Connect with us

International Organizations

အာဆင်နယ်က တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူကာ ပရီးမီးယားလိဂ်တွင် ငါးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမှ မစ်ကယ် မယ်ရီနို ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၂ ရက်က အာဆင်နယ်အသင်းနှင့် တော့တင်ဟမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မြောက်လန်ဒန် ဒါဘီပွဲစဉ်၌ အာဆင်နယ်က ခြေစွမ်းအသာစီးဖြင့်ကစားကာ အဝေးကွင်းတွင် ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယားထိပ်ဆုံး၌ ငါးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်လျက်ရှိသည်။
ပွဲကစားချိန် ၃၂ မိနစ်တွင် အီဘာရီချီ အီဇီက အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း နှစ်မိနစ်အကြာတွင် တော့တင်ဟမ်အသင်းမှ ရန်ဒါလ် ကိုလို မူအာနီက ပြန်လည်ချေပခဲ့သဖြင့် ပထမပိုင်းတွင် တစ်ဂိုးစီသရေကျနေခဲ့သည်။
ပွဲချိန် ၄၇ မိနစ်တွင် ဗစ်တာ ယော်ကယ်ရက်စ်က အပြင်းကန်သွင်း၍ ဦးဆောင်ဂိုး ပြန်လည်သွင်းယူခဲ့သလို အီဇီက ထပ်မံဂိုးသွင်းယူနိုင်ခဲ့ပြီး ယော်ကယ်ရက်စ်ကလည်း နာကျင်အချိန်ပိုတွင် ဒုတိယဂိုးသွင်းယူခဲ့သဖြင့် အာဆင်နယ်က ၄-၁ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ အာဆင်နယ်အနေဖြင့် ယခုရာသီ၌ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် တော့တင်ဟမ်ကို အနိုင်ရရှိခဲ့ခြင်းလည်းဖြစ်သည်။
အခြားပွဲစဉ်တွင် လီဗာပူးလ်က နော်တင်ဟမ်ဖောရက်စ်ကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အလက်ဆစ် မက်အယ်လစ္စတာက ၉၇ မိနစ်တွင် အနိုင်ဂိုးသွင်းယူကာ ဖောရက်စ်အား အိမ်ကွင်းစီးတီးဂရောင်း၌ ပရီးမီးယားလိဂ်ပွဲဦးထွက် ကိုင်တွယ်ခဲ့သည့် နည်းပြ ဗစ်တာ ပါရဲရားကို ရှုံးပွဲတွေ့စေခဲ့သည်။
အစောပိုင်းတွင် မက်အယ်လစ္စတာ၏ သွင်းဂိုးတစ်ဂိုးမှာ လက်ထိဘောအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း လီဗာပူးလ်အသင်းက အနိုင်ရလဒ်ကို မဖြစ်မနေရယူနိုင်ခဲ့ပြီး ဖောရက်စ်မှာမူ တန်းဆင်းရနိုင်သည့် အန္တရာယ်နှင့် ပိုမိုနီးကပ်လာခဲ့သည်။
ခရစ္စတယ်ပဲလေ့စ်က ဝူလ်ဗာဟမ်တန်ကို နောက်ကျအနိုင်ဂိုးနှင့်အတူ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် နည်းပြ အိုလီဗာ ဂလက်စ်နာအဖို့ အသက်ရှူချောင်သွားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်၌ ပွဲချိန် မိနစ် ၆၀ ခန့်တွင် လာဒီစလက်ဗ် ကရက်ဂျ်စီ ထုတ်ပယ်ခံရသဖြင့် ဧည့်သည် ဝုဖ်အသင်းမှာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။
၂၀၂၆ ခုနှစ်အတွင်း ပုံစံ‌ကောင်းပျောက်ဆုံးနေသည့် ပဲလေ့စ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၉၀ တွင် တိုင်ရစ်ခ် မစ်ချယ်လ်၏ ဖန်တီးပေးမှုကို အီဗန် ဂက်စ်ဆန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။
ဖူလ်ဟမ်အသင်းက ဆန်းဒါးလန်းအသင်းကို အဝေးကွင်း၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရာအူးလ် ဂျီမီနက်ဇ်က နှစ်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၇၆ မိနစ်တွင် အန်ဇို လီဖီးက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သဖြင့် ဆန်းဒါးလန်းအတွက် မျှော်လင့်ချက်ရှိလာသော်လည်း အဲလက်စ် အီဝိုဘီက ဖူလ်ဟမ်အတွက် အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။
ဖေဖော်ဝါရီ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မန်ချက်စတာစီးတီးနှင့် နယူးကာဆယ်အသင်း၏ ပွဲစဉ်၌ မန်ချက်စတာစီးတီးက အိမ်ကွင်း၌ ခက်ခက်ခဲခဲကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် အာဆင်နယ်အား နှစ်မှတ်အကွာမှ ဆက်လက်ဖိအားပေးနိုင်ခဲ့ကာ နစ်ကို အိုရိုင်လီက စီးတီးအတွက် နှစ်ဂိုးသွင်းယူခဲ့ပြီး လူးဝစ်စ် ဟောလ်က ဧည့်သည်အသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။
အက်စတွန်ဗီလာက အိမ်ကွင်း၌ လိဒ်စ်ယူနိုက်တက်နှင့် တစ်ဂိုးစီသရေကျခဲ့ပြီး အန်တန် စတက်ချ်က လှပသေသပ်သည့် ဖရီးကစ်သွင်းဂိုးဖြင့် ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ ပုံမှန်ပွဲကစားချိန် နောက်ဆုံးမိနစ်တွင် တမ်မီ အေဘရာဟမ်က ချေပဂိုးသွင်းယူခဲ့သည်။
ချဲလ်ဆီးအသင်းက အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်တွင် ဘန်လေအသင်း၏ နောက်ကျဂိုးကို ခွင့်ပြုခဲ့ရပြီး ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ကာ ပွဲချိန်အစောပိုင်းတွင် ဂျာအို ပက်ဒရိုက အဖွင့်ဂိုးသွင်းယူခဲ့သော်လည်း ၉၃ မိနစ်တွင် ဇီယန် ဖလမ်းမင်းက ခေါင်းတိုက်၍ ပြန်လည်ချေပခဲ့သည်။ အဆိုပါပွဲစဉ်၌ နောက်ခံလူ ဝက်စလေ ဖိုဖာနာ ပွဲချိန် ၇၂ မိနစ်တွင် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ချဲလ်ဆီးအနေဖြင့် လက်ကျန်ပွဲချိန် ၁၈ မိနစ်အား ကစားသမား ၁၀ ဦးတည်းဖြင့် ကစားခဲ့ရသည်။
ဘရိုက်တန်က ဘရန့်ဖို့ဒ်ကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ယူကာ အရေးတကြီးလိုအပ်နေသည့် နိုင်ပွဲတစ်ပွဲကို ရှာဖွေနိုင်ခဲ့ပြီး ဒီယေဂို ဂိုးမက်ဇ်နှင့် ဒန်နီ ဝဲလ်ဘက်ခ်တို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ထိုပွဲစဉ်၌ ဘရိုက်တန်အသင်းမှ ဂျိမ်းစ် မီလ်နာမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၄ ပွဲ ပြည့်ခဲ့ပြီး သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့သည်။
လန်ဒန်စတေဒီယမ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဝက်စ်ဟမ်းအသင်းနှင့် ဘုန်းမောက်အသင်း၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ရမှတ်တစ်မှတ်စီသာ ရရှိခဲ့ပြီး ဝက်စ်ဟမ်းမှာ အမှတ်ပေးဇယား အောက်ဆုံးသုံးသင်းထဲမှ ရုန်းထွက်နိုင်ခြင်းမရှိသေးပေ။ (Xinhua)

အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က အင်တာမီလန်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဘောလုံးပွဲစဉ်၌ အာဆင်နယ်အသင်းမှ ဗစ်တာ ယော်ကယ်ရက်စ် (ယာ) ဂိုးသွင်းပြီးနောက် အသင်းဖော် ဘူကာယို ဆာကာနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က အာဆင်နယ်နှင့် ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်၌ အာဆင်နယ်အသင်းနည်းပြချုပ် မစ်ကယ် အာတေတာ အမူအရာဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

…………………
(English Version)
Arsenal thrashes Tottenham to keep five-point Premier League lead
LONDON, Feb. 23 (Xinhua) — Arsenal produced a dominant display on Sunday to retain its five-point lead at the top of the Premier League and ease talk of late-season nerves with a 4-1 win away to Tottenham in the north London derby.
The first half ended 1-1 after Eberechi Eze put Arsenal ahead in the 32nd minute, only for Randal Kolo Muani to equalize two minutes later, but Mikel Arteta’s side took control after the break.
Viktor Gyokeres restored Arsenal’s lead in the 47th minute with a powerful finish, before Eze struck again and Gyokeres added his second in stoppage time to complete a 4-1 win. Arsenal has now beaten Tottenham 4-1 in both league meetings this season.
Alexis Mac Allister scored in the 97th minute as Liverpool won 1-0 away to Nottingham Forest to spoil Victor Pereira’s Premier League debut at the City Ground.
Mac Allister had seen a goal ruled out for handball moments earlier, but was on hand to squeeze home the winner, deepening Forest’s relegation worries.
Crystal Palace coach Oliver Glasner will breathe easier after his side scored a late winner to beat Wolverhampton Wanderers 1-0, after the visitors were reduced to 10 men when Ladislav Krejci was sent off on the hour.
Evann Guessand struck in the 90th minute after an assist from Tyrick Mitchell to lift pressure on Glasner following Palace’s poor form in 2026.
Raul Jimenez scored twice as Fulham won 3-1 away to Sunderland, with Alex Iwobi sealing the points after Enzo Le Fee had given Sunderland hope with a 76th-minute penalty.
On Saturday, two goals from Nico O’Reilly left Manchester City two points behind Arsenal after a hard-fought 2-1 home win over Newcastle United, with Lewis Hall scoring for the visitors.
Aston Villa was held 1-1 at home by Leeds United after Anton Stach put the visitors ahead with an excellent free kick and Tammy Abraham equalized in the final minute.
Chelsea dropped points late as Burnley salvaged a 1-1 draw at Stamford Bridge, with Zian Flemming’s 93rd-minute header cancelling out Joao Pedro’s early opener. Chelsea played the final 18 minutes with 10 men after Wesley Fofana was sent off in the 72nd minute.
James Milner made his record of the 654th Premier League appearance as Brighton claimed a much-needed 2-0 win away to Brentford with first-half goals from Diego Gomez and Danny Welbeck.
West Ham and Bournemouth drew 0-0 at the London Stadium, leaving West Ham still in the bottom three.
English Caption 1
Mikel Merino of Arsenal celebrates scoring with teammates during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025. (Xinhua)
English Caption 2
Arsenal’s Viktor Gyokeres (R) celebrates his goal with teammate Bukayo Saka during the UEFA Champions League match between Inter Milan and Arsenal in Milan, Italy, Jan. 20, 2026. (Photo by Alberto Lingria/Xinhua)
English Caption 3
Arsenal’s head coach Mikel Arteta gestures during the English Premier League match between Arsenal FC and Chelsea FC in London, Britain, on Nov. 30, 2025.. (Xinhua)