Africa & Middle East
ထရမ့်က အကန့်အသတ်ဖြင့် တိုက်ခိုက်ရန်အတွက် စဉ်းစားနေစဉ် အီရန်က နျူကလီးယားသဘောတူညီချက်မူကြမ်းကို ရက်ပိုင်းအတွင်း ပြင်ဆင်မည်ဟုဆို
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်ကို အကန့်အသတ်ဖြင့် စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ရန်စဉ်းစားလျက်ရှိကြောင်း ပြောကြားလိုက်သလို အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi ကလည်း တီဟီရန်အနေဖြင့် အမေရိကန်နှင့် ဖြစ်နိုင်ခြေရှိသော နျူကလီးယား သဘောတူညီချက်မူကြမ်းကို အချိန် နှစ်ရက်၊ သုံးရက်အတွင်း ပြင်ဆင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်၌ ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား တစ်ဆင့်ခံနျူကလီးယားဆွေးနွေးပွဲ၊ နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ မတူကွဲပြားမှုများကို ပေါင်းကူးပေးမည့်နည်းလမ်းများအကြောင်း MSNBC နှင့် အင်တာဗျူးဖြေကြားရာတွင် Araghchi က “ကျွန်တော့်ရဲ့ နောက်ထပ်အဆင့်ကတော့ အမေရိကန်ဘက်နဲ့ အလားအလာရှိတဲ့ သဘောတူညီချက်မူကြမ်း ဖော်ဆောင်ဖို့ပါပဲ” ဟု ပြောကြားခဲ့ပြီး ထိုမူကြမ်းမှာ လာမည့် နှစ်ရက်၊ သုံးရက်အတွင်း အဆင်သင့်ဖြစ်မည်ဟု ဆိုသည်။
မူကြမ်းကို ၎င်း၏ အထက်တာဝန်ရှိသူများက အပြီးသတ်လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုက်နက်တည်း အဆိုပါ မူကြမ်းကို အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ်ဝစ်ကော့ထံ ပေးအပ်မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအနေဖြင့် “လုပ်ငန်းတွေရှေ့မဆက်ခင်မှာ နောက်ထပ်ဆွေးနွေးမှုလုပ်ဆောင်ဖို့ လိုအပ်နိုင်ဖွယ်ရှိပါတယ်။ ကောင်းမွန်တဲ့ အဆုံးသတ်ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တစ်ဆင့်ခံဆွေးနွေးပွဲအတွင်း အီရန်နိုင်ငံအနေဖြင့် ၎င်းတို့မြေပေါ်တွင် ယူရေနီယံသန့်စင်မှု ရပ်ဆိုင်းရေးလုပ်ဆောင်ရန် အဆိုမပြုခဲ့သလို အမေရိကန်ကလည်း ထိုသို့တောင်းဆိုမှုကို ဆက်လက်မလုပ်ဆောင်ခဲ့ကြောင်း Araghchi က ဆိုသည်။
“ယူရေနီယံသန့်စင်ခြင်း အပါအဝင် အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့နဲ့ ငြိမ်းချမ်းစွာအသုံးပြုမှုကို ထာဝရတည်တံ့အောင်လုပ်ဆောင်ဖို့တွေကို ဘယ်လိုသေချာအောင် လုပ်ဆောင်မလဲကို ကျွန်တော်တို့ အခုဆွေးနွေးနေကြတာပါ” ဟု ၎င်းက ရှင်းပြခဲ့သည်။
“တရားမျှတပြီး သာတူညီမျှ” ဖြစ်သော သဘောတူညီချက်တစ်ခု ရရှိမည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် အနောက်အာရှဒေသတွင် အမေရိကန်၏ စစ်ရေးတိုးချဲ့လာခြင်းက “လုံးဝ မလိုအပ်ကြောင်းနှင့် အကျိုးရှိမည်မဟုတ်ကြောင်း” Araghchi က ပြောကြားခဲ့သည်။
“အီရန်နျူကလီးယား အစီအစဉ်ကို စစ်ရေးအရ ဖြေရှင်းစရာ မလိုအပ်ဘူးဆိုတာ ကျွန်တော် အလေးအနက်ထား ပြောကြားလိုပါတယ်။ သံတမန်ရေးနည်းလမ်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီးတော့ ဒါက အမေရိကန်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုစားပွဲဝိုင်းကို ပြန်လှည့်လာပြီး သဘောတူညီချက် ရယူရေး လုပ်ဆောင်ရတဲ့ အကြောင်းရင်းလည်းဟုတ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် စစ်ပွဲရော ငြိမ်းချမ်းရေးအတွက်ပါ အသင့်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး “ကျွန်တော်တို့ကတော့ စစ်ပွဲကိုအသင့်ပြင်ထားသလို သံတမန်ရေးနဲ့ ဆွေးနွေးရေးအတွက်လည်း ပြင်ဆင်ထားပါတယ်” ဟု Araghchi က ဆိုသည်။
ထရမ့်ကလည်း သဘောတူညီချက်ရရှိရေးအတွက် အီရန်အား ဖိအားပေးရန် အကန့်အသတ်ဖြင့် စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ရန် စဉ်းစားနေကြောင်း ယင်းနေ့နှောင်းပိုင်းက ပြောကြားခဲ့သည်။ “ကျွန်တော် အဲဒီကိစ္စ စဉ်းစားနေတယ်လို့ ပြောရမယ် ထင်တယ်” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260221/462f0679386b4971b15d83438fd61b28/c.html
……………………………………..
(English Version)
Iran to prepare nuclear deal draft in days as Trump “considering” limited military strike
CAIRO, Feb. 20 (Xinhua) — Iran’s Foreign Minister Seyed Abbas Araghchi said on Friday that Tehran will prepare the draft of a possible nuclear deal with the United States within two to three days, while U.S. President Donald Trump said he is contemplating a limited military strike on Iran.
In an interview with MSNBC while elaborating on indirect nuclear talks between Iran and the United States and ways to bridge differences on the nuclear issue, Araghchi said, “My next step is to present the draft of a potential deal to my U.S. counterparts,” noting that the draft will be ready in the next two to three days.
The draft, once finalized by his superiors, will be delivered to U.S. president’s special envoy Steve Witkoff, he said, adding that the two sides “may need another round of discussion before starting work toward, hopefully, a good conclusion.”
During the second round of indirect talks on Tuesday, Araghchi said, Iran has not offered to suspend uranium enrichment on its soil, and the U.S. side has not put forward such a demand.
“What we are now talking about is how to make sure that Iran’s nuclear program, including uranium enrichment, is peaceful and would remain peaceful forever,” he explained.
Araghchi expressed confidence that a “fair and equitable” deal is achievable, but described the U.S. military buildup in the West Asia region as “absolutely unnecessary and unhealthy.”
“I have to emphasize that there is no military solution to Iran’s nuclear program,” he said, adding, “The only solution is diplomacy and that is why the United States is back at the negotiating table and seeking a deal.”
He added that Iran is ready both for war and peace, noting, “We are prepared for diplomacy and negotiation as much as we are ready for war.”
Later in the day, Trump said that he is considering a limited military strike to pressure Iran to make a deal. “I guess I can say I am considering that,” Trump told reporters at the White House.
https://english.news.cn/20260221/462f0679386b4971b15d83438fd61b28/c.html
Photo: Iran’s Foreign Minister Seyed Abbas Araghchi attends a joint press conference in Tehran, Iran, Jan. 18, 2026. (Xinhua/Shadati)
