International Organizations
ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင် တံကောက်ကြောဒဏ်ရာကြောင့် ဧပြီလလယ်အထိ အနားယူရမည်
မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
နယ်သာလန်ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့သည့်အတွက် ဧပြီလလယ်အထိ ပါဝင်ကစားနိုင်တော့မည် မဟုတ်ကြောင်း ဘာစီလိုနာအသင်းက ဖေဖော်ဝါရီ ၂၆ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
“ဖရန်ကီ ဒီဂျောင်ဟာ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက လေ့ကျင့်ခန်းဆင်းနေရင်း ညာဘက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာပါ။ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ သီတင်းပတ် ငါးပတ်ကနေ ခြောက်ပတ်အထိ အချိန်ယူရနိုင်တယ်လို့ ဆေးစစ်ချက်ရလဒ်တွေက အတည်ပြုထားပါတယ်” ဟု ဘာစီလိုနာအသင်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဘာစီလိုနာအသင်းမှာ ပွဲဆက်များသည့်ကာလနှင့် စတင်ရင်ဆိုင်နေရချိန်တွင် ဒီဂျောင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအနေဖြင့် လာလီဂါပွဲစဉ်အဖြစ် အဆင့်-၃ နေရာမှ ဗီလာရီးရဲလ်အသင်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သလို မတ် ၃ ရက်တွင်လည်း စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပထမအကျော့၌ အက်သလက်တီကို မက်ဒရစ်ကို ၄ ဂိုးပြတ် အရေးနိမ့်ထားသည့် ရလဒ်ကို ပြန်လည်ချေဖျက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
ဒီဂျောင်မှာ ဘာစီလိုနာအသင်း၏ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်သလို ဘာစီလိုနာအသင်း ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့လျှင်လည်း ပါဝင်ကစားနိုင်ရန် သေချာခြင်းမရှိပေ။
အဆိုပါ ကွင်းလယ်လူမှာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၃၁ ပွဲ ကစားထားပြီး ၁ ဂိုးသွင်းယူထားသည်။ လွန်ခဲ့သော သီတင်းပတ်ကုန်က လီဗန်တေးအသင်းကို အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာမှပြန်လည်ကောင်းမွန်လာသည့် စပိန်ကွင်းလယ်လူ ပက်ဒရီ ပြန်လည်ကစားနိုင်ချိန်တွင် ၎င်း ဒဏ်ရာရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထိုပွဲစဉ်၌ ဒီဂျောင်က ဒုတိယဂိုးသွင်းယူခဲ့သည်။
ဒီဂျောင် ဒဏ်ရာရရှိနေသည့်အတွက် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း ခြေစွမ်းပြကစားနေသည့် မက်ဘနားလ်မှာ ပုံမှန်ပွဲထွက်ခွင့် ဆက်လက်ရရှိနိုင်ဖွယ်ရှိသည်။ (Xinhua)

စပိန်နိုင်ငံ အယ်လ်ချီမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က အယ်လ်ချီအသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ဖရန်ကီ ဒီဂျောင် (ဝဲ) နှင့် အယ်လ်ချီအသင်းမှ ဒေးဗစ် အက်ဖန်ဂရူဘာတို့ ယှဉ်ပြိုင်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဘာစီလိုနာအသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ မက်ဘနားလ် (ယာ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………….
(English Version)
Barcelona’s De Jong out until mid-April with hamstring injury
MADRID, Feb. 26 (Xinhua) — FC Barcelona will be without Dutch midfielder Frenkie de Jong until mid-April after the club said Thursday he sustained a muscle injury.
“Frenkie de Jong has injured his right hamstring during training this morning. Tests confirm that the recovery process will take between five and six weeks,” the club said on its website.
The injury comes at the start of a demanding run for Barcelona. The team hosts third-place Villarreal in La Liga on Saturday before trying to overturn a 4-0 first-leg loss to Atletico Madrid in the second leg of its Copa del Rey semifinal on March 3.
De Jong will also miss the Champions League round of 16 and could be a doubt for the quarterfinals if Barcelona advances.
The midfielder has made 31 appearances for Barcelona this season, scoring once. His absence comes just as Spain midfielder Pedri returned from injury in last weekend’s 3-0 home win over Levante, a match in which De Jong scored the second goal.
De Jong’s injury could allow Marc Bernal, who has impressed in recent weeks, to continue starting regularly.
English Caption 1
Frenkie de Jong (L) of Barcelona vies with Capi of Albacete during the Copa del Rey quarterfinal match between Albacete and Barcelona in Albacete, Spain, Feb. 3, 2026. (Str/Xinhua)
English Caption 2
Frenkie de Jong (L) of Barcelona vies for the ball with David Affengruber of Elche during the La Liga football match between Elche and Barcelona in Elche, Spain, Jan. 31, 2026. (Stringer/Xinhua)
English Caption 3
Marc Bernal (R) of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
