International Organizations
ရီးရဲလ်ဘက်တစ်နှင့် ဆယ်လ်တာဗီဂိုတို့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်တက်ရောက်
မက်ဒရစ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
မတ် ၁၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်များတွင် ရီးရဲလ်ဘက်တစ်က ပထမအကျော့ အရှုံးရလဒ်ကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီး ပါနာသီနာကော့စ်ကို အိမ်ကွင်း၌ ၄ ဂိုးပြတ် အနိုင်ယူကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
လွန်ခဲ့သည့်သီတင်းပတ်က အေသင်၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသည့် ဘက်တစ်အသင်းက ချေပဂိုးကို စောစောစီးစီး သွင်းယူနိုင်ခဲ့ပြီး ကူချို ဟာနန်ဒက်ဇ်၏ အားပါသောကန်ချက် ဂိုးတိုင်ထိ၍ ပြန်ထွက်လာစဉ် အိုင်တာ ရူဘယ်လ်က အလျင်အမြန် ပိတ်သွင်းခဲ့ခြင်းဖြစ်သည်။
ပွဲချိန်အများစုတွင် ဘက်တစ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး အန်တိုနီ သွင်းဂိုးရရှိရန် နီးစပ်ခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပေ။ ထို့နောက် ဘက်တစ်အသင်းက ပထမပိုင်းမပြီးဆုံးမီတွင် ထူးထူးဆန်းဆန်း အနေအထားဖြင့် ဒုတိယဦးဆောင်ဂိုး ရရှိသွားခဲ့သည်။
ဘက်တစ်တောင်ပံကစားသမား အက်ဇာဇူလီမှာ ၎င်းလူကျွံနေသည်ဟု ယူဆပုံရသည့်အတွက် စိတ်ပျက်လက်ပျက်ဖြင့် ဘောလုံးကို အမြောက်ဘော ကန်ထုတ်လိုက်သော်လည်း ပွဲဆက်လက်ကစားနေဆဲဖြစ်သည်။ နောက်ဆုံးတွင် အဆိုပါဘောလုံးမှာ ဆိုဖီယန် အမ်ဘရာဘတ်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းက ဂိုးဧရိယာအပြင်ဘက်မှ ကန်သွင်းခဲ့ရာ အနည်းငယ် လမ်းကြောင်းပြောင်းသွားသည့်အတွက် ဟန်ချက်ပျက်နေသည့် ပါနာသီနာကော့စ်ဂိုးသမား အယ်လ်ဘန် လာဖွန့် ကာကွယ်နိုင်ခဲ့ခြင်းမရှိပေ။
ပွဲချိန် ၅၄ မိနစ်တွင် ဘက်တစ်အသင်း အနိုင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ရူဘယ်လ်၏ ဖန်တီးပေးမှုမှတစ်ဆင့် ဟာနန်ဒက်ဇ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပွဲချိန် ၆၆ မိနစ်တွင် အက်ဇာဇူလီ ဘယ်ခြမ်းတစ်လျှောက် ဆွဲပြေးလာပြီးနောက် ဘောလုံးခင်းပေးခဲ့ရာ အန်တိုနီက အဆုံးသတ်၍ စတုတ္ထဂိုးသွင်းယူခဲ့သည်။
ထို့အတူ ဆယ်လ်တာဗီဂိုအသင်းကလည်း လီယွန်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆယ်လ်တာဗီဂိုအတွက် အနိုင်ဂိုးများကို ဟာဗီ ရူဒါက ဒုတိယပိုင်းတွင်လည်းကောင်း၊ ဖယ်ရန် ဂျက်ဂလာက နာကျင်အချိန်ပိုတွင်လည်းကောင်း အသီးသီးသွင်းယူခဲ့သည်။
ပွဲချိန် ၁၉ မိနစ်တွင် မူဆာ နီယာခါတီ အန္တရာယ်များသည့် ဘောလုံးဖျက်ထုတ်မှု ပြုလုပ်ခဲ့သဖြင့် ထုတ်ပယ်ခံရပြီးနောက် လီယွန်အသင်းအတွက် သိသိသာသာ ပိုမိုခက်ခဲသွားခဲ့သလို နာကျင်အချိန်ပိုတွင် နစ်ကိုးလပ်စ် တက်ဂလီယာဖီကိုမှာလည်း အနီကတ်ပြသခြင်း ခံခဲ့ရသည်။ (Xinhua)

ခရိုအေးရှားနိုင်ငံ ဇာဂရက်ဘ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ဂျီအင်န်ကေ ဒီနမိုအသင်းနှင့် ရီးရဲလ်ဘက်တစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပြိုင်ပွဲ လိဂ်အဆင့်ပွဲစဉ်၌ ရီးရဲလ်ဘက်တစ်အသင်းမှ အန်တိုနီ ဆန်းတို့စ် (ဝဲ) ဂိုးသွင်းယူနေစဉ် (ဓာတ်ပုံ- Sanjin Strukic/PIXSELL via Xinhua)

ခရိုအေးရှားနိုင်ငံ ဇာဂရက်ဘ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က ဂျီအင်န်ကေ ဒီနမိုအသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ ဆယ်လ်တာဗီဂို ကစားသမားများ သွင်းဂိုးရရှိပြီးနောက် အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Sanjin Strukic/PIXSELL via Xinhua)
……………….
(English Version)
Real Betis, Celta Vigo advance to Europa League quarterfinals
MADRID, March 20 (Xinhua) — Real Betis overturned a first-leg deficit to reach the Europa League quarterfinals with a 4-0 home win over Panathinaikos on Thursday, advancing 4-1 on aggregate.
Betis, which lost 1-0 in Athens last week, drew level in the tie early on when Cucho Hernandez struck the crossbar with a powerful effort and Aitor Ruibal reacted quickest to convert the rebound.
The Spanish side dominated possession for long spells, with Antony going close before Betis doubled the lead just before halftime in bizarre fashion.
Winger Ezzalzouli appeared to assume he had been caught offside and lashed the ball high into the air in frustration, but play continued. The loose ball eventually fell to Sofyan Amrabat, whose shot from outside the area took a slight deflection and wrong-footed Panathinaikos goalkeeper Alban Lafont.
Betis extended its advantage in the 54th minute when Ruibal turned provider for Hernandez, and Antony added a fourth in the 66th after another strong run down the left by Ezzalzouli.
Celta Vigo also advanced to the last eight with a 2-0 win at Lyon, sealing a 3-1 aggregate victory.
Javi Rueda opened the scoring in the second half before Ferran Jutgla wrapped up the win in stoppage time.
Lyon’s task became far more difficult after Moussa Niakhate was sent off in the 19th minute for a high, studs-up challenge. Nicolas Tagliafico was also shown a red card deep into stoppage time.
English Caption 1
Players of Real Betis celebrate team’s third goal during the UEFA Europa League 2025/26 League Phase match between GNK Dinamo and Real Betis in Zagreb, Croatia, on Dec. 11, 2025. (Sanjin Strukic/PIXSELL via Xinhua)
English Caption 2
Antony Santos (L) of Real Betis shoots and scores during the UEFA Europa League 2025/26 League Phase match between GNK Dinamo and Real Betis in Zagreb, Croatia, on Dec. 11, 2025. (Sanjin Strukic/PIXSELL via Xinhua)
English Caption 3
Real Club Celta players celebrate a goal during the UEFA Europa League between GNK Dinamo and Real Club Celta in Zagreb, Croatia, on Nov. 6, 2025 (Sanjin Strukic/PIXSELL via Xinhua)
