Connect with us

International Organizations

အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေးအတွက် တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံ တိုက်တွန်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အလယ်-ရှေ့) ဆွေးနွေးပြောကြားနေပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာလုံးဆိုင်ရာ အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံစုံ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံသံတမန်က မတ် ၁၆ ရက်၌ အလေးအနက် ပြောကြားခဲ့သည်။
ဆုံးဖြတ်ချက်အမှတ်- ၁၅၄၀ အကောင်အထည်ဖော်ရေး ကော်မတီနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကြေညာချက်ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုရှိရေး၏ အရေးပါပုံကို အလေးပေးပြောဆိုခဲ့ကာ အဖျက်စွမ်းအားပြင်း လက်နက်များ ပြန့်ပွားခြင်း၏ အရင်းခံအကြောင်းရင်းကို ဖယ်ရှားရှင်းလင်းရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံး၏ တရားဝင် စိုးရိမ်မှုများကိုလည်း အသိအမှတ်ပြုခဲ့သည်။
“အဖျက်စွမ်းအားပြင်းလက်နက်တွေ မပြန့်ပွားရေးဟာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ပါပဲ” ဟု ဖုက ပြောကြားခဲ့ကာ နိုင်ငံအဆင့်မဟုတ်သော အဖွဲ့အစည်းများအနေဖြင့် လူအစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်သည့်လက်နက်များ (WMD) ပိုင်ဆိုင်နိုင်ခြင်း မရှိအောင် တားဆီးရေးအတွက် နိုင်ငံတကာ ဘုံသဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် ဆုံးဖြတ်ချက်အမှတ်- ၁၅၄၀ အကောင်အထည်ဖော်ရေး ကော်မတီ၏ အရေးပါသော စွမ်းဆောင်မှုများကိုလည်း အသိအမှတ်ပြုခဲ့သည်။ သို့တိုင်အောင် လက်ရှိဖြစ်ပွားနေဆဲ ဒေသတွင်း ပဋိပက္ခများ၊ အကြမ်းဖက်မှုနှင့် WMD လက်နက်များ ပြန့်ပွားနိုင်သည့် အန္တရာယ်များက ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုများအဖြစ် တည်ရှိနေဆဲဖြစ်သည်ဟု ၎င်းက သတိပေးခဲ့သည်။
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံတို့သည် ပူးပေါင်းပါဝင်မှုရှိ၍ ရေရှည်တည်တံ့သည့် ဘုံလုံခြုံမှုကို မြှင့်တင်ပေးလျက်ရှိသလို ဘုံအကျိုးစီးပွားအတွက် အတူတကွ ပံ့ပိုးမှုများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများဖြင့် အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေး စီမံခန့်ခွဲမှုကို အဆင့်မြှင့်တင်ရေးအတွက် အရေးပါသော လမ်းညွှန်မှုကို ပေးစွမ်းလျက်ရှိသည်ဟု ဖုက ဆိုသည်။
ဆက်လက်၍ နျူကလီးယားလက်နက်များ မပြန့်ပွားရေး သဘောတူညီချက်၊ ဇီဝလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်းနှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်- ၁၅၄၀ စသည့် နိုင်ငံတကာ ဥပဒေဆိုင်ရာ ယန္တရားများ၏ အရေးပါပုံကိုလည်း ဖုက အလေးထားပြောဆိုခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေးအတွက် ဥပဒေပြဋ္ဌာန်းခြင်းနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ထို့ပြင် ဉာဏ်ရည်တုနည်းပညာ၊ မျိုးဗီဇပြုပြင်ခြင်းနှင့် ဒြပ်ပေါင်းဇီဝဗေဒ ကဲ့သို့သော ထွန်းသစ်စ နည်းပညာများမှာ လုံခြုံရေးအန္တရာယ်အသစ်များကို ဖြစ်ပေါ်စေပြီး အဖျက်စွမ်းအားပြင်းလက်နက်များ ပြန့်ပွားရေး လုပ်ဆောင်ချက်များတွင် လွဲမှားစွာအသုံးပြုလာနိုင်သည်ဟု အဆိုပါ နည်းပညာများနှင့် စပ်လျဉ်းသည့် စိုးရိမ်မှုများကိုလည်း တရုတ်သံတမန်က ထည့်သွင်းပြောကြားခဲ့သည်။ ယင်းနည်းပညာများကို စည်းမျဉ်းစည်းကမ်းများဖြင့် ကြပ်မတ်ထိန်းကျောင်းရန် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု မူဘောင်များ လိုအပ်နေသည်ဟု ၎င်းက အလေးအနက်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေး သို့မဟုတ် လက်နက်မပြန့်ပွားရေးကို ဗန်းပြ၍ တစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပို့ကုန်ထိန်းချုပ်မှု အလွဲသုံးမှုများကို ဆန့်ကျင်ကြောင်း ဖုက ထပ်လောင်းပြောကြားခဲ့သလို ကမ္ဘာလုံးဆိုင်ရာ အဖျက်စွမ်းအားပြင်းလက်နက်များ မပြန့်ပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ခိုင်မာအားကောင်းစေရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့် တရုတ်နိုင်ငံ၏ ကတိကဝတ်ကိုလည်း ထပ်လောင်းအတည်ပြုခဲ့သည်။ (Xinhua)
……………….
(English Version)
China calls for global cooperation on non-proliferation
UNITED NATIONS, March 16 (Xinhua) — China’s UN envoy on Monday stressed the need for multilateralism in addressing global non-proliferation challenges.
In a statement at a Security Council briefing on the 1540 Committee, China’s permanent representative, Fu Cong, highlighted the importance of universal security, recognizing the legitimate concerns of all nations to eliminate the root causes of proliferation.
“Non-proliferation is a global challenge,” Fu said, acknowledging the significant work done by the 1540 Committee in promoting international consensus and cooperation in preventing non-state actors from acquiring weapons of mass destruction (WMD). However, He warned that ongoing regional conflicts, terrorism, and WMD proliferation risks remain persistent global threats.
Fu said China’s Global Security Initiative and Global Governance Initiative promote common, cooperative, and sustainable security, offering key guidance for advancing non-proliferation governance through broad consultation and joint contributions for shared benefit.
Fu underscored the importance of international legal instruments such as the Treaty on the Non-Proliferation of Nuclear Weapons, the Biological Weapons Convention, and Security Council resolution 1540. He urged member states to strengthen national capacities in legislation and institutional arrangements for non-proliferation.
The Chinese envoy also raised concerns about emerging technologies, such as AI, gene editing, and synthetic biology, which present new security risks and could be misused for proliferation activities. He stressed the need for global governance frameworks to regulate these technologies.
Fu reiterated China’s opposition to the abuse of export controls and unilateral sanctions under the guise of national security or non-proliferation, while reaffirming China’s commitment to working with all parties to strengthen global non-proliferation governance and safeguard international peace and security.
English Caption
Fu Cong (C, front), China’s permanent representative to the United Nations, speaks at a UN Security Council open debate at the UN headquarters in New York, on Oct. 23, 2025. (Xinhua/Zhang Fengguo)