Connect with us

Asia

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ ထပ်မံမြင့်တက်

အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးသွားသော အဆောက်အအုံများနှင့် အပျက်အစီးများကို ၂၀၂၅ ခုနှစ် မတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းပဋိပက္ခ မြင့်တက်လာမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ လက်လီရေနံဈေးနှုန်းများမှာ လာမည့်သုံးရက်အတွင်း ဆက်လက်၍ ထပ်မံမြင့်တက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ် ၁၆ ရက် သန်းခေါင်ယံတွင် ထုတ်ပြန်ခဲ့သည်။
မတ် ၁၇ ရက်မှ မတ် ၁၉ ရက်အထိ ပုံမှန်ဓာတ်ဆီ တစ်လီတာလျှင် ရီယယ် ၅,၅၀၀ (အမေရိကန်ဒေါ်လာ ၁.၃၇ ဒေါ်လာ) ကျသင့်မည်ဖြစ်ကြောင်း၊ ယင်းမှာ လွန်ခဲ့သည့် သုံးရက်အတွင်း ရီယယ် ၅,၂၀၀ မှ ၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်၌ ဖော်ပြချက်အရ သိရသည်။

ဒီဇယ်တစ်လီတာလျှင် ရီယယ် ၆,၄၀၀ မှ ၂.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ၆,၅၅၀ ရီယယ် ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။
အရှေ့အလယ်ပိုင်းပဋိပက္ခ ဖြစ်ပွားချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံရှိ ပုံမှန်ဓာတ်ဆီဈေးနှုန်းမှာ ၄၂.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဒီဇယ်ဈေးနှုန်းမှာမူ ၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ လောင်စာဆီသိုလှောင်ရုံနှင့် ဓာတ်ဆီဆိုင် ၆,၃၀၀ ကျော်အနက် ၄၀၀ ကျော်မှာ လောင်စာဆီအသစ်များ ရောက်ရှိလာမှု နှောင့်နှေးခြင်းကြောင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားရကြောင်း ဝန်ကြီးဌာနက မတ် ၁၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ပင်လယ်ကြမ်းပြင်ရှိ ရေနံသိုက်များအား အသုံးမပြုရသေးသောကြောင့် ပြည်ပမှတင်သွင်းသော ဒီဇယ်နှင့် ရေနံကိုသာ အပြည့်အဝ မှီခိုနေရကြောင်း သိရသည်။ (Xinhua)

………………….
(English Version)
Fuel prices in Cambodia rise further due to ongoing Middle East conflict
PHNOM PENH, March 17 (Xinhua) — Retail oil prices in Cambodia continued to soar further for next three days due to the escalation of the Middle East conflict, the Ministry of Commerce said Monday midnight.
In an announcement, the Ministry of Commerce said a liter of regular gasoline will cost 5,500 riels (1.37 U.S. dollars) from Tuesday to Thursday, up 5.7 percent from 5,200 riels in the past three days.
Diesel will go for 6,550 riels per liter, up 2.3 percent from 6,400 riels, the announcement added.
Since the outbreak of the Middle East conflict, the price of regular gasoline in Cambodia rose by 42.8 percent, as the price of diesel increased by 70 percent, according to the Ministry of Commerce.
The ministry said on Saturday that more than 400 out of the kingdom’s 6,300 fuel depots and gas stations had halted their business operations due to the delays in the arrival of new fuel stock.
The Southeast Asian country entirely relies on imported diesel and petroleum, as its seabed’s oil reserves have not been exploited yet. (1 riels equals 0.00025 U.S. dollars) ■
English Caption
This photo taken on March 3, 2026 shows damaged buildings and debris after airstrikes by the United States and Israel in Tehran, Iran. (Xinhua/Shadati)