Connect with us

International Organizations

အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများ စတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံ ၄ နိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူ ၄.၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပေါက်ကွဲသံများ ကြားရပြီးနောက် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်း‌ဒေသတွင် မကြာသေးမီက တင်းမာမှုများ စတင်ဖြစ်ပွားချိန်မှစ၍ အာဖဂန်နစ္စတန်၊ အီရန်၊ လက်ဘနွန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေရပ်စွန့်ခွာနေထိုင်ရသူ ၄.၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ထို့အပြင် လူပေါင်း ၁၁၇,၀၀၀ ခန့်မှာ အခြားနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံခဲ့ကြရကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူချုပ် စတက်ဖနီ ဒူဂျာရစ်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ကိုးကား၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့များ၏ အဆိုအရ အရှေ့အလယ်ပိုင်းဒေသမှာ ကမ္ဘာတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ အများဆုံးနေထိုင်ရာဒေသဖြစ်ကြောင်း ဒူဂျာရစ်က ပြောကြားခဲ့သည်။ “မကြာသေးမီက တင်းမာမှုတွေက အရပ်သားတွေရဲ့ ဒုက္ခတွေကို ပိုမိုနက်ရှိုင်းစေနိုင်ပြီး ပျက်စီးလွယ်နှင့်ပြီးသားဖြစ်တဲ့ အရပ်သားအခြေခံအဆောက်အအုံတွေကို ပိုမိုပျက်စီးသွားစေနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကုလသမဂ္ဂနှင့် ၎င်း၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအနေဖြင့် နိုင်ငံအများအပြားရှိ ထိခိုက်ခံရသူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်လျက်ရှိပြီး လိုအပ်သည့်နေရာတွင် နိုင်ငံ့အာဏာပိုင်များကို ပံ့ပိုးရန်အတွက် တုံ့ပြန်မှုကို တိုးမြှင့်ရန် အသင့်ရှိနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပျက်စီးသွားသော အဆောက်အအုံ၏ အပျက်အစီးများအား ရှင်းလင်းနေသော ယောက်ျားလေးတစ်ဦးကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Over 4.1 mln people internally displaced in 4 countries since Mideast escalation began: UN
UNITED NATIONS, March 12 (Xinhua) — More than 4.1 million people have been internally displaced in Afghanistan, Iran, Lebanon and Pakistan since the beginning of the recent escalation in the Middle East, a UN spokesperson said Thursday.
Additionally, some 117,000 people have sought refuge in another country, Stephane Dujarric, chief spokesman for the UN secretary-general, told a daily briefing, citing the UN Refugee Agency.
Dujarric said that, according to UN humanitarians, the Middle East region is home to some of the largest numbers of people in need of humanitarian assistance globally. “The recent escalation risks deepening civilian suffering and causing further damage to already fragile civilian infrastructure.”
The United Nations and its humanitarian partners are continuing to provide humanitarian aid to people impacted across several countries and remain ready to ramp up response in support of national authorities where needed, he said. ■
English Caption 1
This photo taken on March 3, 2026 shows smoke rising after explosions heard in Tehran, Iran. (Xinhua/Shadati)
English Caption 2
A boy clears debris of a damaged building in Tehran, Iran, March 4, 2026. (Xinhua/Shadati)