North America
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရပြီး မီးလောင်မှုဖြစ်ပွား
ဘဂ္ဂဒက်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်၏ အစိမ်းရောင်ဇုန်တွင် တည်ရှိသော အီရတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးသည် မတ် ၁၇ ရက် အစောပိုင်းက တိုက်ခိုက်ခံခဲ့ရပြီး သံရုံးဝင်းအတွင်းရှိ အဆောက်အအုံများ မီးလောင်ခဲ့သည်။
သံရုံးနယ်နိမိတ်အတွင်းသို့ ဖောက်ခွဲရေးပစ္စည်းတပ်ဆင်ထားသည့် ဒရုန်းနှစ်စင်း ကျရောက်ခဲ့ပြီး နောက်ဆက်တွဲပေါက်ကွဲမှုများကြောင့် သံရုံးဝင်းအပြင်ဘက်မှ မြင်သာသော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူသတင်းရင်းမြစ်တစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဘဂ္ဂဒက်မြို့ရှိ အဆိုပါအမေရိကန်သံရုံးသည် မတ် ၁၆ ရက် ညနေပိုင်းမှ မတ် ၁၇ ရက် အစောပိုင်းအထိ တိုက်ခိုက်မှုများစွာ ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

……………..
(English Version)
U.S. embassy in Baghdad attacked, fire breaks out
BAGHDAD, March 17 (Xinhua) — The U.S. embassy in Iraq, located in Baghdad’s Green Zone, was attacked early Tuesday, and facilities inside the compound caught fire.
An Interior Ministry source told Xinhua on condition of anonymity that two booby-trapped drones landed within the embassy perimeter and the subsequent explosions sparked a fire visible from outside the complex.
The U.S. embassy in Baghdad was subjected to multiple rounds of attacks from Monday evening to the early hours of Tuesday. ■
English Caption 1, 2
This photo taken on March 14, 2026 shows the U.S. Embassy in Iraq after an attack in Baghdad, Iraq. (Xinhua/Khalil Dawood)
