Connect with us

International Organizations

အိုလံပစ် အမျိုးသားရေခဲပြင်ဟော်ကီ ဗိုလ်လုပွဲသို့ ကနေဒါအသင်းနှင့် အမေရိကန်အသင်း တက်ရောက်

အီတလီနိုင်ငံ မီလန်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ် ဆောင်းရာသီအားကစားပြိုင်ပွဲတွင် ကနေဒါအသင်းနှင့် ဖင်လန်အသင်းတို့၏ အမျိုးသား ရေခဲပြင်ဟော်ကီ play-offs ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဂိုးရရှိမှုအား အောင်ပွဲခံနေသည့် ကနေဒါအသင်းသားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မီလန်၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ မီလန်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အမျိုးသား ရေခဲပြင်ဟော်ကီ ဆီမီးဖိုင်နယ်ပွဲစဉ်များ၌ ကနေဒါအသင်းနှင့် အမေရိကန်အသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ပြီးနောက် အဆိုပါရေခဲပြင်ဟော်ကီပြိုင်ပွဲ၏ ရွှေတံဆိပ်ဆုကို ယှဉ်ပြိုင်ရယူမည့် ဖိုင်နယ်ပွဲစဉ်၌ မြောက်အမေရိကအသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံကြတော့မည်ဖြစ်သည်။

ကနေဒါအသင်းက လက်ရှိချန်ပီယံ ဖင်လန်အသင်းကို ၃-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး ယင်းမှာ နှစ်ဂိုးပြတ် ရှုံးနိမ့်မှုကို ဂိုးသုံးဂိုး ဆက်တိုက်သွင်းယူ၍ ပြန်လည်ချေပခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းသွင်းဂိုးများတွင် Nathan MacKinnon ၏ power-play ဂိုးလည်း ပါဝင်သည်။ ထိုအောင်ပွဲသည် ၂၀၁၄ ခုနှစ် ဆိုချီမြို့၌ ကျင်းပခဲ့သော ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိပြီးချိန်မှစ၍ ကနေဒါအသင်း၏ အိုလံပစ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် အောင်မြင်မှုလည်း ဖြစ်သည်။

ဖင်လန်အသင်းကမူ ပထမပိုင်း နှောင်းပိုင်းတွင် Mikko Rantanen ၏ power-play ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း အစောပိုင်းတွင် Erik Haula ၏ shorthanded breakaway ဂိုး (မိမိအသင်း၌ ကစားသမားဦးရေလျော့နေသော်လည်း တစ်ဖက်အသင်း၏ ခံစစ်အား ဖောက်ထွက်ကာ ဂိုးသမားနှင့် တစ်ဦးချင်းရင်ဆိုင်၍ သွင်းယူနိုင်သောဂိုး) ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ကနေဒါအသင်းက အဆက်မပြတ် ဖိအားများစွာဖြင့် တုံ့ပြန်နိုင်ခဲ့သည်။ Sam Reinhart နှင့် Shea Theodore တို့က ပွဲစဉ်အား ၂-၂ ဂိုး အခြေအနေဖြင့် ထိန်းကစားခဲ့ကြသည်။ နောက်ဆုံးမိနစ်တွင် MacKinnon က အဆုံးအဖြတ်ပေးသည့် အနိုင်ဂိုးကို သွင်းယူကာ ကနေဒါအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပထမဆုံးဂိုးကြီးတစ်ဂိုးရလို့ အသက်ရှူချောင်သွားပေမဲ့ တစ်ဂိုး ရှုံးနေသေးတယ်” ဟု ကနေဒါအသင်း၏ နည်းပြချုပ် ဂျွန်ကူးပါးက ပြောကြားခဲ့သည်။
“အတော်လေးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲပါ၊ ကစားသမားတွေက သူတို့ရဲ့နည်းပြကိုတောင် ရင်ခုန်စေခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုနေ့၏ အခြားဆီမီးဖိုင်နယ်ပွဲစဉ်၌ အမေရိကန်အသင်းက ဆလိုဗက်ကီးယားအသင်းကို ပွဲအစမှ အဆုံးထိ အနိုင်ယူပြီး ၆-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့သည်။
ရွှေတံဆိပ်ဆုလုကြမည့် ဗိုလ်လုပွဲဖြစ်သော ဖိုင်နယ်ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၂ ရက်၌ Milano Santagiulia ရေခဲပြင်ဟော်ကီကွင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဖင်လန်အသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့ကမူ ဖေဖော်ဝါရီ ၂၁ ရက်၌ ကြေးတံဆိပ်ဆုအတွက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့၌ ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ် ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အမေရိကန်အသင်းနှင့် ဆလိုဗက်ကီးယားအသင်းတို့၏ အမျိုးသား ရေခဲပြင်ဟော်ကီ play-offs ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်း ဂိုးရရှိမှုအတွက် အောင်ပွဲခံနေသည့် အမေရိကန်အသင်းသားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Canada, U.S. set for Olympic men’s ice hockey final
MILAN, Feb. 20 (Xinhua) — The stage is set for a North American showdown in the Milan-Cortina 2026 men’s ice hockey gold medal game after Canada and the United States advanced through contrasting semifinal victories on Friday.
Canada staged a dramatic comeback to defeat defending champion Finland 3-2, overturning a two-goal deficit with three unanswered goals – including a power-play winner by Nathan MacKinnon with just 35 seconds left in regulation. The victory marks Canada’s first appearance in an Olympic final since winning gold at Sochi 2014.`
Finland struck first on a Mikko Rantanen power-play goal late in the opening period and doubled its lead early in the second when Erik Haula finished a shorthanded breakaway. But Canada responded with relentless pressure. Sam Reinhart and Shea Theodore managed to level the score 2-2. MacKinnon delivered the decisive blow in the final minute to clinch the victory.
“We got a big first goal so we could take a breath, we were only down one,” said Canada’s head coach Jon Cooper.
“Pretty exciting game, but they’ve given their coach heart palpitations.”
In the day’s other semifinal, the United States dominated Slovakia from start to finish, cruising to a 6-2 victory.
The gold medal game is scheduled for Sunday at Milano Santagiulia Ice Hockey Arena. Finland and Slovakia will face off for bronze on Saturday. ■
English Caption 1
Players of Canada celebrate scoring during the ice hockey men’s play-offs semifinal match between Canada and Finland at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 20, 2026. (Xinhua/Zhang Haofu)
English Caption 2
Players of the United States celebrate a goal during the ice hockey men’s play-offs semifinal match between the United States and Slovakia at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 20, 2026. (Xinhua/Wang Kaiyan)