International Organizations
ရီးရဲလ်မက်ဒရစ်က ဗင်နီစီယက်စ်၏ အနိုင်ဂိုးဖြင့် ဘင်ဖီကာကို အနိုင်ယူကျော်ဖြတ်ကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်
မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် play-off ဒုတိယအကျော့ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က ဘင်ဖီကာကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဗင်နီစီယက်စ် ဂျူနီယာက ပွဲကစားချိန် မိနစ် ၈၀ တွင် ယခုပွဲစဉ်၏ အဆုံးအဖြတ် အနိုင်ဂိုးသွင်းယူကာ ဆန်တီယာဂို ဘာနေဗျူးကွင်းကြီးထဲမှ စိုးရိမ်မှုများကို အဆုံးသတ်စေခဲ့ပြီး အဆိုပါပွဲစဉ် ပထမပိုင်းတွင် သရေရလဒ် ထွက်ပေါ်နေခဲ့ကာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်အနေဖြင့် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။
နည်းပြ ဟိုဆေး မော်ရင်ညို ပွဲပယ်ခံထားရသည့် ဘင်ဖီကာအသင်းက ပွဲစစချင်းမှာပင် အသည်းအသန် ဖိအားပေးကစားခဲ့ပြီး ရာဖာ ဒါဆေးလ်ဗား ညာခြမ်းတစ်လျှောက် ပါးပါးနပ်နပ် လှုပ်ရှားကာ အနီးကပ်ကန်သွင်းခဲ့သဖြင့် ဘင်ဖီကာအသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ်မှာ ၁ ဂိုးစီ ဖြစ်သွားခဲ့သည်။ သို့သော် ရီးရဲလ်အသင်းက ချက်ချင်းဆိုသလို တုံ့ပြန်နိုင်ခဲ့ကာ ဖက်ဒရီကို ဗယ်လ်ဗာဒီ၏ ဖန်တီးပေးမှုကို အော်ရယ်လီယန် ချူအာမီနီက ဝေ့ဝိုက်ကန်သွင်း၍ ချေပဂိုးရယူပေးခဲ့သည်။
ထို့နောက် ပွဲမှာ ရလဒ်ပြတ်ပြတ်သားသား ထွက်ပေါ်ခြင်းမရှိသေးဘဲ ပထမပိုင်း ပွဲကစားချိန် အလယ်လောက်တွင် အာဒါ ဂူလာ သွင်းဂိုးတစ်ဂိုး ရရှိခဲ့သော်လည်း လူကျွံနေသည့်အတွက် ပယ်ဖျက်ခံခဲ့ရသည်။ ဒုတိယပိုင်းတွင် ရီးရဲလ်အသင်းက ကစားအားမြှင့်ခဲ့သော်လည်း သာမန် ဘောလုံးပေးပို့မှုများသည်ပင် လွဲချော်နေခဲ့သဖြင့် ထိရောက်မှုနည်းပါးခဲ့ပြီး အိမ်ရှင်ပရိသတ်များမှာ ပို၍ပင် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
ရီးရဲလ်အသင်းဘက်တွင် ဒူးဒဏ်ရာရရှိထားသည့် ကီလီယန် အမ်ဘာပေ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ထို့အတူ ဘင်ဖီကာအသင်းဘက်တွင်လည်း လွန်ခဲ့သည့်သီတင်းပတ်က ပထမအကျော့ပွဲစဉ်၌ ဗင်နီစီယက်စ်အား လူမျိုးရေးခွဲခြားခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယာယီ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် တိုက်စစ်ကစားသမား ဂျန်လူကာ ပရက်စတီယန်နီ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန် ၇၇ မိနစ်တွင် အပြင်းအထန် ထိခိုက်မိခဲ့သည့် ရာအူးလ် အဆန်စီယိုအား လူစားလဲခဲ့ရခြင်းက ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာအခြေအနေတစ်ခု ဖြစ်ခဲ့သည်။ ဘင်ဖီကာအသင်း ဂိုးရရှိရန် တိုက်စစ်ဆင်ဖိကစားနေစဉ် ဗယ်လ်ဗာဒီ ဘယ်ခြမ်းအတွင်းဘက်သို့ ဘောလုံးခင်းပေးခဲ့ရာ ဗင်နီစီယက်စ်က ဘင်ဖီကာဂိုးသမား အနာတိုလီ ထရူဘင်ကိုကျော်၍ အနေတော်ကန်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့သဖြင့် ရီးရဲလ်အသင်း နောက်တစ်ဆင့်တက်နိုင်ခဲ့သည်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ၁၆ သင်းအဆင့်တွင် မန်ချက်စတာစီးတီး သို့မဟုတ် စပို့တင်းလစ္စဘွန်းအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Vinicius scores winner as Real Madrid reaches Champions League last 16
MADRID, Feb. 25 (Xinhua) — Real Madrid advanced to the Champions League last 16 on Wednesday with a 2-1 home win over Benfica, sealing a 3-1 aggregate victory.
Vinicius Jr. scored the decisive goal in the 80th minute to settle an anxious night at the Santiago Bernabeu, where the tie was level on the evening and the hosts struggled for long spells.
Benfica, missing suspended coach Jose Mourinho, began with urgency and drew level on aggregate when Rafa Silva finished from close range after a sharp move down the right. Real responded almost immediately as Federico Valverde pulled the ball back for Aurelien Tchouameni, who curled in the equalizer.
The game remained open. Arda Guler had a goal ruled out for offside midway through the first half, and the second period was played at a high tempo but with little precision as Madrid mislaid simple passes and the crowd grew restless.
Real was without Kylian Mbappe because of a knee injury. Benfica also missed forward Gianluca Prestianni, who was provisionally suspended following an alleged racist insult aimed at Vinicius in last week’s first leg.
Madrid suffered a scare in the 77th minute when Raul Asencio was carried off after a heavy fall. As Benfica pushed forward in search of a goal, Valverde released Vinicius down the inside-left channel, and the Brazilian angled his finish past goalkeeper Anatoliy Trubin to secure qualification.
Real Madrid will face either Manchester City or Sporting CP in the round of 16.
English Caption 1
Real Madrid’s Vinicius Junior (R) celebrates his goal with head coach Alvaro Arbeloa during the UEFA Champions League match between Real Madrid and AS Monaco, Madrid, Spain, Jan. 20, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 2
Players of Real Madrid celebrate a goal during the UEFA Champions League football match between Real Madrid and Juventus, at Santiago Bernabeu Stadium, Madrid, Spain, on Oct. 22, 2025. (Photo by Gustavo Valiente/Xinhua)
