Connect with us

Africa & Middle East

နျူကလီးယားအရေး ဆက်လက်ဆွေးနွေးနေချိန် အမေရိကန်၏ တိုးမြှင့်ဖိအားပေးမှုများအကြား အီရန်နှင့် ရုရှားတို့က နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်

အီရန်နိုင်ငံ တီဟီရန်မြို့အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဒေသတွင်း တင်းမာမှုများ အရှိန်မြင့်တက်နေခိုက် အီရန်အနေဖြင့် အမေရိကန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိရေးအတွက် ကြိုးပမ်းနေချိန် ရုရှားနှင့် အီရန်အစိုးရတို့သည် အထူးသဖြင့် နျူကလီးယား စွမ်းအင်နှင့် စစ်ရေးလှုပ်ရှားမှုများ အပါအဝင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။
နှစ်နိုင်ငံအနေဖြင့် အီရန်၌ နျူကလီးယား ဓာတ်အားပေးစက်ရုံ ယူနစ်အသစ်များ တည်ဆောက်ရန် စူးစမ်းလေ့လာလျက်ရှိကြောင်း ရုရှားစွမ်းအင်ဝန်ကြီး ဆာဂေး ဆီဗီလက်ဗ်က ဖေဖော်ဝါရီ ၁၈ ရက်၌ ပြောကြားခဲ့သည်။ အီရန်စွမ်းအင်ဝန်ကြီး မိုဆင် ပက်ခ်နီဂျက်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ဆီဗီလက်ဗ်က ရုရှားအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် အီရန်နှင့် အလေးအနက် ပူးပေါင်းဆောင်ရွက်နေသည်ဟု အလေးထားပြောဆိုခဲ့သည်။
“ကျွန်တော်တို့ ဘူရှာ နျူကလီးယား ဓာတ်အား‌ပေးစက်ရုံရဲ့ ဒုတိယနဲ့ တတိယမြောက် ဓာတ်ပေါင်းဖိုယူနစ်တွေကို ဆက်လက် တည်ဆောက်နေပြီး အခုဆိုရင် စွမ်းအားမြင့်နဲ့ စွမ်းအားနိမ့် ယူနစ်တွေ ထပ်ပြီးတည်ဆောက်မယ့် နည်းလမ်းတွေအတွက်လည်း ဆွေးနွေးနေပါတယ်” ဟု ဆီဗီလက်ဗ်က ဆိုသည်။ “နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ တစ်ဖွဲ့က အတည်ပြုချက်ရယူဖို့ အဆိုပြုချက်တွေကို သုံးလအတွင်း တင်သွင်းသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ရုရှားနိုင်ငံသည် ၁၉၉၅ ခုနှစ်တွင် စက်ရုံတည်ဆောက်ရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးပြီးချိန်မှစ၍ အီရန်တောင်ပိုင်းကမ်းခြေရှိ ဘူရှာစက်ရုံ တည်ဆောက်လည်ပတ်ရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံမှ အမျိုးသားမဟာဓာတ်အားလိုင်းသို့ ဓာတ်အားပို့လွှတ်ခြင်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ အီရန်နှင့် ရုရှားတို့က ဘူရှာစက်ရုံတွင် ဓာတ်ပေါင်းဖိုနှစ်လုံး ထပ်မံတည်ဆောက်ရန် သဘောတူညီခဲ့ကြပြီး ယင်းသဘောတူညီချက်၌ အခြားနေရာများတွင်လည်း ယူနစ် ၆ ခု ထပ်မံတည်ဆောက်ခွင့် ပါဝင်ကြောင်း သိရသည်။ မကြာသေးမီ ကာလဖြစ်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း နှစ်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ တန်ကြေးရှိသည့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြသည်။

အီရန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေးကို အလေးအနက်ထားလျက်ရှိကာ ရုရှားနှင့် ဆက်ဆံရေးမှာလည်း “ခေတ်သစ်” သို့ ရောက်ရှိနေပြီဟု ဆီဗီလက်ဗ်နှင့် တွေ့ဆုံစဉ် အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။ အီရန်အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန်၊ ကာကွယ်ရေးနှင့် လုံခြုံရေး စသည့် နယ်ပယ်များတွင် သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးအတွက် အလျင်အမြန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံ အချို့၏ တစ်ဖက်သတ် မူဝါဒများကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။
ထို့အတူ အီရန်နှင့် ရုရှားရေတပ်တို့သည် အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၉ ရက်၌ ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားသည်ဟု အီရန်မီဒီယာက ဖေဖော်ဝါရီ ၁၈ ရက်၌ ဖော်ပြခဲ့သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများမှာ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများကို ပိုမိုအားဖြည့်လုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဟတ်ဆန် မာဆုလူးက ပြောကြားခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် ရုရှားရေတပ်၏ တပ်မှူးဖြစ်သူ အလက်ဆီ ဆာဂိဗ်က နှစ်ဖက်ဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်သည်ဟု ညွှန်းဆိုခဲ့ကာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပင်လယ်ရေကြောင်းနှင့် ကမ်းရိုးတန်းဆိုင်ရာ စိန်ခေါ်မှုအများအပြားကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် ယခုအခြေအနေများ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းနှင့် ယင်း၏ အစောင့်လိုက် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများကို ထပ်မံအားဖြည့်သည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ်အား ယင်းဒေသသို့ တပ်ဖြန့်စေလွှတ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွန်ခဲ့သော သီတင်းပတ်တွင် ကြေညာခဲ့သည်။ ဂျရယ်လ် အာရ်ဖို့ဒ်နှင့် ယင်း၏ အစောင့်လိုက်စစ်သင်္ဘောများသည် ကာရေဘီယံဒေသမှ ထွက်ခွာကာ ပါရှန်ပင်လယ်ကွေ့ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ရာ လတ်တလောတွင် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းသို့ ရောက်ရှိနေပြီဟု သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260219/531e83447e964859b61e9df287eb00d8/c.html

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဒုတိယအကြိမ် အီရန်-အမေရိကန် တစ်ဆင့်ခံ နျူကလီးယားအရေးဆွေးနွေးပွဲ ကျင်းပရာနေရာအပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အိုမန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆေယစ် ဘာဒါ ဘင်ဟာမက် ဘင်ဟာမွတ် အယ်လ်ဘူဆာအီဒီ (ယာ) နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Ministry of Information in Oman/Handout via Xinhua)

…………………
(English Version)
Russia, Iran deepen nuclear, military ties as U.S. pressure mounts amid ongoing nuclear talks
CAIRO, Feb. 18 (Xinhua) — Moscow and Tehran are stepping up cooperation on multiple fronts, particularly in nuclear energy and military operations, as Iran seeks a nuclear deal with Washington amid heightened regional tensions.
On Wednesday, Russian Energy Minister Sergei Tsivilev said the two countries are exploring the construction of new nuclear power plant units in Iran. Speaking at a joint press conference in Tehran with Iranian Oil Minister Mohsen Paknejad, Tsivilev emphasized that Russia is working “seriously” with Iran on peaceful nuclear energy.
“We are continuing the construction of the second and third units of the Bushehr nuclear power plant and are now discussing options for additional high-power and low-power units,” Tsivilev said. “A joint working group will present its proposals for approval in three months.”
Russia has been involved in the Bushehr plant, on Iran’s southern coast, since signing a construction contract in 1995. The plant began feeding electricity into the national grid in September 2011. In 2014, Iran and Russia agreed to build two more reactors at Bushehr, with an option for six additional units at other sites. Construction began in March 2017. Most recently, in September 2025, the two countries signed a 25-billion-U.S.-dollar deal to build nuclear plants in southeastern Iran.
Meeting with Tsivilev, Iranian President Masoud Pezeshkian said Iran is “serious” about implementing its comprehensive strategic partnership with Russia, describing relations with Moscow as entering a “new era.” He said Tehran is moving quickly to carry out the agreement across sectors, including transportation, energy, agriculture, food, defense, and security, while criticizing “unilateral” policies by certain global powers.
Also on Wednesday, Iranian media reported that the Iranian and Russian naval forces are scheduled for a joint drill on Thursday in the Gulf of Oman and the northern Indian Ocean.
Drill spokesman Hassan Maqsoudlou said the exercises aim to strengthen maritime security and joint operations. Alexey Sergeev, commander of the Russian navy forces participating in the drill, described the relationship as “friendly and close,” adding that cooperation helps address “many maritime and coastal challenges.”
These developments come amid heightened U.S.-Iran tensions. Last week, U.S. President Donald Trump announced the deployment of the USS Gerald R. Ford, the world’s largest aircraft carrier, to the Middle East to reinforce the USS Abraham Lincoln and its accompanying guided-missile destroyers, already in the region. The Gerald R. Ford and its escorts are currently in the mid-Atlantic, having left the Caribbean en route to the Gulf.
https://english.news.cn/20260219/531e83447e964859b61e9df287eb00d8/c.html
English Caption 1
Photo taken on Feb. 13, 2026 shows a city view of Tehran, Iran. (Xinhua/Shadati)
English Caption 2
Police officers are seen outside the site for the second round of indirect nuclear talks between Iran and the United States in Geneva, Switzerland, Feb. 17, 2026. (Xinhua/Shi Song)
English Caption 3
Omani Foreign Minister Sayyid Badr bin Hamad bin Hamood Albusaidi (R) meets with Iranian counterpart Seyed Abbas Araghchi in Geneva, Switzerland, Feb. 16, 2026. (Ministry of Information in Oman/Handout via Xinhua)