International Organizations
ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းတွင် မန်စီးတီး ခြေချော်ခဲ့ပြီး ဆိုလန်ကီက သွင်းဂိုးနှစ်ဂိုးဖြင့် စပါးစ်ကို ကယ်တင်
လန်ဒန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်ပွဲစဉ်-၂၄ အဖြစ် တော့တင်ဟမ်နှင့် မန်ချက်စတာစီးတီးအသင်းတို့ ဖေဖော်ဝါရီ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ တော့တင်ဟမ်က နှစ်ဂိုးရှုံးနိမ့်နေသော်လည်း ဒေါမနစ် ဆိုလန်ကီ၏ သွင်းဂိုးနှစ်ဂိုးကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သဖြင့် စီးတီးမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ခြောက်မှတ်ကွာဟသွားပြီ ဖြစ်သည်။
ပွဲချိန် ၁၁ မိနစ်တွင် အာလင် ဟာလန်း၏ ဖန်တီးပေးမှုကို ရာယန် ချာကီက အဆုံးသတ်၍ ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ရာ စီးတီးအနေဖြင့် အနိုင်ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်သွားခဲ့ပုံရသည်။ တော့တင်ဟမ်အနေဖြင့် ဂွါဒီယိုလာ၏အသင်းကို ထိန်းချုပ်ရန် ရုန်းကန်နေရစဉ် ကစားသမားသစ် အန်တိုနီ ဆီမန်ညိုက ပထမပိုင်းပြီးခါနီးတွင် စီးတီးအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့သည်။
မန်စီးတီး ကစားကွက်ဖော်ဆောင်နေစဉ် မာ့ခ်ဂူဟီ ပြစ်ဒဏ်ကျူးလွန်ခံရမှုအတွက် ကစားသမားများက ပြစ်ဒဏ်ဘောတောင်းခံခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဒုတိယပိုင်းပြန်စပြီး ၈ မိနစ်အကြာတွင် ဆိုလန်ကီက ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် ကော်နာ ဂယ်လက်ဂါ၏ ပေးပို့မှုကို ဆိုလန်ကီကပင် ပြေးဝင်ပိတ်သွင်းခဲ့သဖြင့် ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ရာ အဆိုပါသွင်းဂိုးမှာ တော့တင်ဟမ်ပရိသတ်များကိုသာမက မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်အတွက်ပါ ကျေနပ်စရာဖြစ်ခဲ့သည်။
အဆင့်-၃ နေရာမှ အက်စတွန်ဗီလာက ဘရန့်ဖို့ဒ်အား ၀-၁ ဂိုးဖြင့် အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ကာ ယခုပွဲစဉ်၌ ဘရန့်ဖို့ဒ်ကစားသမား ကယ်ဗင် ရှာဒယ် အထုတ်ခံရပြီး သုံးမိနစ်အကြာ ပထမပိုင်း ၄၅ မိနစ်တွင် ဒန်ဂို အောက်တာရာက တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သည်။
မန်ချက်စတာယူနိုက်တက်က အိုးလ်ထရက်ဖို့ဒ်တွင် ဖူလ်ဟမ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နည်းပြ မိုက်ကယ် ကာရစ်လက်ထက်၌ ပုံစံကောင်းဆက်လက်ပြသလျက်ရှိသည်။ ပွဲချိန် ၁၉ မိနစ်တွင် ကက်စီမီရိုက အဖွင့်ဂိုးသွင်းယူခဲ့ပြီး ၅၆ မိနစ်တွင် မက်သီးယက်စ် ကွန်ညာက ဒုတိယဂိုးသွင်းယူခဲ့သည်။
ဖူလ်ဟမ်က ပွဲချိန်နှောင်းပိုင်းတွင် အပြင်းအထန် ဖိကစားလာခဲ့ရာ ရာအူးလ် ဂျီမီနက်ဇ်က ၈၆ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သလို နာကျင်အချိန်ပိုတွင် ကယ်ဗင်က ဒုတိယချေပဂိုးသွင်းယူခဲ့သည်။ သို့သော် သုံးမိနစ်အကြာတွင် ဘရူနို ဖာနန်ဒက်စ်၏ ပေးပို့မှုမှတစ်ဆင့် ဘန်ဂျမင် ဆက်စ်ကိုက ယူနိုက်တက်အတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်က အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်နှင့် ၁ ဂိုးစီ သရေကျခဲ့သည်။ ပွဲချိန် ၅ မိနစ်တွင် မော်ဂန် ဂစ်ဘ်-ဝှိုက်က ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း နီကို ဝီလီယမ် လက်ထိခဲ့သဖြင့် ပဲလေ့စ်အသင်း ပင်နယ်တီရရှိခဲ့ရာ အစ္စမေလာဆားက ကန်သွင်း၍ ချေပဂိုးသွင်းယူခဲ့သည်။ ဝီလီယမ်မှာလည်း ယင်းလက်ထိဘောကြောင့် အနီကတ်ပြခံခဲ့ရသည်။
ဇန်နဝါရီ ၃၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် အာဆင်နယ်က လိဒ်စ်ယူနိုက်တက်ကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ထိုပွဲစဉ်၌ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ဒဏ်ရာရရှိခဲ့သည့် ဘူကာယို ဆာကာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ မာတင် ဇူဘီမန်ဒီက အဖွင့်ဂိုးသွင်းယူခဲ့ပြီး လိဒ်စ်ဂိုးသမား ကားလ် ဒါလို ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သဖြင့် အာဆင်နယ်အသင်း ဒုတိယဂိုးရရှိခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ဗစ်တာ ယော်ကယ်ရက်စ်က တတိယဂိုးသွင်းယူခဲ့ပြီး ပွဲချိန်နှောင်းပိုင်းတွင် ဂါဘရီရယ် ဂျေးဆူးက ပွဲသိမ်းအနိုင်ဂိုးသွင်းယူခဲ့သည်။
ချဲလ်ဆီးက ဝက်စ်ဟမ်းကို နှစ်ဂိုးရှုံးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ထိုပွဲစဉ်၌ ဝက်စ်ဟမ်းနောက်ခံလူ ဂျင်-ကလယ်ရာ တိုဒီဘို ထုတ်ပယ်ခံခဲ့ရသည်။
လီဗာပူးလ်ကလည်း အန်ဖီးလ်တွင် အန်သနီ ဂေါ်ဒန်၏ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရသော်လည်း ၄-၁ ဂိုးဖြင့် နယူးကာဆယ်ကို အနိုင်ရရှိခဲ့သည်။ လီဗာပူးလ်အတွက် ဟူဂို အီကီတီကီက နှစ်ဂိုးသွင်းယူကာ ဖလော်ရီယန် ဗက်ဇ်က တစ်ဂိုးသွင်းယူခဲ့သလို ပွဲပြီးခါနီးတွင် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးက ကွယ်လွန်သွားသည့် ဖခင်ဖြစ်သူအတွက် ရည်စူးသည့် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
အခြားပွဲစဉ်တွင် ဘုန်းမောက်က ဝူလ်ဗာဟမ်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘရိုက်တန်နှင့် အဲဗာတန်အသင်း၏ ပွဲစဉ်မှာမူ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ တော့တင်ဟမ် ဟော့စပါးအသင်းမှ ဒေါမနစ် ဆိုလန်ကီ (အလယ်) အား ကွင်းလယ်
ဒိုင်က အဝါကတ်ပြနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ ဘာနာဒို ဆေးလ်ဗား (ဝဲ) နှင့် တော့တင်ဟမ် ဟော့စပါးအသင်းမှ ဗက်စ် ဘစ်ဆူးမားတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)




……………….
(English Version)
Solanke double rescues Spurs as City stumble in Premier League title race
LONDON, Feb. 1 (Xinhua) — Dominic Solanke scored twice in the second half as Tottenham Hotspur fought back from two goals down to draw 2-2 at home to Manchester City on Sunday, leaving City six points behind Arsenal at the top of the Premier League.
City appeared on course for victory when Rayan Cherki put the visitors ahead in the 11th minute, finishing from an Erling Haaland assist. New signing Antoine Semenyo doubled the lead just before halftime as Tottenham struggled to contain Guardiola’s side.
Solanke pulled one back eight minutes into the second half, although City appealed unsuccessfully for a foul on Marc Guehi in the buildup. The striker then leveled with an acrobatic finish from Conor Gallagher’s delivery, a goal that delighted Tottenham fans and their north London rivals.
Third-placed Aston Villa was stunned 1-0 at Brentford after Dango Ouattara scored on the stroke of halftime, just three minutes after Kevin Schade was sent off.
At Old Trafford, Manchester United edged Fulham 3-2 to continue its recovery under Michael Carrick. Casemiro opened the scoring in the 19th minute and Matheus Cunha doubled the lead in the 56th.
Fulham rallied late, with Raul Jimenez converting an 86th-minute penalty and Kevin equalizing in stoppage time. However, United had the final say when Benjamin Sesko struck three minutes later after a pass from Bruno Fernandes.
Nottingham Forest was held 1-1 at home by Crystal Palace. Morgan Gibbs-White scored in the fifth minute before Ismaila Sarr equalized from the penalty spot after Neco Williams’ handball, which also resulted in a red card.
On Saturday, Arsenal cruised to a 4-0 win at Leeds United despite an injury to Bukayo Saka in the warm-up. Martin Zubimendi opened the scoring before a goalkeeping error by Karl Darlow gifted Arsenal its second. Viktor Gyokeres added a third in the 69th minute and substitute Gabriel Jesus scored a fine late finish.
Chelsea came from two goals down to beat West Ham United 3-2 in a match that ended with Jean-Clair Todibo sent off for the visitors.
At Anfield, Liverpool rebounded from Anthony Gordon’s opener to defeat Newcastle United 4-1. Hugo Ekitike scored twice, Florian Wirtz was also on target, and Ibrahima Konate added a late goal he dedicated to his late father.
Elsewhere, Bournemouth won 2-0 at Wolverhampton Wanderers, while Brighton & Hove Albion and Everton drew 1-1.
English Caption 1
Antoine Semenyo (L) of Manchester City celebrates after scoring with teammate Erling Haaland during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
English Caption 2
Dominic Solanke (C) of Tottenham Hotspur is shown the yellow card during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
English Caption 3
Bernardo Silva (L) of Manchester City vies with Yves Bissouma of Tottenham Hotspur during the English Premier League match between Tottenham Hotspur and Manchester City in London, Britain, on Feb. 1, 2026. (Xinhua)
