Connect with us

International Organizations

Cruzeiro အသင်း၏ ဂိုးသမား ကက်စီအို ဒူးခွဲစိတ်မှုခံယူရမည်

ဘရာဇီးနိုင်ငံ မြို့တော်ဘရာဇီးလီးယားရှိ အမျိုးသားအားကစားကွင်း၌ ကျင်းပသည့် ဘရာဇီးဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲအတွင်း ကိုရင်သီယန်အသင်း၏ ဂိုးသမား ကက်စီအိုအား ကျော်ဖြတ်၍ ဘောလုံးကန်သွင်းနေသည့် ဖလူမင်နိစ်အသင်းမှ အလက်ဇန်းဒါး ဂွန်ဇာလက်စ် (ဝဲ) ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အတွေ့အကြုံရင့် Cruzeiro ဂိုးသမား ကက်စီအိုက ဒူးအရွတ်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း ယင်းဘရာဇီးစီးရီးအေကလပ်အသင်းက မတ် ၁၃ ရက်၌ ထုတ်ပြန်ခဲ့သည်။
အသက် ၃၈ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟောင်း ကက်စီအိုမှာ ဘရာဇီးစီးရီးအေတွင် Cruzeiro အသင်းက ဖလာမင်ဂိုအသင်းကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် မတ် ၁၁ ရက်က ပွဲစဉ်ဒုတိယပိုင်း၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကက်စီအိုအနေဖြင့် လာမည့်သီတင်းပတ်အစောပိုင်း၌ Belo Horizonte မြို့ရှိ ဆေးရုံတစ်ရုံတွင် ခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း Cruzeiro အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ပြန်လည်သက်သာကောင်းမွန်လာစေရေး လုပ်ငန်းစဉ်တစ်ခုလုံးကို Cruzeiro အသင်းရဲ့ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ဌာနမှာ ဆောင်ရွက်သွားမှာပါ” ဟု ကလပ်အသင်းက ထုတ်ပြန်ခဲ့သည်။ “သူ အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေဖို့ ကျွန်တော်တို့ ဆုတောင်းပါတယ်” ဟုလည်း ဖော်ပြခဲ့သည်။
ကက်စီအိုအနေဖြင့် အချိန်မည်မျှကြာ အနားယူရမည်နှင့်ပတ်သက်၍ Cruzeiro အသင်းက မထုတ်ပြန်ခဲ့သော်လည်း ဒေသခံမီဒီယာများကမူ ခြောက်လထက်မနည်း ကြာမြင့်မည်ဟု ပြန်လည်ကောင်းမွန်လာရန်ကြာချိန်အား ခန့်မှန်းခဲ့ကြသည်။

“ဒဏ်ရာကြောင့်ရော ပြီးတော့ အသင်းဖော်တွေနဲ့အတူ ကွင်းထဲမှာ ပါဝင်ကစားလို့မရဖြစ်နေရတဲ့အတွက်ကြောင့်ပါ ကျွန်တော်ဝမ်းနည်းမိပါတယ်” ဟု ဘရာဇီးအသင်းအတွက် ၂၀၁၇ ခုနှစ်၌ တစ်ကြိမ်ပါဝင်ကစားခဲ့သည့် ကက်စီအိုက လူမှုကွန်ရက်တွင် ရေးသားခဲ့ပါတယ်။
“ဒါတွေက ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်တာတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အခြေအနေတွေဖြစ်ပြီး ဒီဒဏ်ရာကနေ ကျွန်တော် ပိုပြီးတော့တောင် သန်မာစွာ ပြန်လာနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” ဟု PSV အိုင်းဒိုဗင်အသင်းနှင့် ကိုရင်သီယန်အသင်းတို့၏ ကစားသမားဟောင်း ကက်စီအိုက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………..
(English Version)
Cruzeiro’s Cassio to undergo knee surgery
RIO DE JANEIRO, March 13 (Xinhua) — Veteran Cruzeiro goalkeeper Cassio will require surgery after suffering a multi-ligament knee injury, the Brazilian Serie A club said on Friday.
The 38-year-old former Brazil international sustained the injury in the second half of Cruzeiro’s 2-0 defeat at Flamengo in Brazil’s Serie A on Wednesday.
Cruzeiro said in a statement that Cassio would undergo surgery at a hospital in Belo Horizonte early next week.
“The entire recovery process will take place in Cruzeiro’s health and performance department,” the club said. “We wish him a speedy recovery.”
Cruzeiro did not say how long Cassio would be sidelined, but local media predicted a recovery time of at least six months.
“I’m sad about the injury and about not being able to be on the pitch with my teammates,” Cassio, who was capped once for Brazil in 2017, said in a social media post.
“These are situations that are part of our work and I have no doubt that I will come back even stronger from this injury,” the former PSV Eindhoven and Corinthians player added. ■
English Caption
Alexander Gonzales (L) of Fluminense shoots past Corinthians’ goalkeeper Cassio during their Brazilian Soccer Championship held at the National Stadium in Brasilia, Brazil, on Sept. 15, 2019. (Photo by Lucio Tavora/Xinhua)