Connect with us

International Organizations

ဒေ့ါမွန်အသင်းက ဘရာဇီးဆယ်ကျော်သက် ကစားသမား ပရာတက်စ်ကို ကာလရှည်စာချုပ်ဖြင့် ခေါ်ယူ

ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က ဒေ့ါမွန်အသင်းနှင့် ဝါဒါဘရီမင်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါဘောလုံးပွဲစဉ်၌ ဒေ့ါမွန်ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေ့ါမွန်အသင်းက ဘရာဇီးထိပ်တန်းကလပ် ခရူဇီယိုအသင်းမှ ဘရာဇီးဘယ်နောက်ခံလူ ကာအူရာ ပရာတက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ အသက် ၁၇ နှစ်အရွယ် အဆိုပါ ကစားသမားအနေဖြင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်မီ ဒေ့ါမွန်အသင်းထံ ရောက်ရှိလာမည်ဟု သိရသည်။
ပရာတက်စ်အနေဖြင့် ယခုသီတင်းပတ်တွင် ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိသော ကာလရှည်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း ဒေ့ါမွန်အသင်းက အတည်ပြုခဲ့သည်။ အဆိုပါ နောက်ခံလူမှာ စာချုပ်သက်တမ်းအရ ၂၀၂၆ ခုနှစ် နွေရာသီအထိ ခရူဇီယိုအသင်း၌ ဆက်ရှိနေမည်ဖြစ်ကာ ထို့နောက် ဂျာမနီရှိ ၎င်း၏အသင်းသစ်နှင့် ပူးပေါင်းသွားမည်ဖြစ်သည်။
အရပ်အမြင့် ၁.၈၄ မီတာရှိသည့် ပရာတက်စ်မှာ ၂၀၁၉ ခုနှစ်တွင် ခရူဇီယိုအသင်း၏ လူငယ်အကယ်ဒမီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ် မေလတွင် အသက် ၁၆ နှစ်အရွယ်၌ ပရော်ဖက်ရှင်ကစားသမားအဖြစ် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ၎င်းသည် ခရူဇီယိုအသင်းကြီးအတွက် ၁၇ ပွဲ ပါဝင်ကစားခဲ့ပြီးဖြစ်သည်။
၎င်းမှာ နိုင်ငံတကာအဆင့်တွင်လည်း ဘရာဇီး ယူ-၁၇ အသင်းအတွက် ကိုယ်စားပြုကစားခဲ့ပြီး ယမန်နှစ်က တောင်အမေရိက ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဘရာဇီးအသင်း ဗိုလ်စွဲနိုင်စေရန် ကူညီစွမ်းဆောင်ပေးခဲ့သည်။
“ကာအူရာနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျွန်တော်တို့အတွက် သိပ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တာပါ။ သူက အသက်ငယ်ငယ်နဲ့ တောင်အမေရိကရဲ့ အရည်အသွေးအမြင့်ဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်၊ ရည်မှန်းချက်နဲ့ တိုးတက်မှုအလားအလာတွေကြောင့် သူဟာ ဒေ့ါမွန်အသင်းအတွက် တကယ့်ကို သင့်တော်တယ်လို့ ယုံကြည်ပါတယ်” ဟု ဒေ့ါမွန်အသင်း၏ အားကစားဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ လာစ်ရစ်ကင်က ဆိုသည်။
အားကစားဒါရိုက်တာ ဆီဘက်ရှန် ခီရယ်လ်ကလည်း ယခုအပြောင်းအရွှေ့အား အပြီးသတ်နိုင်ခဲ့သည့်အတွက် ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ကာအူရာကို ခေါ်ယူနိုင်ခဲ့လို့ ဝမ်းသာပျော်ရွှင်မိပါတယ်။ သူဟာ စွယ်စုံရပြီး သိပ်ကိုအရည်အသွေးမြင့်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကစားကွက်အမျိုးမျိုးမှာလည်း ခံစစ်နေရာ တော်တော်များများမှာ ကစားနိုင်စွမ်းရှိပါတယ်။ သူ့ရဲ့ ဘောလုံးဖျက်ထုတ်မှုစွမ်းရည်နဲ့ စိတ်နေစိတ်ထားတွေက လာမယ့်ရာသီမှာ ကျွန်တော်တို့အသင်းကို ကျိန်းသေပေါက် အကျိုးပြုနိုင်ပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပရာတက်စ်ကလည်း ၎င်းအနေဖြင့် ဂျာမနီတွင် ၎င်း၏ကစားသမားဘဝ စာမျက်သစ်ကို ဖွင့်လှစ်ရန် စိတ်အားထက်သန်နေသည်ဟု ဆိုသည်။ “လာမယ့်နွေရာသီကစပြီး ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကလပ်အသင်းမှာ ကစားခွင့်ရတော့မှာမို့ သိပ်ကိုဂုဏ်ယူပါတယ်။ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားနေပြီး ဒေ့ါမွန်အသင်းနဲ့အတူ အောင်မြင်မှုတွေရယူဖို့ အသင်းရဲ့ဂျာစီကို ပထမဆုံးဝတ်ဆင်တဲ့နေ့ကစပြီး အစွမ်းကုန်ပေးဆပ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ပရာတက်စ်မှာ ဒေ့ါမွန်အသင်း၏ ၁၆ ဦးမြောက် ဘရာဇီးကစားသမား ဖြစ်လာမည်ဖြစ်သည်။ ဒေ့ါမွန်အသင်းက ပထမဆုံး ဘရာဇီးကစားသမား ခေါ်ယူမှုအဖြစ် ၁၉၉၄ ခုနှစ်တွင် ဂျူလီယို ဆီဇာကို စတင်ခေါ်ယူခဲ့ကာ နောက်ထပ်ဘရာဇီးကစားသမား တစ်ဦးဖြစ်သည့် ဒီဒီမှာလည်း အသင်းအတွက် ၃၉၈ ပွဲအထိ ပါဝင်ကစားခဲ့ကာ ဂျာမနီနိုင်ငံသားမဟုတ်သည့် ပွဲအရေအတွက်အများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဒေ့ါမွန်အသင်းမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံပြေးလမ်းပေါ်တွင် ဆက်ရှိနေဆဲဖြစ်ကာ အမှတ်ပေးဇယားဦးဆောင်သူ ဘိုင်ယန်မြူးနစ်နှင့် ခြောက်မှတ်အကွာ အဆင့်-၂ နေရာ၌ ရပ်တည်လျက်ရှိသလို ချန်ပီယံလိဂ် play-off အဆင့် ပထမအကျော့ပွဲစဉ်၌လည်း အတ္တလန်တာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည့်အတွက် ၁၆ သင်းအဆင့်သို့ တက်နိုင်ရန် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ဖရန့်ဖွတ်အသင်းနှင့် ဒေ့ါမွန်အသင်းတို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းနည်းပြချုပ် နစ်ကို ကိုဗက် အမူအရာဖြင့် ညွှန်ကြားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Dortmund secures Brazilian teenager Prates on long-term deal
BERLIN, Feb. 19 (Xinhua) — Borussia Dortmund has completed the signing of Brazilian left-back Kaua Prates from Brazilian top-flight side Cruzeiro, with the 17-year-old set to join the Bundesliga club ahead of the 2026-27 season.
Dortmund confirmed that Prates has signed a long-term contract running until 2031 after successfully undergoing a medical this week. The defender will remain under contract with Cruzeiro until the summer of 2026 before linking up with his new club in Germany.
Prates, who stands 1.84 meters tall, moved to Cruzeiro’s youth academy in 2019 and made his professional debut in May 2025 at the age of 16. He has since featured in 17 matches for Cruzeiro’s first team.
On the international stage, the junior international helped Brazil’s U17 side lift the South American U17 Championship last year.
“With Kaua, we have been able to secure an extremely exciting player for us. He is still very young and is among the most talented players in South America. We are convinced that with his abilities, his ambition and his development potential, he fits Borussia Dortmund very well,” said sporting managing director Lars Ricken.
Sporting director Sebastian Kehl also expressed his satisfaction at completing the deal. “We are delighted to have signed Kaua. He is a highly talented player with a very versatile profile and is capable of playing in several defensive positions within various systems. His tackling ability, robustness, and mentality will undoubtedly enrich our team next season,” Kehl said.
Prates said he was eager to begin the next chapter of his career in Germany. “I am very proud to be able to play for this great club from the summer. I am incredibly excited, and I will give everything from day one in black and yellow to be successful with BVB,” he said.
Prates is set to become Dortmund’s 16th Brazilian player. The Brazilian connection began with Julio Cesar in 1994, while Dede holds the record for most appearances by a non-German with 398.
Borussia Dortmund remains in the Bundesliga title race, sitting second and six points behind leader Bayern Munich, while also keeping its Champions League hopes alive after a 2-0 first-leg win over Atalanta in the round-of-16 tie.
English Caption 1
Players of Borussia Dortmund celebrate scoring during the German first division Bundesliga football match between Borussia Dortmund and SV Werder Bremen in Dortmund, Germany, Jan. 13, 2026. (Photo by Joachim Bywaletz/Xinhua)
English Caption 2
Borussia Dortmund’s head coach Niko Kovac gestures during the German first division Bundesliga football match between Eintracht Frankfurt and Borussia Dortmund in Frankfurt, Germany, Jan. 9, 2026. (Photo by Ulrich Hufnagel/Xinhua)