Africa & Middle East
အမေရိကန်က မြေပြင်၌ “မိုက်မဲသော” လုပ်ရပ်များ လုပ်ဆောင်မည်ဆိုလျှင် အီရန်က ဘက်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားတွင် စစ်မျက်နှာဖွင့်လှစ်နိုင်ဟု ဆို
တီဟီရန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖွင့်နိုင်ရန်အတွက် မြေပြင်၌ “မိုက်မဲသော” လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းမည်ဆိုပါက အီရန်ကလည်း ဘက်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားတွင် အမေရိကန်ကို စစ်မျက်နှာ ထပ်မံဖွင့်လှစ်နိုင်ကြောင်း အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်း ဆက်နွှယ်သည့် တက်စ်နင် သတင်းဌာနက မတ် ၂၅ ရက်၌ ဖော်ပြခဲ့သည်။
“ရန်သူတွေက အီရန်ရဲ့ကျွန်းတွေနဲ့ ကျွန်တော်တို့ရဲ့ နယ်မြေတွေထဲက တခြားနေရာတစ်ခုခုကို မြေပြင်ကနေ တိုက်ခိုက်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဒါမှမဟုတ် ပါရှန်းပင်လယ်ကွေ့နဲ့ အိုမန်ပင်လယ်မှာ ရေတပ်လှုပ်ရှားမှုတွေနဲ့ အီရန်ကို ထိခိုက်ဆုံးရှုံးမှုဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးပမ်းမယ်ဆိုရင် အဲဒီလုပ်ရပ်တွေ ထိရောက်မှုမရှိအောင်နဲ့ နှစ်ဆပြန်ပြီးပေးဆပ်ရအောင် တခြားစစ်မျက်နှာတွေကို အလစ်အငိုက် ဖွင့်လှစ်သွားမှာပါ” ဟု စစ်ဘက်သတင်းရင်းမြစ် တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ တက်စ်နင်သတင်းဌာနက ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ ရန်သူ့ရှေ့တန်းမျက်နှာစာမှာ ပြင်ဆင်လှုပ်ရှားမှုတွေနဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေကို မျက်ခြည်မပြတ်စေဘဲ အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။
ဘက်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားသည် ကမ္ဘာပေါ်၌ မဟာဗျူဟာ အချက်အချာကျသည့် ရေကြောင်းလမ်းတစ်ခုဖြစ်ကြောင်း၊ အီရန်အနေဖြင့် အဆိုပါ ရေလက်ကြားကို အလုံးစုံထိရောက်မှုရှိသည့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ရန် ဆန္ဒရှိနေသလို ယင်းသို့လုပ်ဆောင်နိုင်စွမ်းလည်းရှိကြောင်း ၎င်းသတင်းရင်းမြစ်က ဆက်လက်ပြောသည်။
ပင်တဂွန် စစ်ဌာနချုပ်က အမေရိကန်၏ အမှတ်-၈၂ အထူးလေကြောင်းချီတပ်မမှ ထောင်နှင့်ချီသည့် တပ်ဖွဲ့ဝင်များကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်နေစဉ် ယခုအခြေအနေများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်၌ အစ္စရေးနှင့် အမေရိကန်တို့က တီဟီရန်နှင့် အခြားသော အီရန်မြို့များကို ပူးတွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အီရန်ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီနှင့် အဆင့်မြင့် တပ်မှူးများအပြင် အရပ်သားများလည်း သေဆုံးခဲ့သည်။ အီရန်ဘက်ကလည်း ယင်းအား တုံ့ပြန်သည့်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသရှိ အစ္စရေးနှင့် အမေရိကန်တို့၏ စစ်စခန်းများနှင့် ပိုင်ဆိုင်မှုများကို ပစ်မှတ်ထား၍ ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် အီရန်က ဟော်မုဇ်ရေလက်ကြားကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ကာ အစ္စရေးနှင့် အမေရိကန်တို့ ပိုင်ဆိုင်သည့် သို့မဟုတ် ၎င်းတို့နှင့်ဆက်နွှယ်သည့် သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့၌ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သည့် အီရန် အဆင့်မြင့်တပ်မှူးများအတွက် ပြုလုပ်သော စျာပနအခမ်းအနားသို့ တက်ရောက်လာသူများကို ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………….
(English Version)
Iran could open battlefront in Bab el-Mandeb Strait if U.S. takes “stupid” actions on ground: media
TEHRAN, March 25 (Xinhua) — Iran could open another battlefront against the United States in the Bab el-Mandeb Strait if Washington seeks “stupid” actions on the ground to open the Strait of Hormuz, the semi-official Tasnim news agency reported on Wednesday.
“If the enemy seeks to take any action on the ground in Iranian islands or any other location in our lands, or inflict any cost on Iran through naval movements in the Persian Gulf and Sea of Oman, we will open other battlefronts against it as a surprise so that its actions will not only fail to be beneficial, but will also double its costs,” Tasnim quoted a military source as saying.
The source said, “We constantly monitor the preparations in and developments of the enemy’s front and keep them under surveillance.”
The Bab el-Mandeb Strait is among the world’s strategic waterways, and Iran has the will and capability to produce completely credible threats against it, the source added.
The developments come as Pentagon is reportedly expected to send thousands of soldiers from the U.S. Army’s elite 82nd Airborne Division to the Middle East.
On Feb. 28, Israel and the United States launched joint attacks on Tehran and several other Iranian cities, killing Iran’s then-Supreme Leader Ali Khamenei, along with senior military commanders and civilians. Iran responded by launching waves of missile and drone strikes targeting Israel and U.S. bases and assets in the Middle East.
Iran also exercised tight control over the Strait of Hormuz by denying safe passage to vessels belonging to or affiliated with Israel and the United States.
English Caption 1
Iranian soldiers patrol the Strait of Hormuz in southern Iran, April 30, 2019. (Xinhua/Ahmad Halabisaz)
English Caption 2
People attend a funeral held for Iranian high-ranking military commanders killed during strikes launched by the United States and Israel against Iran in Tehran, Iran, March 11, 2026. (Xinhua/Shadati)
