Africa & Middle East
ဂျီနီဗာမြို့တွင် အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမည့်အချိန်ကို ဖေဖော်ဝါရီ ၂၆ ရက်အဖြစ် သတ်မှတ်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး အတည်ပြု
တီဟီရန်/မက်စ်ကတ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်-အီရန် ဆွေးနွေးပွဲကို ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၆ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း အိုမန်နိုင်ငံခြားရေးဝန်ကြီး Sayyid Badr bin Hamad bin Hamood Albusaidi က ဖေဖော်ဝါရီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
“သဘောတူညီချက် အပြီးသတ်ခရီးရောက်ဖို့ အပြုသဘောတွန်းအားတွေနဲ့အတူ အမေရိကန်-အီရန် ဆွေးနွေးညှိနှိုင်းမှုကို ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်မှ ပြုလုပ်မယ်ဆိုတာကို အတည်ပြုပြောကြားရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်” ဟု ဝန်ကြီးက လူမှုမီဒီယာပလက်ဖောင်း X တွင် ပြောကြားခဲ့သည်။
ထို့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က တီဟီရန်ဘက်က ပြင်ဆင်ထားသော ဖြစ်နိုင်ခြေရှိသည့် နျူကလီးယားသဘောတူညီမှု အဆိုပြုချက်မူကြမ်းကို ဆွေးနွေးရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂျီနီဗာ၌ အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်၌ ထုတ်လွှင့်သော CBS News သတင်းဌာနနှင့် အင်တာဗျူးနေစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ “ငြိမ်းချမ်းရေးအတွက်” နျူကလီးယားအစီအစဉ် ဖြေရှင်းနည်းရှာဖွေနေသည်ဆိုပါက သံတမန်ရေးရာက တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ အီရန်အနေဖြင့် ယခင်ကလည်း သက်သေပြပြီးဖြစ်ကြောင်း၊ “နှစ်ဖက်အကျိုးရှိသောကစားပွဲကို အခြေခံတဲ့ သံတမန်ရေးအရ ဖြေရှင်းနည်းလမ်းကျန်နေတာက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နေဆဲပဲလို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Araghchi က ဖြည့်စွက်ပြောခဲ့သည်။
ဖြေရှင်းနည်းမှာ နှစ်ဘက်သဘောတူညီချက်ရရှိမှုအတွင်း ရှိနေကြောင်း၊ အီရန်ကို ဖိအားပေးသည့်အနေဖြင့် မည်သည့်စစ်ရေးတိုးချဲ့မှုမျိုးမှမလိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/baqs

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေး ကွန်ဖရင့်တွင် မိန့်ခွန်းပြောကြားနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ Masoud Pezeshkian က အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသော ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး ၄၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများအတွင်း မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Oman FM confirms U.S.-Iran negotiations set for Thursday in Geneva
TEHRAN/MUSCAT, Feb. 22 (Xinhua) — Omani Foreign Minister Sayyid Badr bin Hamad bin Hamood Albusaidi said on Sunday that the next round of U.S.-Iran talks will take place on Thursday in Geneva.
“Pleased to confirm U.S.-Iran negotiations are now set for Geneva this Thursday, with a positive push to go the extra mile towards finalizing the deal,” the minister said on social media platform X.
Meanwhile, Iran’s Foreign Minister Seyed Abbas Araghchi has said he will probably meet U.S. president’s special envoy Steve Witkoff in Geneva on Thursday to discuss the draft proposal of a possible nuclear deal to be prepared by Tehran.
He made the remarks in an interview with the CBS News, which was broadcast on Sunday.
Araghchi said if the United States seeks to find a solution to Iran’s “peaceful” nuclear program, diplomacy is the sole way, adding Iran has proved that in the past, “and I believe there is still a good chance to have a diplomatic solution, which is based on a win-win game.”
He added a solution is within the two sides’ reach, and there is no need for any military buildup as it can neither help the process nor pressurize Iran. xhtxs.cn/baqs
Photo 1: Omani Foreign Minister Sayyid Badr bin Hamad bin Hamood Albusaidi (R) meets with Iranian Foreign Minister Seyed Abbas Araghchi (C) in Muscat, Oman, Feb. 6, 2026.(Xinhua)
Photo 2: Iranian Foreign Minister Seyed Abbas Araghchi addresses a UN disarmament conference in Geneva, Switzerland, Feb. 17, 2026. (Xinhua/Shi Song)
Photo 3: Iranian President Masoud Pezeshkian delivers a speech at the celebrations to mark the 47th anniversary of the 1979 Islamic Revolution in Tehran, Iran, Feb. 11, 2026.(Xinhua/Shadati)
