International Organizations
ဗီးနပ်စ်ဝီလီယမ်စ်က ဩစတြေးလျအိုးပင်းသမိုင်းတွင် အသက်အကြီးဆုံး အမျိုးသမီးကစားသမားဖြစ်လာရန် Wildcard ရရှိ
မဲလ်ဘုန်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲစီစဉ်သူများက ဂရန်းစလမ် တစ်ဦးချင်းချန်ပီယံဆု ခုနစ်ကြိမ် ရရှိထားသည့် ဗီးနပ်စ်ဝီလီယမ်စ်အား Wildcard ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ဇန်နဝါရီ ၂ ရက်၌ ပေးအပ်ခဲ့ပြီးနောက် အသက် ၄၅ နှစ်အရွယ် ဗီးနပ်စ်ဝီလီယမ်စ်မှာ ယင်းဩစတြေးလျအိုးပင်းပြိုင်ပွဲ၏ အဓိကယှဉ်ပြိုင်မှုအဆင့်၌ ယှဉ်ပြိုင်ဖူးသည့် အသက်အကြီးဆုံး အမျိုးသမီးကစားသမားဖြစ်လာတော့မည်ဖြစ်သည်။
အဓိကယှဉ်ပြိုင်မှုအဆင့်အား မဲလ်ဘုန်းပန်းခြံ၌ ဇန်နဝါရီ ၁၈ ရက်တွင် စတင်မည့် ဩစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲအတွက် ရှစ်ခုမြောက်နှင့် နောက်ဆုံးဖြစ်သည့် အမျိုးသမီး Wildcard ကို ဝီလီယမ်စ်အား ပေးအပ်လိုက်ကြောင်း ဩစတြေးလျအိုးပင်းအသင်းက ဇန်နဝါရီ ၂ ရက်၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းသည် ဝီလီယမ်စ်က ဩစတြေးလျအိုးပင်းတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ယှဉ်ပြိုင်မှု ဖြစ်လာမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အဓိကယှဉ်ပြိုင်မှုအဆင့်၌ ပါဝင်ကစားဖူးသည့် အသက်အကြီးဆုံး အမျိုးသမီးကစားသမားဖြစ်လာမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ယခုဝင်ရောက်ယှဉ်ပြိုင်မည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ ဝီလီယမ်စ်သည် ၎င်း၏ဇာတိမြေဖြစ်သော အမေရိကန်နိုင်ငံပြင်ပတွင် ၂၀၂၃ ခုနှစ်နောက်ပိုင်း ပထမဆုံးပြိုင်ပွဲအဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် တက်စမေးနီးယားကျွန်းပြည်နယ်၌ စတင်ကျင်းပမည့် ဟိုဘတ်အင်တာနေရှင်နယ်ပြိုင်ပွဲတွင် ကစားမည်ဖြစ်သည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် တစ်ဦးချင်းဗိုလ်လုပွဲအဆင့်သို့ နှစ်ကြိမ်တက်ရောက်ခဲ့ပြီး နှစ်ယောက်တွဲချန်ပီယံဆုအား ငါးကြိမ်ရရှိထားသူ ဝီလီယမ်စ်က ၎င်းအနေဖြင့် ဩစတြေးလျတွင် ပြန်လည်ကစားရမည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Venus Williams handed wildcard to become oldest female player in Australian Open history
MELBOURNE, Jan. 2 (Xinhua) — Seven-time Grand Slam singles champion Venus Williams will become the oldest woman to ever compete in the main draw at the Australian Open after tournament organizers on Friday awarded the 45-year-old a wildcard entry.
The Australian Open on Friday confirmed that Williams has been handed the eighth and final women’s wildcard for the Grand Slam tournament, which begins at Melbourne Park on January 18 for the main draw.
It will mark the first time that Williams has competed at the Australian Open since 2021 and make her the oldest woman to ever play in the main draw at the tournament, according to a statement released by organizers.
Prior to the Australian Open, Williams will play in her first tournament outside her native country the United States since 2023 at the Hobart International starting in the island state of Tasmania on January 12.
Williams, a two-time singles finalist and five-time doubles champion at the Australian Open, said that she is excited to be back playing in Australia. ■
English Caption
Venus Williams of the United States hits a return during the women’s singles first round match against Karolina Muchova of the Czech Republic at the 2025 US Open tennis championships in New York, the United States, on Aug. 25, 2025. (Xinhua/Li Rui)
