Connect with us

International Organizations

ဒေ့ါမွန်အသင်းက ဖီးလစ်ဇ် အန်မက်ချာကို စာချုပ်သက်တမ်းတိုး

ဘာလင်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း ကွင်းလယ်လူ ဖီးလစ်ဇ် အန်မက်ချာမှာ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ အသင်း၌ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းဘက်က မတ် ၁၁ ရက်၌ ကြေညာခဲ့ရာ ဒေ့ါမွန်အနေဖြင့် အဆိုပါ ကွင်းလယ်ကစားသမားအား အသင်း၌ ကာလရှည် ဆက်လက်ထိန်းထားနိုင်ခဲ့ပြီဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် အန်မက်ချာမှာ ၂၀၂၃ ခုနှစ်တွင် ဝုဖ်ဘတ်အသင်းမှ ဒေါ့မွန်အသင်းထံ ရောက်ရှိလာပြီးနောက် အသင်း၏ကွင်းလယ်၌ အရေးပါသော ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းအနေဖြင့် အသင်းအတွက် ပြိုင်ပွဲစုံတွင် ၁၀၈ ပွဲ ပါဝင်ကစားခဲ့ရာ ၁၃ ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားကာ ကွင်းလယ်၌ ပိုမိုအရေးပါလာသည့် ကစားသမားအဖြစ် ၎င်း၏ပုံရိပ်ကို တည်ဆောက်နိုင်ခဲ့သည်။
ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၁၉ ခုနှစ်တွင် မန်ချက်စတာစီးတီးအသင်း၌ စတင်ခဲ့ပြီးနောက် ဝုဖ်ဘတ်အသင်း၌လည်း နှစ်ရာသီကြာ ဖြတ်သန်းခဲ့သည့် အန်မက်ချာမှာ ယခုရာသီတွင် ‌ဒေါ့မွန်အသင်းအတွက် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိထားသူဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ၏ ပထမဆုံး ပွဲစဉ် ၂၅ ပွဲစလုံးတွင် ပါဝင်ကစားထားပြီး ပြိုင်ပွဲစုံတွင် ငါးဂိုးသွင်းယူထားသည်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒီအသင်းနဲ့ရော အသင်းရဲ့ပရိသတ်တွေနဲ့ပါ အတွေ့အကြုံကောင်းတွေ အများကြီးရှိခဲ့ပြီး အသင်းက ကျွန်တော့်ကို ယုံကြည်တဲ့အတွက် သိပ်ကိုကျေးဇူးတင်ပါတယ်” ဟု အန်မက်ချာက ဆိုသည်။ “ဘိုရူစီယာ ဒေ့ါမွန်အတွက် ‌အစွမ်းကုန်ကစားပေးရင်း အဲဒီယုံကြည်မှုအတွက် ပြန်ပေးဆပ်ချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဒေ့ါမွန်အသင်း အားကစားဒါရိုက်တာ ဆီဘက်ရှန် ခီရယ်လ်က အန်မက်ချာ၏ တိုးတက်မှုအပေါ် ချီးကျူးခဲ့ကာ ၎င်းအနေဖြင့် ရာသီအစပိုင်းတွင် ဒဏ်ရာပြဿနာများ ရှိခဲ့သော်လည်း အသင်း၏ အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုသည်။ “ဖီးလစ်ဇ်ဟာ ကျွန်တော်တို့အသင်းအတွက် သိပ်ကိုအရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ သူက ဖိအားပေးခံနေရတဲ့ အချိန်မှာတောင် အခွင့်အရေးဖန်တီးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေနေတတ်သူပါ။ သူဟာ ကျွန်တော်တို့အသင်းအတွက်‌ရော ဂျာမနီလက်ရွေးစင်အသင်းအတွက်ပါ ကွင်းထဲကို မယုံနိုင်လောက်တဲ့ အရည်အသွေးတွေ ယူဆောင်ပေးပါတယ်။ သူ့ရဲ့တိုးတက်မှုတွေက အနာဂတ်မှာ ဆက်ပြီးမြင့်တက်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ခီရယ်လ်က ပြောသည်။

ဒေ့ါမွန်အသင်း မန်နေးဂျင်းဒါရိုက်တာ လာစ် ရစ်ကင်ကလည်း အန်မက်ချာအား စာချုပ်သက်တမ်းတိုးခြင်းမှာ အသင်း၏ ရေရှည်စီမံကိန်းနှင့် အဆိုပါ ကွင်းလယ်ကစားသမားအပေါ် ယုံကြည်မှုကို ထင်ဟပ်နေသည်ဟု ဆိုသည်။ “ကျွန်တော်တို့ ဖီးလစ်ဇ်နဲ့အတူ ခရီးဆက်ရမှာဖြစ်လို့ ဝမ်းမြောက်မိပါတယ်။ သူဟာ ဒေ့ါမွန်အသင်းနဲ့ အလုံးစုံကိုက်ညီမှုရှိပြီး အသင်းလူစာရင်းအတွက် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ အစီအစဉ်ထဲက အရေးကြီး အစိတ်အပိုင်းတစ်ခုပါပဲ။ သူ့ကို စာချုပ်သက်တမ်းတိုးလိုက်တာဟာ စဉ်ဆက်မပြတ်ဖြစ်မှုကို ညွှန်ပြနေသလို လာမယ့်နှစ်တွေမှာ အောင်မြင်မှုတွေကို အတူတကွ ရယူနိုင်တော့မယ်ဆိုတဲ့ ခံယူချက်ကိုလည်း မီးမောင်းထိုးပြနေပါတယ်” ဟု ရစ်ကင်က ပြောသည်။

ဒေ့ါမွန်အသင်းမှာ ဘွန်ဒက်စ်လီဂါတွင် ၂၅ ပွဲ ကစားထားရာ ၅၅ မှတ် ရရှိထားပြီး ထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်နှင့် ၁၁ မှတ်အကွာ ဒုတိယနေရာ၌ ရပ်တည်နေကာ ဟော့ဖန်ဟိမ်းမှာမူ ရမှတ် ၄၉ မှတ်ဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။ နည်းပြ နီကို ကိုဗက်၏အသင်းအနေဖြင့် မတ် ၁၄ ရက်တွင် အဆင့်-၉ မှ အော့စ်ဘတ်အသင်းကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်၌ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို အခိုင်အမာ ဆက်လက်ဆုပ်ကိုင်ထားနိုင်ရန် ရည်မှန်းထားလိမ့်မည်ဖြစ်သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က ဖရန့်ဖွတ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ဖီးလစ်ဇ် အန်မက်ချာ (ရှေ့) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ဒေ့ါမွန်အသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်-၅ တွင် ဒေါ့မွန်အသင်းမှ ဖီးလစ်ဇ် အန်မက်ချာ (အလယ်) နှင့် ဗီလာရီးရဲလ်အသင်းမှ သောမတ်စ် ပါတေး (ယာ) တို့ ရင်ဆိုင်တွေ့နေစဉ် (ဆင်ဟွာ)

………………
(English Version)
Dortmund extends Felix Nmecha contract
BERLIN, March 11 (Xinhua) — Borussia Dortmund has secured the long-term future of midfielder Felix Nmecha after the Germany international signed a new contract that will keep him at the Bundesliga club until June 2030, the club announced on Wednesday.
The 25-year-old joined Dortmund from Wolfsburg in 2023 and has since developed into a key figure in midfield. Across all competitions, he has made 108 appearances for the club, scoring 13 goals and providing eight assists while establishing himself as an increasingly influential presence in the center of the pitch.
Nmecha, who spent two seasons at Wolfsburg after beginning his professional career with Manchester City in 2019, has also featured regularly for Dortmund this season. He appeared in each of the team’s first 25 matches of the 2025-26 campaign and has scored five goals in all competitions.
“I have had many great experiences with this club and its supporters over the past few years and am very grateful for the club’s trust,” Nmecha said. “I want to repay that trust by giving my best for Borussia Dortmund.”
Sporting director Sebastian Kehl praised the midfielder’s development, saying he had become an essential part of the team despite early injury setbacks. “Felix has become a very important part of our team. He always finds creative solutions, even when under pressure. He brings incredible quality to the pitch, both for us and for the German national team. We are convinced that his development curve will continue to rise in the future,” Kehl said.
Managing director Lars Ricken said the extension reflected the club’s long-term planning and belief in the midfielder. “We are delighted to continue our journey together with Felix. He identifies completely with Borussia Dortmund and is a key component of our strategic planning for the squad. His contract extension signals continuity and underlines our conviction that we will be successful together in the coming years,” Ricken said.‌
Dortmund is second in the Bundesliga with 55 points from 25 matches, 11 behind leader Bayern Munich, while Hoffenheim is third with 49. Niko Kovac’s side will aim to strengthen its hold on a Champions League place when it hosts ninth-placed Augsburg on Saturday.
English Caption 1
Borussia Dortmund’s Felix Nmecha competes during the UEFA Champions League play-off 2nd leg match between Atalanta and Borussia Dortmund in Bergamo, Italy, Feb. 25, 2026. (Photo by Alberto Lingria/Xinhua)
English Caption 2
Felix Nmecha (front) of Borussia Dortmund celebrates scoring during the German first division Bundesliga football match between Eintracht Frankfurt and Borussia Dortmund in Frankfurt, Germany, Jan. 9, 2026. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Felix Nmecha (C) of Borussia Dortmund vies with Thomas Partey (R) of Villarreal CF during the UEFA Champions League group stage 5th round match between Borussia Dortmund and Villarreal CF in Dortmund, Germany, Nov. 25, 2025. (Photo by Joachim Bywaletz/Xinhua)