Connect with us

International Organizations

မန်စီးတီးနှင့် ပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ် လူစာရင်းတွင် အမ်ဘာပေနှင့် ဘယ်လင်ဟမ်တို့ ပါဝင်လာ

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ဗလင်စီယာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ကီလီယန် အမ်ဘာပေ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မက်ဒရစ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အယ်လ်ဗာရို အာဘီလိုအာက မတ် ၁၇ ရက်တွင် မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်အတွက် ကစားသမား ၂၆ ဦး စာရင်းတွင် ကီလီယန် အမ်ဘာပေနှင့် ဂျုဒ် ဘယ်လင်ဟမ်တို့ကို ထည့်သွင်းထားကြောင်း သိရသည်။
လွန်ခဲ့သော သီတင်းပတ်က အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူးတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ ပွဲစဉ်၌ ဖက်ဒရီကို ဗယ်လ်ဗာဒီ၏ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အီတီဟတ်ကွင်း၌ ဒုတိယအကျော့ ယှဉ်ပြိုင်ရာတွင် ၃ ဂိုးအသာဖြင့် ကစားရမည်ဖြစ်သည်။
အမ်ဘာပေနှင့် ဘယ်လင်ဟမ်တို့ နှစ်ဦးစလုံးမှာ ဒဏ်ရာကြောင့် ပထမအကျော့ ပွဲစဉ်၌ ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ ထို့အတူ ဘယ်နောက်ခံလူ အယ်လ်ဗာရို ကာရဲရက်စ်နှင့် ဗဟိုနောက်ခံလူ ဒေးဗစ် အလာဘာတို့မှာလည်း အဆိုပါပွဲစဉ်နှင့် လွဲချော်ခဲ့သော်လည်း ၎င်းတို့နှစ်ဦးစလုံးမှာ မန်ချက်စတာသို့ ထွက်ခွာမည့် လူစာရင်း၌ ပါဝင်လာခဲ့သည်။
ဘယ်လင်ဟမ်မှာ ဖေဖော်ဝါရီလဆန်းတွင် ရာယို ဗယ်လက်ကာနိုကို အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်အစောပိုင်းတွင် တံကောက်‌ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် ပွဲစဉ် ၉ ပွဲစလုံးကို လွဲချော်ထားသူဖြစ်သည်။ ထို့အတူ အမ်ဘာပေမှာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရပြီး ဖေဖော်ဝါရီ ၂၁ ရက်က အိုဆာဆူနာကို အဝေးကွင်း၌ ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲစဉ်နောက်ပိုင်း ပါဝင်ကစားနိုင်ခြင်း မရှိတော့ပေ။ မတ် ၁၇ ရက် ပွဲစဉ်၌ အမ်ဘာပေနှင့် ဘယ်လင်ဟမ်တို့ ပွဲထွက်ပါဝင်နိုင်ခြင်း ရှိမရှိမှာမူ မရေမရာ ရှိနေဆဲဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ဗီလာရီးရဲလ်အသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ဂျုဒ် ဘယ်လင်ဟမ် (ရှေ့) ထိုးဖောက်ကစားနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် လီဗန်တေးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်အသင်းမန်နေဂျာ အယ်လ်ဗာရို အာဘီလိုအာ (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Mbappe, Bellingham in Real Madrid squad for Manchester City clash
MADRID, March 16 (Xinhua) — Real Madrid coach Alvaro Arbeloa has included Kylian Mbappe and Jude Bellingham in his 26-man squad for Tuesday’s Champions League round of 16 second leg away to Manchester City.
Madrid takes a 3-0 lead into the match at the Etihad Stadium after last week’s first leg at the Santiago Bernabeu, where Federico Valverde scored a first-half hat trick.
Neither Mbappe nor Bellingham featured in that game due to injury. Left-back Alvaro Carreras and central defender David Alaba also missed the match with calf problems, but both players have been named in the traveling squad.
Bellingham has missed Madrid’s last nine games after suffering a hamstring injury early in a 2-1 home win over Rayo Vallecano at the start of February. Mbappe, meanwhile, has been sidelined with a knee strain and has not played since a 2-1 defeat away to Osasuna on February 21.
It remains unclear whether Mbappe or Bellingham will feature in Tuesday’s game.
English Caption 1
Kylian Mbappe of Real Madrid competes during the La Liga football match between Valencia CF and Real Madrid in Valencia, Spain, Feb. 8, 2026. (Str/Xinhua)
English Caption 2
Jude Bellingham (Front) of Real Madrid breaks through during the La Liga Match between Villarreal and Real Madrid at Ceramica Stadium in Vila Real, Spain, on January 24, 2026. (Str/Xinhua)
English Caption 3
Real Madrid’s manager Alvaro Arbeloa (L) is seen before the La Liga football match between Real Madrid and Levante UD in Madrid, Spain, on Jan. 17, 2026. (Photo by Gustavo Valiente/Xinhua)