နှင့် ဆွေးနွေးမှုများကို အိုမန်တွင် ဆက်လက်ပြုလုပ်မည်ဟု အီရန် ပြော
– ဂျီရိုနာအသင်းက ဂိုးသမား တာစတီဂျန်၏ နေရာအတွက် အားဖြည့်ရန် ဘလန်ကိုအား ခေါ်ယူ
– ပရီးမီးယားလိဂ်တွင် မန်ချက်စတာယူနိုက်တက်က ဝက်စ်ဟမ်းကွင်း၌ သရေတစ်မှတ်ရရှိ၊ ချဲလ်ဆီးက အိမ်ကွင်း၌ လိဒ်စ်ယူနိုက်တက်နှင့် သရေကျ
– ဖရိုင်းဘတ်က ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိကာ ဂျာမန်ဖလား ဆီမီးဖိုင်နယ် တက်ရောက် (Xinhua)


……………….
(English Version)
-At least 8 killed in British Columbia school shooting — Canadian police
-Trump mulling sending second carrier if talks with Iran fail
-Belarus to boost defense capabilities amid border tensions
-Russia ready to seek negotiated solution to Ukraine crisis: Russian FM
-About 77 pct of Mexico’s seized firearms come from U.S.: Mexican defense secretary
-ICE chief grilled by lawmakers on mass deportation operations at divided U.S. House hearing
-Shooting incident leaves multiple dead in Florida
-U.S. crushes Canada in Olympic women’s ice hockey
-Chinese premier calls for accelerating revitalization of old revolutionary base areas
-Chinese market important to Australia’s tourism industry, says tourism chief
-IMO chief applauds China’s engagement in advancing maritime cooperation
-Xi stresses care for the elderly, children
-Nepal’s economy expected to grow below target at 3.5 pct in FY2025-26
-Air Astana to launch Astana-Guangzhou flight in early June
-Hezbollah leader vows continued confrontation against Israel
-Astana promotes smartphone-free classrooms to boost learning focus
-Khamenei approves mass pardons in Iran, excludes recent unrest cases
-Syrian army begins pullback around northern city of Hasakah under deal with SDF
-Iran says talks with U.S. will stay in Oman
-Girona signs goalkeeper Blanco to cover for Ter Stegen loss
-United rescue point at West Ham, Chelsea held at home by Leeds
-Freiburg advances to German Cup semis after shootout drama