Connect with us

Africa & Middle East

အင်ဒိုနီးရှားနိုင်ငံရှိ စွန့်ပစ်အမှိုက်ပုံကြီး ပြိုကျမှုကြောင့် သေဆုံးသူ ခုနစ်ဦးအထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဘီကာစီမြို့ရှိ Bantar Gebang စုပေါင်းစွန့်ပစ်အမှိုက်ပုံလုပ်ငန်းခွင်နေရာရှိ ဧရာမစွန့်ပစ်အမှိုက်ပုံကြီးပြိုကျမှုဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းအား ကယ်ဆယ်ရေးသမားများက သယ်ယူရွှေ့ပြောင်းလာသည့်ဓာတ်ပုံကို အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က ၂၀၂၆ ခုနှစ် မတ် ၉ ရက်က ထုတ်ပြန်စဉ် (ဓာတ်ပုံ - Photo by Basarnas/Handout via Xinhua)

‌ဂျကာတာ၊ မတ် ၁၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံတွင် အမှိုက်များ အကြီးအကျယ်ပြိုကျမှုဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက်မှာလည်း ခုနစ်ဦးအထိ မြင့်တက်လာပြီဖြစ်ကြောင်း ဂျကာတာ ရှာဖွေကယ်ဆယ်ရေးရုံးက မတ် ၉ ရက်၌ ပြောကြားခဲ့သည်။
Bantar Gebang စွန့်ပစ်အမှိုက်လုပ်ငန်းခွင်နေရာတွင် နောက်ဆုံးသေဆုံးသူရုပ်အလောင်းအား တွေ့ရှိခဲ့ပြီးနောက် မတ် ၉ ရက် သန်းခေါင်ယံခန့်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
“သေဆုံးသူအားလုံးကို တွေ့ရှိခဲ့ပြီးတော့ နောက်ထပ်လူပျောက်ဆုံးသတင်းတွေတော့ မရှိသေးပါဘူး။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးပြီဆိုတဲ့အကြောင်း ကြေညာအပ်ပါတယ်” ဟု ဂျကာတာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းရုံး အကြီးအကဲ Desiana Kartika Bahari က စာဖြင့်ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြခဲ့သည်။
Bantar Gebang နေရာတွင်ရှိသော အမှိုက်ပုံကြီးမှာ မတ် ၈ ရက် မွန်းလွဲပိုင်းက ပြိုကျခဲ့ရာ ဈေးဆိုင်ခန်းငယ်ဖြင့်ရောင်းချသူများ၊ မော်တော်ယာဉ်များနှင့်အတူရှိနေသည့် ထရပ်ကားယာဉ်မောင်းများ၊ ယင်းဧရိယာ၌ အမှိုက်ကောက်နေသူများ နစ်မြုပ်ခဲ့ရသည်။
ကယ်ဆယ်ရေးသမားများက အခင်းဖြစ်နေရာအား ရှင်းလင်းရန် မြေတူးစက်များ အပါအဝင် အကြီးစားစက်ယန္တရားများအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ အမှိုက်ပုံများအောက်၌ အဆိုပါ သေဆုံးသူများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
Bantar Gebang နေရာ၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်မြေပြိုကျမှု ဖြစ်ပွားခြင်းမှာ ပထမအကြိမ်တော့ မဟုတ်ပေ။ ၂၀၀၅ ခုနှစ်ကလည်း အလားတူမြေပြိုမှုဖြစ်ပွားခဲ့ဖူးရာ လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ကြောင်း သိရသည်။
ထိုဖြစ်ရပ်များ ထပ်တလဲလဲဖြစ်ပွားနေရခြင်းသည် ဂျကာတာမြို့တစ်ခွင်ရှိ စွန့်ပစ်အမှိုက်များအား တစ်နေ့လျှင် တန်ချိန် ၆,၅၀၀ မှ ၇,၀၀၀ အထိ လက်ခံဆောင်ရွက်နေရသည့် ဟက်တာ ၁၁၀ ကျော် ကျယ်ဝန်းသောနေရာက သတ်မှတ်ချက်ထက် ကျော်လွန်လုပ်ဆောင်နေရခြင်းကြောင့် လွန်စွာအန္တရာယ်များလျက်ရှိကြောင်းကို ဖော်ပြနေသည်ဟု သဘာဝတ်ပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဘီကာစီမြို့ရှိ Bantar Gebang စုပေါင်းစွန့်ပစ်အမှိုက်ပုံလုပ်ငန်းခွင်နေရာရှိ ဧရာမစွန့်ပစ်အမှိုက်ပုံကြီးပြိုကျသောနေရာ၌ ကယ်ဆယ်ရေးသမားများက လုပ်ငန်းဆောင်ရွက်နေသည့် ဓာတ်ပုံကို အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (Basarnas) က ၂၀၂၆ ခုနှစ် မတ် ၉ ရက်က ထုတ်ပြန်စဉ် (ဓာတ်ပုံ – Photo by Basarnas/Handout via Xinhua)

……………………………………..
(English Version)
Death toll rises to 7 in Indonesia’s waste mound collapse
JAKARTA, March 10 (Xinhua) — The death toll from a massive garbage avalanche at Indonesia’s largest landfill rose to seven, the Jakarta Search and Rescue Office said on Tuesday.
The search and rescue operation ended around midnight on Monday after the last victim was found at the Bantar Gebang waste processing site.
“With all victims found and no additional reports of missing persons, the search and rescue operation has been declared closed,” Desiana Kartika Bahari, head of the Jakarta Search and Rescue Office, said in a written statement.
The garbage mound at the Bantar Gebang site collapsed on Sunday afternoon, burying stall owners, truck drivers along with their vehicles, and waste pickers working in the area.
The victims were found under piles of garbage as rescuers used heavy equipment, including excavators, to clear the site.
The deadly landslide was not the first at the Bantar Gebang site. A similar collapse occurred in 2005 and claimed dozens of lives.
According to the environment ministry, the repeated incidents highlight the serious risks posed by overloading at the more than 110-hectare site, which receives 6,500 to 7,000 tonnes of waste from across Jakarta each day.
Photo 1: Photo provided by Indonesia National Search And Rescue Agency (Basarnas) shows rescuers transferring the body of a victim after a large garbage mound collapsed at the Bantar Gebang Integrated Waste Processing Site in Bekasi, Indonesia, on March 9, 2026. (Photo by Basarnas/Handout via Xinhua)
Photo 2: Photo provided by Indonesia National Search And Rescue Agency (Basarnas) shows rescuers working on site after a large garbage mound collapsed at the Bantar Gebang Integrated Waste Processing Site in Bekasi, Indonesia, on March 9, 2026. (Photo by Basarnas/Handout via Xinhua)