North America
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဒီဇယ်ဈေးနှုန်းများ စံချိန်တင် မြင့်တက်
လော့စ်အိန်ဂျလိစ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒီဇယ်ဈေးနှုန်းများသည် စံချိန်တင် မြင့်တက်ခဲ့ကြောင်း အမေရိကန် မော်တော်ကားအသင်း (AAA) မှ ယခုနောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဒီဇယ်ဈေးနှုန်းမှာ မတ် ၂၄ ရက်၌ တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ ၇.၀၁၈ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ယင်းမှာ AAA ၏ ဒေတာဘေ့စ်တွင် စံချိန်တင် အမြင့်ဆုံးအဆင့်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် လက်ရှိ အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျမ်းမျှ ဒီဇယ်ဈေးနှုန်းကမူ တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ ၅.၃၄၅ ဒေါ်လာခန့်ဖြစ်သည်။
အီရန်နိုင်ငံတွင် စစ်ပွဲဖြစ်ပွားနေစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်တင်ပို့မှုများတွင် အလျဉ်ပြတ်ခြင်းနှင့် ရေနံသန့်စင်နိုင်စွမ်း လျော့ကျခြင်းတို့ကြောင့် ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှစ၍ ရေနံသန့်စင်စက်ရုံနှစ်ခု ဆုံးရှုံးခဲ့ပြီး ၎င်း၏ ရေနံသန့်စင်နိုင်စွမ်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးစေခဲ့ကြောင်း သိရသည်။
ဒီဇယ်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်လာပြီး ဒီဇယ်သုံး ထရပ်ကားများဖြင့် တင်ပို့သော အစားအစာ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် လက်လီကုန်ပစ္စည်းများအပေါ် ဆက်တိုက်ပျံ့နှံလာနိုင်သည့် သက်ရောက်မှုများ ရှိနိုင်သည်ဟုလည်း အစီရင်ခံစာများက ဖော်ပြထားကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မေးလ်ဘရေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဖန်သားပြင်ပေါ်၌ ပြသထားသည့် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများကို ၂၀၂၂ ခုနှစ် မေ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
U.S. California diesel prices hit record high
LOS ANGELES, March 24 (Xinhua) — Diesel prices in the U.S. state of California have risen to a record high, according to the latest data from the American Automobile Association (AAA).
The average price of diesel in California reached 7.018 U.S. dollars per gallon on Tuesday, the highest level recorded in AAA’s database. By comparison, the current U.S. national average price for diesel is about 5.345 dollars per gallon.
U.S. media reports attributed the rising diesel prices to reduced oil-refining capacity and disruptions in global energy shipments amid the war in Iran. California has lost two refineries since October 2025, eliminating roughly 20 percent of its refining capacity.
The increase in diesel prices is driving up transportation costs, with potential ripple effects on food, building materials and retail goods shipped by diesel-powered trucks, reports said. ■
English Caption 1
Gasoline and diesel prices are displayed at a gas station in Millbrae, California, the United States, May 10, 2022. (Photo by Li Jianguo/Xinhua)
English Caption 2
Photo taken on March 6, 2022 shows diesel and gasoline prices displayed on a screen at a gas station in Millbrae, California, the United States. (Photo by Li Jianguo/Xinhua)
