Connect with us

International Organizations

စပိန်ဒုတိယတန်းကလပ် အယ်လ်မီရီယာအသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ခရစ္စတီယာနို ရော်နယ်ဒို ဝယ်ယူ

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က အယ်လ်-နာဆာအသင်းနှင့် အယ်လ်-အာလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဆော်ဒီစူပါဖလား ဗိုလ်လုပွဲတွင် ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် အယ်လ်နာဆာအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒိုအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
နာမည်ကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုမှာ စပိန်ဒုတိယတန်းကလပ် ယူနီယံ ဒီပေါ်တီဗာ အယ်လ်မီရီယာအသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့သဖြင့် စပိန် အရှေ့တောင်ပိုင်း ကလပ်အသင်းအား တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သူ ဖြစ်လာခဲ့ကြောင်း အယ်လ်မီရီယာအသင်းက ဖေဖော်ဝါရီ ၂၆ ရက်၌ ကြေညာခဲ့သည်။
“ခရစ္စတီယာနို ရော်နယ်ဒိုဟာ အယ်လ်မီရီယာအသင်းရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို CR7 S.A ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ CR7 Sports Investments ကနေ ဝယ်ယူခဲ့ပြီး ဒါဟာ ကလပ်အသင်းရဲ့ နိုင်ငံတကာ ချဲ့ထွင်မှုအတွက်ရော ပေါ်တူဂီ ဘောလုံးအကျော်အမော်ရဲ့ တိုးမြှင့်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက်ပါ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ” ဟု အယ်လ်မီရီယာအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့ကာ ယင်းအစီအစဉ်မှာ အသင်းဥက္ကဋ္ဌ မိုဟာမက် အယ်လ် ခါရီဂျီ ဦးဆောင်ပြီး SMC Group ကတစ်ဆင့် လုပ်ဆောင်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတစ်ရပ် ဖြစ်သည်ဟုလည်း ‌ကြေညာချက်၌ ဖော်ပြထားသည်။
မိုဟာမက် အယ်လ် ခါရီဂျီက ခရစ္စတီယာနိုအနေဖြင့် မိမိတို့ကလပ်အသင်း၌ ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခဲ့သည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ ၎င်းမှာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသလို စပိန်ဘောလုံးလောက အကြောင်းကိုလည်း ထဲထဲဝင်ဝင် သိရှိထားပြီး ပထမအသင်းကြီး၌သာမက လူငယ်အကယ်ဒမီအဆင့်၌လည်း မိမိတို့အသင်း အရှိန်ယူတည်ဆောက်နေသည့် အလားအလာကို နားလည်သိရှိထားသူဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အသင်း၏ ကြေညာချက်၌ ထည့်သွင်းဖော်ပြခဲ့သည်။
ထို့အတူ ရော်နယ်ဒိုကလည်း မိမိ၏ ကာလရှည်မျှော်မှန်းချက်မှာ ဘောလုံးကွင်းပြင်ပကို ကျော်လွန်၍ ဘောလုံးအားကစားအတွက် အကျိုးပြုနိုင်ရန်ဖြစ်ကြောင်း၊ အယ်လ်မီရီယာအသင်းမှာ ခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး မြင်သာထင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာလည်းရှိကြောင်း၊ မိမိအနေဖြင့် အသင်းအား နောက်တစ်ဆင့်သို့ မြှင့်တင်ရာတွင် ပံ့ပိုးပေး‌ရေးအတွက် အသင်း၏ ထိပ်တန်းတာဝန်ရှိသူများနှင့် လက်တွဲအလုပ်လုပ်ရန် ရင်ခုန်စွာ စောင့်မျှော်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အယ်လ်မီရီယာအသင်းမှာ စပိန်ဒုတိယတန်းတွင် အဆင့်-၃ ၌ ရပ်တည်နေကာ ၂၇ ပွဲ ကစားထားရာတွင် ၄၈ မှတ် ရရှိထားပြီး အမှတ်ပေးဇယား ဦးဆောင်သူ ရေးဆင်း ဆန်တန်ဒါနှင့် နှစ်မှတ်အကွာတွင် ရပ်တည်နေသည်။ စပိန်ဒုတိယတန်းတွင် ထိပ်ဆုံးနှစ်သင်းမှာ လာလီဂါသို့ အလိုအလျောက် တန်းတက်ခွင့်ရရှိမည်ဖြစ်ပြီး အဆင့် ၃ မှ အဆင့် ၆ အထိ အသင်းများမှာမူ လက်ကျန်နေရာအတွက် play-off ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်၌ ပေါ်တူဂီအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒိုအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်ဒေသတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က အယ်လ်-နာဆာအသင်းနှင့် အယ်လ်-အာလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဆော်ဒီစူပါဖလား ဗိုလ်လုပွဲတွင် အယ်လ်နာဆာအသင်းမှ ခရစ္စတီယာနို ရော်နယ်ဒို (အပေါ်) အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
Cristiano Ronaldo acquires 25 percent share in Spanish second division club Almeria
MADRID, Feb. 26 (Xinhua) — Spanish second division club Union Deportiva Almeria announced on Thursday that Cristiano Ronaldo bought a 25 percent share to become a part-owner of the club from the south-east corner of Spain.
“Cristiano Ronaldo has acquired a 25% stake in UD Almeria through CR7 Sports Investments, a subsidiary of CR7 S.A., marking a major step in both the Club’s international expansion and the Portuguese icon’s growing investment portfolio,” announced the club on its official website, adding the move “forms part of the global strategy led by (Almeria) president Mohamed Al Khereiji via SMC Group.”
The club also included declarations from Mohamed Al Khereiji, who said “we’re very pleased that Cristiano has chosen our Club to invest in… He is considered the greatest player in history, knows Spanish football extremely well and understands the potential we are building both in the first team and at Academy level,” he added.
Meanwhile, Ronaldo said that for a long time “my ambition has been to contribute to football beyond the pitch. UD Almeria have strong foundations and clear growth potential. I look forward to working with the leadership team to support the Club’s next phase.”
Almeria is currently third in the Spanish second division, with 48 points from 27 games, two behind league leader, Racing Santander in a division where the top two are automatically promoted to La Liga, with the sides placed third to sixth playing off for the remaining promotion spot.
English Caption 1
Cristiano Ronaldo of Al-Nassr celebrates during the Saudi Super Cup final football match between Al-Nassr and Al-Ahli in Hong Kong, China, Aug. 23, 2025. (Xinhua/Zhu Wei)
English Caption 2
Cristiano Ronaldo of Portugal reacts during the 2026 World Cup European Qualifiers football match between Hungary and Portugal in Budapest, Hungary on Sept. 9, 2025. (Photo by Attila Volgyi/Xinhua)
English Caption 3
Cristiano Ronaldo (top) of Al-Nassr celebrates during the Saudi Super Cup final football match between Al-Nassr and Al-Ahli in Hong Kong, China, Aug. 23, 2025. (Xinhua/Zhu Wei)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.