Connect with us

International Organizations

တံကောက်ကြောဒဏ်ရာ ခွဲစိတ်မှုခံယူပြီးနောက် တာစတီဂျန် ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ဖွယ်ရှိ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က ဂျာမနီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်-A ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဂျာမနီဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန် ဂိုးပေါက်ကာကွယ်ရန် ကြိုးပမ်းခဲ့သော်လည်း ဂိုးဝင်သွားပုံကို တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
ဂျီရိုနာအသင်း၏ ဂျာမနီလက်ရွေးစင်ဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်မှာ ဇန်နဝါရီ ၃၁ ရက်က ရီးရဲလ် အိုဗီယေဒိုအသင်းနှင့် ပွဲစဉ်၌ ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလတွင် ဘာစီလိုနာအသင်းမှ ဂျီရိုနာအသင်းထံ အငှားဖြင့်ရောက်ရှိလာသည့် အသက် ၃၃ နှစ်အရွယ် တာစတီဂျန်မှာ အသင်းအတွက် ဒုတိယမြောက် ပွဲထွက်မှုအဖြစ် အိုဗီယေဒိုအား ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ တာစတီဂျန်မှာ ဒဏ်ရာအတွက် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် ဘာစီလိုနာသို့ ပြန်လည်‌ရောက်ရှိလာခဲ့ရာ ၎င်း၏ဒဏ်ရာအား ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်ကြောင်း အတည်ပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“မာ့ခ်-အန်ဒရေ တာစတီဂျန်ဟာ ရီးရဲလ် အိုဗီယေဒိုအသင်းနဲ့ ပွဲစဉ်တုန်းက ညာဘက်ခြေထောက် တံကောက်ကြော စုတ်ပြဲဒဏ်ရာကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်မှာ ခွဲစိတ်ကုသသွားမှာပါ” ဟု ဂျီရိုနာအသင်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့ပြီး ၎င်း အနားယူရမည့်ကာလကိုမူ ခွဲစိတ်မှုပြီးမှသာ အတည်ပြုနိုင်မည်ဟု ပြောကြားခဲ့သည်။
အဆိုပါ သတင်းမှာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပွဲကစားချိန် ပိုမိုရရှိရေးအတွက် ဂျီရိုနာအသင်းထံ ပြောင်းရွှေ့ခဲ့သည့် တာစတီဂျန်အဖို့ ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ယခုရာသီ၌ ၎င်း ဘောလုံးပြန်ကစားနိုင်ရေးမှာ အဆုံးသတ်သွားဖွယ်ရှိသည်။
“ဒါက သိပ်ကိုရက်စက်ရာကျပါတယ်။ မာ့ခ်ဟာ မကြာခင်ကမှ ပွဲထွက်ခွင့်ပြန်လည်ရရှိခဲ့ပြီး လက်စွမ်းပြနေတာမို့ သူ လက်ရွေးစင်အသင်းမှာ ပြန်ပါနိုင်တော့မယ်ဆိုပြီး ကျွန်တော်တို့ စိတ်လှုပ်ရှားနေကြတာပါ။ အခုတော့ သူ့အနေနဲ့ တည်တည်ငြိမ်ငြိမ် ဖိအားကင်းကင်းနဲ့ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာဖို့ လိုပါတယ်” ဟု ဂျာမနီအသင်းနည်းပြ ဟူလီယန် နာဂယ်စ်မန်းက ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ မာ့ခ်-အန်ဒရေ တာစတီဂျန် (အလယ်) ဂိုးပေါက်ကာကွယ်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Ter Stegen’s World Cup in danger after hamstring operation
MADRID, Feb. 4 (Xinhua) — German international goalkeeper Marc-Andre ter Stegen will undergo surgery on the hamstring injury he suffered against Real Oviedo on Saturday.
The 33-year-old, who joined Girona on loan from FC Barcelona in January, was making just his second appearance for the club when he suffered the injury in the 1-0 defeat.
Ter Stegen returned to Barcelona for tests, which confirmed he will need an operation on the injury.
“Marc-Andre ter Stegen will be operated this Friday on the torn hamstring he suffered to his right leg in the game against Real Oviedo,” Girona said on social media, adding that the time he will be out of action will be “determined after the operation.”
The news is a blow to Ter Stegen, who joined Girona to get playing time under his belt ahead of the FIFA World Cup, but whose season could now be over.
“It is very cruel, Marc had just started playing again and was doing well and we were excited about his return to the national team. Now he needs recovery with calm and without pressure,” commented German national team coach Julian Nagelsmann earlier this week.
English Caption 1
Germany’s goalkeeper Marc Andre ter Stegen fails to save the goal during the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Marc-Andre ter Stegen (C) of Barcelona saves the ball during a La Liga football match between Real Madrid and FC Barcelona in Santiago Bernabeu Stadium, Madrid, Spain, Oct. 16, 2022. (Xinhua/Meng Dingbo)