International Organizations
စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည့်ရက်ကို စပိန်ဘောလုံးအဖွဲ့ချုပ် အတည်ပြု
မက်ဒရစ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ယခုရာသီ၏ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပမည့်အချိန်နှင့် နေ့ရက်အား စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ဖေဖော်ဝါရီ ၁၈ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အဆိုပါ ဗိုလ်လုပွဲအား ဧပြီ ၁၈ ရက် (စနေနေ့) ဒေသစံတော်ချိန် ည ၉ နာရီတွင် ဆီဗီးလ်မြို့ရှိ အက်စတာဒီယို ဒယ်လာကာတူဟာ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ထိုပွဲစဉ်အား ဧပြီ ၂၅ ရက်၌ ယှဉ်ပြိုင်ကစားရန် မူလက စီစဉ်ထားသော်လည်း အနီးနားရှိ ဟယ်ရက်ဇ် ဒယ်လာဖရွန်တယ်ရာမြို့တွင် ကျင်းပမည့် MotoGP ဆိုင်ကယ်စီးပြိုင်ပွဲ၊ ဆီဗီးလ်မြို့တွင် နှစ်စဉ်ပြုလုပ်မြဲ ဖယ်ရီယာ ဒယ်အာဘရီးလ် အခမ်းအနားတို့နှင့် တိုက်ဆိုင်နေသည့်အတွက် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲ ကစားမည့်ရက်ကို ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ ထိုသို့ အားကစားပြိုင်ပွဲများ၊ အခမ်းအနားများ ရှိနေချိန်တွင် ဆီဗီးလ်မြို့ရှိ ဟိုတယ်များမှာ ဈေးနှုန်းအလွန်မြင့်တက်နေမည်ဖြစ်သည်။
RFEF အနေဖြင့် အသင့်တော်ဆုံး အချိန်နှင့် နေ့ရက်အား သတ်မှတ်ရေးအတွက် သဘောတူညီမှုရယူရန် ဆီမီးဖိုင်နယ်တက်ရောက်လာသည့် အသင်းလေးသင်းနှင့် ဆွေးနွေးခဲ့ကြောင်း၊ ထိုပွဲစဉ်အား ဧပြီ ၁၈ ရက် ညနေခင်း သို့မဟုတ် ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း RFEF ဥက္ကဋ္ဌ ရာဖာအယ် လိုဇန်က လွန်ခဲ့သည့်သီတင်းပတ်၌ ပြောကြားခဲ့သည်။
နှစ်ကျော့ယှဉ်ပြိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့ကို လွန်ခဲ့သည့်သီတင်းပတ်က ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲလ်ဆိုစီဒက်က အက်သလက်တစ် ဘီဘာအိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားပြီး အက်သလက်တီကို မက်ဒရစ်က အိမ်ကွင်း မက်ထရိုပိုလစ်တာနိုတွင် ဘာစီလိုနာကို အံ့အားသင့်ဖွယ် ၄-၀ ဂိုးပြတ် အနိုင်ရရှိထားသည်။ ဒုတိယအကျော့ ပွဲစဉ်များကို မတ်လ ပထမသီတင်းပတ်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ အယ်လ်ဘာစီတီမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က အယ်လ်ဘာစီတီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဖရန်ကီ ဒီဂျောင် (ဝဲ) နှင့် အယ်လ်ဘာစီတီအသင်းမှ ကာပီတို့၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Str/Xinhua)

……………….
(English Version)
Spanish Football Federation confirms date for Copa del Rey final
MADRID, Feb. 18 (Xinhua) — The Spanish Football Federation (RFEF) on Wednesday finally confirmed the time and date for this season’s Copa del Rey final.
The game will be played in the Estadio de la Cartuja in Seville on Saturday, April 18 at 9 p.m. local time (CET).
The match was originally scheduled to be played on April 25, but the RFEF was forced to change the date as it clashed with a MotoGP event in nearby Jerez de la Frontera and Seville’s annual Feria de Abril celebrations, which meant hotel space in the city would be at a premium.
Speaking last week, RFEF President Rafael Louzan said his organization was talking to the four semifinalists to agree the best time and date, saying the match would be played either on the evening of April 18 or in the afternoon of April 19.
In the first leg of the two-legged semifinals played last week, Real Sociedad won 1-0 at Athletic Club, while Atletico Madrid stunned FC Barcelona 4-0 in the Metropolitano Stadium, with the return legs to be played in the first week of March.
English Caption 1
Lamine Yamal of Barcelona reacts during the Copa del Rey quarterfinal match between Albacete and Barcelona in Albacete, Spain, Feb. 3, 2026. (Str/Xinhua)
English Caption 2
Frenkie de Jong (L) of Barcelona vies with Capi of Albacete during the Copa del Rey quarterfinal match between Albacete and Barcelona in Albacete, Spain, Feb. 3, 2026. (Str/Xinhua)
English Caption 3
Atletico de Madrid’s players celebrate a goal during La Liga football match between Atletico de Madrid and RCD Mallorca in Madrid, Spain, Jan. 25, 2026. (Photo by Gustavo Valiente/Xinhua)
