Australia / Oceania
အမေရိကန်၏ စည်းကြပ်ခွန်များကို ဖယ်ရှားပေးရန် သြစတြေးလျကုန်သွယ်ရေးဝန်ကြီး တိုက်တွန်းမည်
ကန်ဘာရာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
သြစတြေးလျကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမှုများနှင့် စပ်လျဉ်း၍ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းမည်ဟု သြစတြေးလျနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၆ ရက်၌ ပြောကြားခဲ့သည်။
တင်သွင်းကုန်အားလုံးအပေါ် ယာယီအခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု သမ္မတထရမ့်က ကြေညာထားသော်လည်း သြစတြေးလျကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမှုမှာ ၁၀ ရာခိုင်နှုန်းဖြင့်ပင် ရှိနေဦးမည်ဟု အမေရိကန်အာဏာပိုင်များက ၎င်းထံ အကြောင်းကြားထားကြောင်း ဩစတြေးလျနိုင်ငံ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဒွန်ဖာရယ်လ်က သြစတြေးလျနိုင်ငံ၏ Nine Network ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အမေရိကန်နိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေသော ဖာရယ်လ်က ရှေ့လာမည့် ရက်သတ္တပတ်များအတွင်း ၎င်း၏ ရည်မှန်းချက်မှာ သြစတြေးလျ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်ကောက်ခံမှုအားလုံးကို ဖယ်ရှားပေးရေးအတွက် ညှိနှိုင်းရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါဟာ ဘာအဓိပ္ပါယ်မှ မရှိဘဲ အမေရိကန်နိုင်ငံမှာ ဈေးနှုန်းတွေ မြင့်တက်စေရုံပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Australian trade minister pushing for removal of U.S. tariffs
CANBERRA, Feb. 26 (Xinhua) — Australia’s trade minister said on Thursday that he will negotiate with U.S. counterparts to have tariffs on Australian goods removed.
Don Farrell, minister for trade and tourism, told Australia’s Nine Network television that he has been informed by U.S. authorities that the tariff on Australian goods will remain at 10 percent despite an announcement from President Trump that a temporary duty of 15 percent would be imposed on all imports.
Farrell, who is in the United States on an official visit promoting tourism, trade and investment, said that his objective in the weeks ahead is to negotiate for the removal of all tariffs on Australian goods.
“It doesn’t make any sense and simply pushes up prices in the United States,” he said. ■
English Caption
Australian Trade Minister Don Farrell receives an interview with Xinhua at the Australian embassy in China in Beijing, capital of China, May 12, 2023. (Xinhua/Xu Haijing)
