Connect with us

International Organizations

ချန်ပီယံလိဂ်တွင် အာဆင်နယ်က ဟာဗက်ဇ်၏ နောက်ကျပင်နယ်တီဂိုးကြောင့် အရှုံးရလဒ်ကို ရှောင်လွှဲနိုင်ခဲ့

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ အာဆင်နယ်ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
မတ် ၁၁ ရက်က ဘေးအရီနာ (BayArena) အားကစားကွင်းတွင် လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ ကိုင်ဟာဗက်ဇ်၏ နောက်ကျပင်နယ်တီသွင်းဂိုးကြောင့် အိမ်ရှင်လေဗာကူဆင်အသင်းမှာ နိုင်ပွဲနှင့် လွဲချော်ခဲ့ရပြီး တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ပွဲအစတွင် အပြန်အလှန် ထိုးဖောက်မှုများဖြင့် အကြိတ်အနယ်ရှိခဲ့ပြီး နှစ်သင်းစလုံးက စနစ်ကျသည့် ခံစစ်ကစားပုံကို အားပြုခဲ့ပြီး final third ဇုန်တွင် နေရာလွတ်အနည်းငယ်သာ ရှိခဲ့သည်။ ပွဲချိန်အစောပိုင်းမှာပင် ဂိုးဧရိယာအပြင်ဘက်၌ ဗစ်တာ ယော်ကယ်ရက်စ်ကို ဆွဲထားသည့်အတွက် လေဗာကူဆင်အသင်းခေါင်းဆောင် ရောဘတ် အန်ဒရစ်ချ် အဝါကတ်ထိခဲ့သလို မိနစ်ပိုင်းအကြာတွင်လည်း ကွင်းလယ်ဒိုင် ဟာလီ အူမက် မီလာ၏ သတိပေးခြင်းကို ခံခဲ့ရသည်။
ယခုပွဲစဉ်၌ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု အသာရထားသော်လည်း လေဗာကူဆင်၏ ကျစ်လျစ်မာကျောသည့် ခံစစ်ကို ရင်ဆိုင်ရာတွင် အပိုင်အခွင့်အရေး မရသလောက်နီးနီးဖြစ်ခဲ့သည်။ ပထမပိုင်းပွဲချိန် ‌အလယ်လောက်တွင် ဧည့်သည် အာဆင်နယ်အသင်း သွင်းဂိုးရရှိရန် အနီးစပ်ဆုံး အခွင့်အရေးရရှိခဲ့ပြီး ဂါဘရီရယ် မာတင်နယ်လီ လျင်လျင်မြန်မြန် ထိုးဖောက်ကာ ဝေ့ဝိုက်ကန်ချက်ဖြင့် အဆုံးသတ်ခဲ့သော်လည်း ဂိုးဘားတန်းနှင့်ထိခဲ့သည်။
တစ်ဖက်တွင် လေဗာကူဆင်ကလည်း တဖြည်းဖြည်းအရှိန်ရလာခဲ့ပြီး ဂိုးကန်သွင်းရန် ကြိုးပမ်းမှုတွင် အနည်းငယ်အသာရလာခဲ့ကာ တိုက်စစ်မှူး အီဘရာဟင် မာဇာက အာဆင်နယ်အသင်းဘက်ကို ရံဖန်ရံခါ ခြိမ်းခြောက်လာနိုင်သော်လည်း ပထမပိုင်းတွင် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။
သို့သော် ဒုတိယပိုင်းပြန်စပြီး စက္ကန့်ပိုင်းအကြာတွင် လေဗာကူဆင်က ဦးဆောင်ဂိုးရရှိခဲ့သည်။ မာတင် တယ်ရီယာ၏ ခေါင်းတိုက်ချက်ကို ဒေးဗစ် ရာယာ လက်စွမ်းပြကာကွယ်နိုင်ခဲ့သော်လည်း ရရှိလာသည့် ထောင့်ကန်ဘောကို အလီဟန်ဒရို ဂရီမာလ်ဒိုက အဝေးတိုင်ဆီသို့ ကန်တင်ပေးခဲ့ရာ အန်းဒရစ်ချ်က ထောင့်ကျဉ်းအနေအထားမှ ခေါင်းတိုက်၍ လေဗာကူဆင်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
အိမ်ရှင်လေဗာကူဆင်၏ စုဖွဲ့ကစားပုံမှာ ကျစ်ကျစ်လျစ်လျစ် ရှိနေဆဲဖြစ်ရာ အာဆင်နယ်အနေဖြင့် ထိုးဖောက်ရခက်ခဲနေစဉ် ကစားကွက်အပြောင်းအလဲ ပြုလုပ်ရာတွင် ရုန်းကန်ခဲ့ရသည်။ ပီရို ဟင်ကာပီနှင့် ဂျူရီယန် တင်ဘာတို့၏ ဂိုးပေါက်ခြိမ်းခြောက်မှု အခိုက်အတန့်များ အပါအဝင် အမြင့်ဘောပေးပို့မှုများမှတစ်ဆင့် ရံဖန်ရံခါ ခြိမ်းခြောက်နိုင်ခဲ့သော်လည်း လေဗာကူဆင်က တည်တည်ငြိမ်ငြိမ်ဖြင့် ခံစစ်လုံအောင် ဆက်လက်ထိန်းထားနိုင်သည့်အတွက် တရစပ် ဖိအားပေးနိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန်နှောင်းပိုင်းသို့ ရောက်ရှိချိန်မှသာ အာဆင်နယ်က အဆုံးအဖြတ်ဖြစ်စေမည့် အခိုက်အတန့်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။ ဂိုးဧရိယာထဲတွင် နိုနီ မာဒူအက်ကေကို မာလစ် တေးလ်မန်း ကစားပုံကြမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးနောက် ပင်နယ်တီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ ပွဲချိန် ၈၉ မိနစ်တွင် ရရှိခဲ့သည့် အဆိုပါ ပင်နယ်တီကို လူစားဝင်လာသည့် ဟာဗက်ဇ်က ကန်သွင်း၍ အသင်းဟောင်းဘက်ကို ဂိုးသွင်းယူကာ ၁-၁ ဂိုး ဖြစ်စေခဲ့သည်။
ယင်းနောက်ကျချေပဂိုးကြောင့် လာမည့်သီတင်းပတ်၌ လန်ဒန်တွင် ယှဉ်ပြိုင်ကစားမည့် ဒုတိယအကျော့ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် အခွင့်အရေး ညီတူမျှတူရှိနေဆဲဖြစ်သည်။
“ကျွန်တော့်စိတ်ထဲမှာ ခံစားချက်အမျိုးမျိုးဖြစ်မိတယ်။ ကျွန်တော်တို့ ထိပ်တန်းအသင်းတစ်သင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ထိပ်တန်း စွမ်းဆောင်ရည်တစ်ခုကို ပြနိုင်ခဲ့ပြီး အခွင့်အရေးအနည်းလောက်ပဲ ခွင့်ပြုခဲ့ရလို့ ၁-၁ ဂိုး ရလဒ်နဲ့ အဆုံးသတ်ခဲ့တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်။ အခု ကျွန်တော်တို့ မထင်မှတ်တာတွေ လုပ်ပြနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်၊ မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့ လန်ဒန်ကို ခရီးနှင်မှာပါ” ဟု လေဗာကူဆင်အသင်းနည်းပြ ကက်စပါ ယူးလ်မန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အခြား ၁၆ သင်းအဆင့် ပွဲစဉ်များတွင် ရီးရဲလ်မက်ဒရစ်က မန်ချက်စတာစီးတီးကို ဖက်ဒရီကို ဗယ်လ်ဗာဒီ၏ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးနှင့်အတူ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ပီအက်စ်ဂျီကလည်း ချဲလ်ဆီးကို ခဗစ်ချာ ခဗာရက်စခီလီယာ၏ နောက်ကျဂိုးနှစ်ဂိုးနှင့်အတူ ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ပြတ်ပြတ်သားသား အသာစီးယူနိုင်ခဲ့သည်။ ခြေစွာနေသည့် ဘိုဒို/ဂလင့်မ်ထ်ကလည်း စပို့တင်းစီပီကို ၃ ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်တွင် ငါးပွဲဆက်အနိုင်ရရှိခဲ့ပြီး ရလဒ်ကောင်းများကို ဆက်တိုက်ရယူနိုင်ခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ အာဆင်နယ်အသင်းမှ ကိုင်ဟာဗက်ဇ် (ရှေ့) ပင်နယ်တီကန်သွင်းနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ အာဆင်နယ်အသင်း နည်းပြချုပ် မစ်ကယ် အာတေတာအား တွေ့ရစဉ် (ဆင်ဟွာ)

………………………………………..
(English Version)
Arsenal avoids defeat after Havertz converts late penalty
BERLIN, March 11 (Xinhua) — Bayer Leverkusen was denied a first-leg win when Kai Havertz converted a late penalty to earn Arsenal a 1-1 draw in their UEFA Champions League last-16 tie at the BayArena on Wednesday.
The opening exchanges were tense, with both sides relying on disciplined defending and leaving little space in the final third. Leverkusen captain Robert Andrich was involved early, receiving a yellow card after holding Viktor Gyokeres outside the area before drawing another warning from referee Halil Umut Meler moments later.
Although Arsenal saw more of the ball, clear chances were rare against a compact Leverkusen defense. The visitors came closest midway through the half when Gabriel Martinelli finished a swift move with a curling effort that struck the underside of the crossbar.
At the other end, Ibrahim Maza threatened sporadically as Leverkusen gradually gained a slight edge in attempts, but neither side was able to break the deadlock before halftime.
Leverkusen needed only seconds after the restart to move in front. Martin Terrier forced David Raya into a sharp save with a header, and the resulting corner from Alejandro Grimaldo reached the far post, where Andrich headed home from a tight angle.
Arsenal struggled to change the pattern of the match as the hosts remained compact and difficult to break down. Occasional aerial deliveries posed some danger, including moments involving Piero Hincapie and Jurrien Timber, but sustained pressure never developed as Leverkusen continued to defend with composure.
As the game entered its closing minutes, Arsenal finally found a decisive moment. Malik Tillman stretched to challenge Noni Madueke inside the area, and after a video review the referee upheld the penalty decision. Havertz, introduced from the bench, stepped up against his former club and converted from the spot in the 89th minute to make it 1-1.
The late equalizer leaves the tie finely balanced before next week’s second leg in London.
“I have mixed emotions. We produced a top performance against a top team and allowed very few chances, so it’s frustrating that it ended 1-1. Now we travel to London with high hopes and the belief that we can cause an upset,” said Leverkusen coach Kasper Hjulmand.
Elsewhere in the last-16 ties, Federico Valverde scored a first-half hat-trick as Real Madrid beat Manchester City 3-0. Khvicha Kvaratskhelia struck twice late on to give Paris Saint-Germain a commanding 5-2 advantage ahead of the second leg against Chelsea, while Bodo/Glimt extended their impressive run with a fifth straight Champions League win after beating Sporting CP 3-0.
English Caption 1
Players of Arsenal celebrate scoring during the UEFA Champions League round of 16 first leg match between Bayer 04 Leverkusen and Arsenal in Leverkusen, Germany, March 11, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Kai Havertz (front) of Arsenal shoots to score during the UEFA Champions League round of 16 first leg match between Bayer 04 Leverkusen and Arsenal in Leverkusen, Germany, March 11, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Arsenal’s head coach Mikel Arteta reacts during the UEFA Champions League round of 16 first leg match between Bayer 04 Leverkusen and Arsenal in Leverkusen, Germany, March 11, 2026. (Photo by Ulrich Hufnagel/Xinhua)