International Organizations
ရုန်းကန်နေရသည့် မာယော့ကာအသင်းက နည်းပြ အာရာဆာတေကို ရာထူးမှထုတ်ပယ်
မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တန်းဆင်းဇုန်ထဲတွင် ရုန်းကန်နေရသည့် စပိန်လာလီဂါကလပ် မာယော့ကာအသင်းက ဆယ်လ်တာဗီဂိုအား ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး တစ်ရက်အကြာ ဖေဖော်ဝါရီ ၂၃ ရက်တွင် နည်းပြ ဟာဂိုဘာ အာရာဆာတေကို ရာထူးမှထုတ်ပယ်ခဲ့သည်။
မာယော့ကာအသင်းမှာ ၂၅ ပွဲ ကစားပြီးချိန်တွင် ၂၄ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားတွင် အဆင့်-၁၈ ၌ ရပ်တည်လျက်ရှိသည်။ အိုဆာဆူနာ နည်းပြဟောင်း အာရာဆာတေမှာ မာယော့ကာကို ဒုတိယမြောက်ရာသီအဖြစ် ကိုင်တွယ်နေခြင်းဖြစ်ကာ ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်းနှင့် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။
“မာယော့ကာအသင်းဟာ ဟာဂိုဘာ အာရာဆာတေကို ပထမအသင်း နည်းပြအဖြစ်ကနေ ဖယ်ရှားလိုက်ပါပြီ” ဟု အသင်းဘက်က တရားဝင်ကြေညာခဲ့ကာ အသင်း၏ စွမ်းဆောင်ရည်အပေါ် ဆန်းစစ်အကဲဖြတ်ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ လက်ရှိကြုံတွေ့နေရသည့် အခြေအနေလားရာကို ပြောင်းပြန်လှန်၍ ယခုရာသီ၌ ကျန်ရှိနေသည့် စိန်ခေါ်မှုများကို တတ်နိုင်သမျှ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ကာ အောင်မြင်မှုရယူနိုင်ရန် ရည်မှန်းလျက် စာမျက်နှာသစ် စတင်ဖွင့်လှစ်လိုသည့် အသင်း၏ ဆန္ဒကို ထင်ဟပ်စေသည်ဟုလည်း ပြောကြားခဲ့သည်။
အာရာဆာတေမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၌ အိုဆာဆူနာအသင်းကို ကိုင်တွယ်ခဲ့စဉ်က ၃၈ ပွဲ၌ ၄၈ မှတ် ရရှိကာ လာလီဂါတွင် အဆင့်-၁၀ ၌ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နွေရာသီတွင် မာယော့ကာအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ယခုရာသီမှာ မာယော့ကာအသင်းအတွက် ပိုမိုခက်ခဲခဲ့ပြီး နိုင်ပွဲ ၆ ပွဲသာ ရှိခဲ့ကာ ၁၃ ပွဲ ရှုံးနိမ့်ထားသည်။ ထို့ပြင် မာယော့ကာအနေဖြင့် အသင်း၏ လိဂ်သွင်းဂိုး ၂၉ ဂိုးအနက် ၁၆ ဂိုး သွင်းယူထားသည့် တိုက်စစ်မှူး ဗီဒက် မူရီကီအပေါ် အလွန်အမင်းမှီခိုနေရသည်။
ထို့အတူ နည်းပြ အာရာဆာတေမှာ အသင်းခေါင်းဆောင်ဟောင်း ဒါနီ ရော့ဒရီဂက်ဇ်နှင့်လည်း လူသိရှင်ကြား ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး ရော့ဒရီဂက်ဇ်မှာ ဒုတိယတန်းကလပ် လီဂါနက်စ်သို့ ပြောင်းရွှေ့သွားခဲ့သည်။
ဖေဖော်ဝါရီ ၂၂ ရက်က ဆယ်လ်တာဗီဂိုအား ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှာ ယခုရာသီ၌ မာယော့ကာ၏ အဆိုးရွားဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး ဧည့်သည် မာယော့ကာအသင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိခဲ့ဘဲ ဆယ်လ်တာတိုက်စစ်မှူး အီယာဂို အက်စ်ပက်စ်၏ နောက်ကျဂိုးနှစ်ဂိုးကိုပါ ခွင့်ပြုခဲ့ရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ မာယော့ကာအသင်းမှ ဗီဒက် မူရီကီ (ကျောနံပါတ် ၇) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၀ ရက်က ရီးရဲလ်မက်ဒရစ်နှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ မာယော့ကာအသင်းမှ ယိုဟန် မိုဂျီကာ (အလယ်) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ ဘရာဟင် ဒီယက်ဇ် (ဝဲ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
…………………..
(English Version)
Struggling Mallorca sacks coach Arrasate
MADRID, Feb. 23 (Xinhua) — La Liga struggler Mallorca sacked coach Jagoba Arrasate on Monday, a day after a 2-0 defeat at Celta Vigo left the club in the relegation zone.
Mallorca sit third from bottom with 24 points from 25 matches. Arrasate, the former Osasuna coach, was in his second season in charge and had a contract running until the end of June 2027.
“RCD Mallorca has ended Jagoba Arrasate’s tenure as first-team coach,” the club announced, adding that “the decision, made after an analysis of the team’s performance, reflects the club’s desire to begin a new chapter with the aim of reversing the current trend and facing the remaining challenges of the season with the best possible chance of success.”
Arrasate joined Mallorca in the summer of 2024 after leaving Osasuna and guided the club to 10th place last season with 48 points from 38 games.
This season has proved more difficult, with Mallorca managing six wins and suffering 13 defeats. The team has also relied heavily on striker Vedat Muriqi, who has scored 16 of the club’s 29 league goals.
Arrasate also had a public falling-out with former captain Dani Rodriguez, who has since joined second-division Leganes.
Sunday’s loss was among Mallorca’s poorest performances of the campaign, with the visitors failing to register a shot on target before conceding two late goals to Celta striker Iago Aspas.
English Caption 1
Fermin Lopez (2nd R) of Barcelona vies with Omar Mascarell (2nd L) of Mallorca during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
Vedat Muriqi (No.7) of RCD Mallorca celebrates his goal with teammates during the La Liga football match between Real Madrid and RCD Mallorca in Madrid, Spain, on Aug. 30, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Brahim Diaz (L) of Real Madrid vies with Johan Mojica (C) of RCD Mallorca during the La Liga football match between Real Madrid and RCD Mallorca in Madrid, Spain, on Aug. 30, 2025. (Photo by Gustavo Valiente/Xinhua)
