Connect with us

International Organizations

နူးကမ့်တွင် နယူးကာဆယ်ကို အနိုင်ယူရန် ဘာစီလိုနာ ရည်မှန်း

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ရာဖင်ညာ (ယာ) တတိယဂိုးသွင်းပြီးနောက် အသင်းဖော် ဖာမင် လိုပက်ဇ်နှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းအနေဖြင့် အိမ်ကွင်း နူးကမ့်၌ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်၌ နယူးကာဆယ် ယူနိုက်တက်ကို အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။
လွန်ခဲ့သည့် သီတင်းပတ်က နယူးကာဆယ်အသင်း၏ အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်တွင် ယှဉ်ပြိုင်ခဲ့သည့် ပထမအကျော့ပွဲစဉ်၌ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ပွဲချိန် ၉၅ မိနစ်တွင် လာမင်း ယမားလ်၏ ပင်နယ်တီသွင်းဂိုးကြောင့်သာ တစ်ဂိုးစီသရေကျခဲ့ခြင်းဖြစ်ကာ ဒုတိယအကျော့ပွဲစဉ်၌မူ ဟန်ဆီ ဖလစ်ခ်၏အသင်းမှာ အနိုင်ရရှိရန် ပြတ်ပြတ်သားသား ရေပန်းစားလျက်ရှိသည်။
မတ် ၁၅ ရက်က ဆီဗီလာအသင်းကို အိမ်ကွင်း၌ ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ဖလစ်ခ်က ယမားလ်နှင့် ဖာမင် လိုပက်ဇ်တို့ကို အနားပေးခဲ့ပြီး သက်သောင့်သက်သာဖြင့် ပွဲကိုထိန်းကစားနိုင်မည့် အခြေအနေ၌ ပက်ဒရီ၊ ဂျာအို ကန်ဆယ်လိုနှင့် မက်ဘနားလ် စသည့် အဓိကကစားသမားများကိုပါ ဒုတိယပိုင်းတွင် လူစားလဲကာ အနားပေးခဲ့သည်။
ဖရန်ကီ ဒီဂျောင် ပါဝင်နိုင်ခြင်း မရှိချိန်တွင် ပက်ဒရီမှာ ယခုရာသီတွင် ခံစားနေရသည့် ကြွက်သားဒဏ်ရာ ထပ်မံမဖြစ်ပွားအောင် ဂရုတစိုက် စီမံပေးရန် လိုအပ်နေသည်ဟု ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က မတ် ၁၅ ရက်၌ ဝန်ခံပြောဆိုခဲ့သော်လည်း အဆိုပါ စပိန်လက်‌ရွေးစင်မှာ မတ် ၁၈ ရက် ညပိုင်းပွဲစဉ်၌ ပွဲထွက်ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းဘက်တွင် နောက်ခံအစွန်လူများဖြစ်သည့် ဂျူးစ် ခွန်ဒဲနှင့် အလီဟန်ဒရို ဘာလ်ဒေတို့ ပါဝင်နိုင်ဦးမည် မဟုတ်သဖြင့် ကန်ဆယ်လိုမှာ နယူးကာဆယ်နှင့် ပွဲစဉ်၌ ပွဲထွက်ပါဝင်လာမည်ဖြစ်သလို ဖလစ်ခ်အနေဖြင့် ညာနောက်ခံလူနေရာတွင် အဲရစ် ဂါစီယာအား အသုံးပြုမည်လော သို့မဟုတ် လွန်ခဲ့သည့်တစ်ပတ် ပထမအကျော့ပွဲစဉ်နှင့် ဆီဗီလာအသင်းနှင့် အိမ်ကွင်းပွဲဦးထွက် ပွဲစဉ်တို့တွင် ခြေစွမ်းပြနိုင်ခဲ့သည့် ဆယ်ကျော်သက်ကစားသမား ဇာဘီ အက်စ်ပတ်ကိုပင် ဆက်လက်အသုံးပြုမည်လော ဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
နူးကမ့်ကွင်းအား ပြန်လည်အဆင့်မြှင့် တည်ဆောက်ဆဲဖြစ်သည့်အတွက် လတ်တလောတွင် အဆိုပါကွင်း၌ ပရိသတ် ၆၂,၀၀၀ အထိသာ လျှော့ချလက်ခံနေသော်လည်း Montjuic အရပ်ရှိ ယခင်အိမ်ကွင်းဖြစ်သော အိုလံပစ်အားကစားကွင်း၌ နှစ်ရာသီကြာ ဖြတ်သန်းခဲ့ပြီးနောက် မူလအိမ်ကွင်းသို့ ပြန်ရောက်ရှိလာခြင်းမှာ ဘာစီလိုနာအတွက် အလွန်အပြုသဘောဆောင်နေသည်။ ဘာစီလိုနာအသင်းမှာ ယမန်နှစ် နိုဝင်ဘာလတွင် နူးကမ့်၌ ပြန်လည်ကစားခဲ့သည့် ပွဲစဉ် ၁၁ ပွဲလုံးတွင် အနိုင်ရရှိထားပြီး သွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
သို့ဖြစ်၍ ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ချဲလ်ဆီးအသင်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စိတ်ဓာတ်တက်ကြွနေသည့် နယူးကာဆယ်အဖို့ နူးကမ့်၌ သွားရောက်ယှဉ်ပြိုင်ရမည့် ခရီးစဉ်မှာ စိုးရိမ်စရာဖြစ်လာခဲ့သည်။ အဆိုပါ အင်္ဂလန်ကလပ်အသင်းအနေဖြင့် ဗဟိုနောက်ခံလူ ဒန်ဘန်းစ်ကဲ့သို့ ကစားသမားများကို ပိုင်ဆိုင်ထားသည့်အတွက် တည်ကန်ဘောများမှတစ်ဆင့် ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းရှိသလို တိုက်စစ်ပိုင်းတွင် အန်သနီ ဂေါ်ဒန်၏ အမြန်နှုန်းကလည်း ဘာစီလိုနာ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ဖွယ်ရှိသည်။
နယူးကာဆယ်အသင်းမှာ လွန်ခဲ့သည့်တစ်ပတ်က ပထမအကျော့ပွဲစဉ်၌ အတွေ့အကြုံအားနည်းသည့် အကျိုးဆက်ကို ခံစားခဲ့ရသလို နူးကမ့်ကွင်းတွင်လည်း တူညီသည့်အမှားများကို ထပ်မံကျူးလွန်ဖွယ်မရှိသည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရာ၌ ပိုမိုခက်ခဲသည့် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က ဘာစီလိုနာအသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က လေဗာကူဆင်အသင်းနှင့် နယူးကာဆယ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ နယူးကာဆယ်ကစားသမားများ သွင်းဂိုးရရှိပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………………………………………
(English Version)
Barcelona seeks win over Newcastle in Camp Nou
MADRID, March 17 (Xinhua) — FC Barcelona hosts Newcastle United at Camp Nou on Wednesday aiming to seal its place in the Champions League quarterfinals.
Barcelona escaped with a 1-1 draw in Newcastle a week ago thanks to Lamine Yamal’s 95th-minute penalty after an underwhelming display at St. James’ Park, leaving Hansi Flick’s side as the clear favorite for the return leg.
Flick rested Yamal and Fermin Lopez for Sunday’s 5-2 home win over Sevilla, and the comfortable nature of that victory allowed him to withdraw other key players such as Pedri, Joao Cancelo and Marc Bernal in the second half to give them much-needed rest.
The Barcelona coach admitted Sunday that Pedri needs careful management to avoid a relapse of the muscle problems he has suffered this season, although with Frenkie de Jong still sidelined, the Spain international is expected to start Wednesday night.
With fullbacks Jules Kounde and Alejandro Balde also unavailable, Cancelo is set to start against Newcastle, while Flick must decide whether to use Eric Garcia at right back or keep faith with teenager Xabi Espart, who impressed both in last week’s first leg and in his home debut against Sevilla.
Although the ongoing redevelopment of Camp Nou means the stadium is operating at a reduced capacity of 62,000, returning home after two seasons at the former Olympic Stadium on Montjuic has been highly positive for Barcelona. The team has won all 11 matches there since returning last November, scoring 34 goals in the process.
That sets up an intimidating trip for Newcastle, which took a morale-boosting 1-0 win at Chelsea over the weekend. With players such as central defender Dan Burn, the English side carries a threat from set pieces, while Anthony Gordon’s pace in attack could trouble Barcelona’s back line.
Newcastle paid for its inexperience in last week’s first leg, and Camp Nou will provide an even tougher test against an opponent unlikely to repeat the same mistakes.
English Caption 1
Barcelona’s Raphinha (R) celebrates his third goal with Fermin Lopez during the La Liga football match between Barcelona and Sevilla FC in Barcelona, Spain, on March 15, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
Players of Barcelona celebrate the score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
Players of Newcastle United celebrate scoring during the UEFA Champions League football match between Bayer 04 Leverkusen and Newcastle United in Leverkusen, Germany, Dec. 10, 2025. (Photo by Ulrich Hufnagel/Xinhua)