Europe
ရုရှားနိုင်ငံက အက်စ်တိုးနီးယားနိုင်ငံကို ခြိမ်းခြောက်မှုမရှိကြောင်း ကရင်မလင်နန်းတော် ထုတ်ပြန်
မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် အက်စ်တိုးနီးယားနိုင်ငံ သို့မဟုတ် အခြားဥရောပနိုင်ငံများအား ခြိမ်းခြောက်မှုမပြုသော်လည်း ၎င်း၏ကိုယ်ပိုင်အမျိုးသားလုံခြုံရေး သေချာစေရန် လိုအပ်သည့်အဆင့်များကို အမြဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဖေဖော်ဝါရီ ၂၂ ရက်၌ ထုတ်ပြန်ခဲ့သည်။
“အက်စ်တိုးနီးယားနိုင်ငံက ကျွန်တော်တို့နဲ့ အရမ်းနီးကပ်ပြီး ကျွန်တော်တို့က အခြားဥရောပနိုင်ငံတွေလိုပဲ အက်စ်တိုးနီးယားနိုင်ငံကိုလည်း မခြိမ်းခြောက်ပါဘူး” ဟု Peskov က ပြောကြားခဲ့သည်။ “ဒါပေမဲ့ အက်စ်တိုးနီးယားနယ်မြေမှာ ကျွန်တော်တို့ကို ချိန်ရွယ်တဲ့ နျူကလီးယားလက်နက်တွေ ရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေကို အက်စ်တိုးနီးယားနယ်မြေဆီ ချိန်ရွယ်မှာပါ” ဟု ၎င်းက ဆိုသည်။
ရုရှားနိုင်ငံအနေဖြင့် “၎င်း၏ကိုယ်ပိုင်လုံခြုံရေးကို သေချာစေရန်အတွက် အထူးသဖြင့် နျူကလီးယားတားဆီးရေးပြဿနာများနှင့်ပတ်သက်လာလျှင် အမြဲတမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း” Peskov က ဖြည့်စွက်ပြောကြားခဲ့သည်။
အက်စ်တိုးနီးယားနိုင်ငံအနေဖြင့် ၎င်း၏နယ်မြေပိုင်နက်တွင် နျူကလီးယားလက်နက်များ ချထားခြင်းကို ပယ်ချခြင်းမရှိကြောင်း အက်စ်တိုးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Margus Tsahkna က မကြာသေးမီက ပြောကြားခဲ့ပြီးနောက် Peskov က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Russia poses no threat to Estonia: Kremlin
MOSCOW, Feb. 22 (Xinhua) — Russia does not pose a threat to Estonia or any other European nations, but it will always take the necessary steps to ensure its own national security, Kremlin spokesperson Dmitry Peskov said Sunday.
“Estonia is very close to us, and we don’t threaten Estonia, just like any other European country,” said Peskov. “However, if there are nuclear weapons on Estonian territory aimed at us, our nuclear weapons will be aimed at Estonian territory.”
Peskov further noted that Russia “will always do what it must to ensure its own security, especially when it comes to nuclear deterrence issues.”
Peskov’s remarks followed recent comments by Estonian Foreign Minister Margus Tsahkna, who said that Estonia does not rule out the deployment of nuclear weapons on its territory. ■
English Caption
People waving Estonian flags greet the arrival of the festival flame of the Estonian National Song and Dance Celebration in Narva, Estonia, June 29, 2025. (Photo by Sergei Stepanov/Xinhua)
