Connect with us

International Organizations

ဂရစ်ဇ်မန်းက လာမည့်ရာသီတွင် အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့မည်ဟု အက်သလက်တီကို မက်ဒရစ် အတည်ပြု

စပိန်နိုင်ငံ ဂီရိုနာမြို့ရှိ မွန်တီလ်ဗီအားကစားကွင်း၌ ဂီရိုနာအသင်းနှင့် အက်သလက်တီကို ဒီ မက်ဒရစ်အသင်းတို့၏ စပိန်လာလီဂါပွဲစဉ်အတွင်း ဂိုးရရှိပြီးနောက် အောင်ပွဲခံနေသည့် အက်သလက်တီကို ဒီ မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း (ကျောဘက်) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဝါရင့်တိုက်စစ်မှူး အန်တိုနီ ဂရီးဇ်မန်းက ရာသီကုန်တွင် မေဂျာလိဂ် (MLS) အသင်း အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့ရန် အသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း အက်သလက်တီကို မက်ဒရစ်အသင်းက မတ် ၂၄ ရက်၌ အတည်ပြုခဲ့သည်။
ဂရီးဇ်မန်းမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၂ ဂိုးဖြင့် မတ် ၂၂ ရက်က ပွဲစဉ်တွင် ရှုံးနိမ့်ပြီးနောက် အမေရိကန်ကလပ် အော်လန်ဒိုစီးတီးသို့ ပြောင်းရွှေ့မှုအား အပြီးသတ်ရန် ကလပ်၏ခွင့်ပြုချက်ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

“အက်သလက်တီကို ဒီ မက်ဒရစ်နဲ့ အော်လန်ဒို စီးတီး အက်စ်စီတို့က အန်တိုနီ ဂရီးဇ်မန်းကို လာမယ့်ရာသီမှာ စတင်ပြီး အော်လန်ဒို စီးတီးသို့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ ပထမအသင်းအတွက် ခွင့်ပြုထားတဲ့ နှစ်ရက်တာ အနားယူချိန်အတွင်း တိုက်စစ်မှူးက ဖလော်ရီဒါကလပ်နဲ့ သူ့ရဲ့စာချုပ်ကို အပြီးသတ်ဖို့ ကလပ်ရဲ့ခွင့်ပြုချက်ဖြင့် အော်လန်ဒိုသို့ သွားရောက်ခဲ့ပါတယ်” ဟု အက်သလက်တီကို မက်ဒရစ်အသင်း၏ ဝက်ဘ်ဆိုက်တွင် ရှင်းပြထားသည်။

အသက် ၃၅ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဂရီးဇ်မန်းမှာ (ကြားကာလတွင် ဘာစီလိုနာအသင်း၌ ကစားခဲ့သည့် နှစ်နှစ်တာအပါအဝင်) ၁၀ ရာသီပြီးနောက် အက်သလက်တီကိုအသင်းမှ ထွက်ခွာတော့မည်ဖြစ်ပြီး သွင်းဂိုး ၂၁၁ ဂိုးဖြင့် ကလပ်၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပြီး အသင်းအတွက် မကြာသေးမီကအထိ ၄၈၈ ပွဲ ကစားခဲ့ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း (ဝဲ) ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ အက်သလက်တီကို မက်ဒရစ်အသင်းမှ အန်တိုနီ ဂရီးဇ်မန်း (အ‌ပေါ်) နှင့် ဗီလာရီးရဲလ်အသင်းမှ ရီနာတို ဗီဂါတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

………………
(English Version)
Atletico Madrid confirms Griezmann to join Orlando City next season
MADRID, March 24 (Xinhua) — Atletico Madrid confirmed on Tuesday that veteran striker Antoine Griezmann will leave the club at the end of the season to join MLS side, Orlando City.
Griezmann traveled to the United States with the club’s permission after Sunday’s 3-2 defeat to Real Madrid to complete his move to the American side.
“Atletico de Madrid and Orlando City SC have reached an agreement over the transfer of Antoine Griezmann to the American club beginning next season. The forward traveled to Orlando, with the club’s permission, during the two days of rest granted to the first team, to finalize his contract with the Florida side,” explained the Atletico Madrid website.
The 35-year-old French international will leave Atletico after 10 seasons (with a two-year hiatus at FC Barcelona in the middle), which have seen him become the club’s all-time leading scorer with 211 goals, while so-far making 488 appearances in red and white. ■
English Caption 1
Antoine Griezmann (back) of Atletico de Madrid celebrates scoring during the La Liga football match between Girona FC and Atletico de Madrid in Montilivi Stadium, Girona, Spain, on Dec. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Atletico de Madrid’s Antoine Griezmann celebrates after scoring during the Laliga football match between Atletico de Madrid and Valencia C.F. in Madrid, Spain, Dec. 13, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Antoine Griezmann (L) of Atletico de Madrid competes during the UEFA Champions League football match between Atletico de Madrid and Inter Milan in Madrid, Spain, Nov. 26, 2025. (Xinhua/Cheng Min)
English Caption 4
Antoine Griezmann (top) of Atletico de Madrid vies with Renato Veiga of Villarreal during the La Liga football match between Atletico de Madrid and Villarreal CF in Madrid, Spain, on Sept. 13, 2025. (Photo by Gustavo Valiente/Xinhua)