Connect with us

International Organizations

ရာသီကုန်တွင် လီဗာပူးလ်အသင်းမှ ဆာလာ ထွက်ခွာမည်

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က လီဗာပူးလ်အသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာ ပရိသတ်များကို လက်ခုပ်တီး၍ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

လန်ဒန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား မိုဟာမက် ဆာလာက ၎င်းအနေဖြင့် ရာသီကုန်တွင် အသင်းမှထွက်ခွာတော့မည်ဟု မတ် ၂၄ ရက်က ကြေညာခဲ့ရာ အန်ဖီးလ်၌ ခမ်းနားသော ကာလတစ်ခုကို အဆုံးသတ်တော့မည်ဖြစ်သည်။
“ဝမ်းနည်းစရာကောင်းတဲ့ အဲဒီနေ့ကို ရောက်လာခဲ့ပါပြီ။ ဒါက ကျွန်တော့်ရဲ့ ပဏာမ နှုတ်ဆက်စကားဆိုခြင်းပါပဲ။ ရာသီကုန်မှာ ကျွန်တော် လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မှာပါ” ဟု အသက် ၃၃ နှစ်အရွယ် ဆာလာက ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်များတွင် ဗီဒီယိုတစ်ခုတင်ကာ အဆိုပါ သတင်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဆာလာအနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလက အသင်းနှင့် နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသော်လည်း ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ နှစ်ဖက် သဘောတူညီမှုရရှိခဲ့ပြီးနောက် ၎င်းအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း လီဗာပူးလ်အသင်းက ဆိုသည်။
မြင့်မားသော စံချိန်မှတ်တမ်းများကို စွမ်းဆောင်နိုင်ခဲ့သည့် ၎င်းအနေဖြင့် ကွင်းတွင်းခြေစွမ်းအရ ခက်ခဲသော ရာသီတစ်ခုကို ဖြတ်သန်းနေရသည်။ ဆာလာမှာ ယခုရာသီ၌ ပြိုင်ပွဲစုံတွင် ၃၄ ပွဲ ပါဝင်ကစားခဲ့ရာ ၁၀ ဂိုး သွင်းယူထားသည့်အတွက် ၂၀၁၇ ခုနှစ်တွင် လီဗာပူးလ်အသင်းသို့ ရောက်ရှိလာပြီးနောက် ၎င်းအတွက် သွင်းဂိုးအနည်းဆုံးရာသီ ဖြစ်လာဖွယ်ရှိသည်။
ထို့အတူ ကွင်းပြင်ပ ပြဿနာများကလည်း အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်လျက်ရှိသည်။ ဒီဇင်ဘာလတွင် လိဒ်စ်အသင်းနှင့် ၃ ဂိုးစီ သရေကျပြီးနောက် ဆာလာက ၎င်းအနေဖြင့် အသင်း၏ ပစ်ပယ်ခြင်းကိုခံနေရသည်ဟု ပြောကြားခဲ့ပြီး နည်းပြချုပ် အာနယ် ဆလော့နှင့် ၎င်း၏ဆက်ဆံ‌ရေးမှာလည်း ပြိုကွဲသွားပြီဟု ဖွင့်ဟပြောဆိုခဲ့သည်။
၎င်းအနေဖြင့် ဇန်နဝါရီလတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟူသော မှန်းဆချက်များ ထွက်ပေါ်ခဲ့သော်လည်း ၎င်းမှာ အာဖရိကနိုင်ငံများဖလားတွင် ပါဝင်ကစားခဲ့ပြီးနောက် အသင်းထံ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
ဆာလာအနေဖြင့် လာမည့်ရာသီတွင် မည်သည့်အသင်း၌ ပြောင်းရွှေ့ကစားမည်ဆိုသည်မှာ မရေမရာရှိနေဆဲဖြစ်သည်။ ဆာလာအနေဖြင့် အသင်းပရိသတ်များကို ကျေးဇူးတင်ကြောင်းနှင့် လေးစားမှုရှိကြောင်း ပြသရန်နှင့် ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ဖြစ်စေရန်အတွက် ယခုကဲ့သို့ စောစီးစွာကြေညာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု လီဗာပူးလ်အသင်းက ပြောကြားခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က လီဗာပူးလ်အသင်းနှင့် ဘရိုက်တန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာ အသင်းအတွက် ဒုတိယဂိုးကို ဖန်တီးပေးပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က လီဗာပူးလ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းမှ မိုဟာမက် ဆာလာနှင့် အက်စတွန်ဗီလာ ကစားသမားလေးဦး ရင်ဆိုင်တွေ့နေစဉ် (ဆင်ဟွာ)

………………
(English Version)
Salah to leave Liverpool at end of season
LONDON, March 24 (Xinhua) — Mohamed Salah announced on Tuesday that he will leave Liverpool FC at the end of the season, bringing an end to his remarkable spell at Anfield.
The 33-year-old confirmed the news in a video posted on his social media accounts, saying: “Unfortunately the day has come. This is the first part of my farewell,” before adding, “I will be leaving Liverpool at the end of the season.”
Although Salah signed a new two-year contract with the club in April 2025, Liverpool said both parties had “reached an agreement” regarding his future, allowing him to leave on a free transfer.
By his own high standards, it has been a difficult campaign on the pitch. Salah has scored 10 goals in 34 appearances in all competitions, putting him on course for his lowest seasonal tally since joining the club in 2017.
Off-field issues have also played a part. After a 3-3 draw with Leeds in December, Salah said he had been “thrown under the bus” by the club and revealed that his relationship with head coach Arne Slot had broken down.
Although there was speculation about a January exit, he returned to the squad after his involvement in the Africa Cup of Nations.
It remains unclear where Salah will play next season. Liverpool said he chose to make the announcement early out of “respect and gratitude” for the supporters and to provide clarity about his future.
English Caption 1
Liverpool’s Mohamed Salah applauds the supporters after the English Premier League match between Liverpool FC and Brighton & Hove Albion FC in Liverpool, Britain, on Dec. 13, 2025. (Xinhua)
English Caption 2
Liverpool’s Mohamed Salah celebrates after assisting the second goal during the English Premier League match between Liverpool FC and Brighton & Hove Albion FC in Liverpool, Britain, on Dec. 13, 2025. (Xinhua)
English Caption 3
Liverpool’s Mohamed Salah takes on four Aston Villa players during the English Premier League match between Liverpool FC and Aston Villa FC in Liverpool, Britain, on Nov. 1, 2025. (Xinhua)