Connect with us

Eastern Europe

အလေးချိန် ၁၀၀ ဂရမ်ထက်ပိုသော ရွှေချောင်းများ တင်ပို့မှုကို ရုရှားနိုင်ငံ တားမြစ်မည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အမေရိကန်သဘာဝသမိုင်းပြတိုက်၌ ပြသထားသည့် နယူးယောက်ဖက်ဒရယ်အရန်ဘဏ်၏ ရွှေချောင်းများကို ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ၂၀၂၆ ခုနှစ် မေ ၁ ရက်မှစ၍ ရုရှားနိုင်ငံမှ အလေးချိန် ၁၀၀ ဂရမ်ထက်ပိုသော သန့်စင်ပြီးသား ရွှေချောင်းများ တင်ပို့မှုအား တားမြစ်သည့် အမိန့်တစ်ရပ်ကို ခြွင်းချက်များစွာဖြင့် လက်မှတ်ရေးထိုးလိုက်ကြောင်း တရားဝင်ဥပဒေဆိုင်ရာ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် စာရွက်စာတမ်းတစ်ခုကို ကိုးကား၍ TASS သတင်းဌာနက မတ် ၂၅ ရက်၌ သတင်းဖော်ပြခဲ့သည်။
“လူပုဂ္ဂိုလ်၊ တရားဝင်အဖွဲ့အစည်းနဲ့ တစ်ဦးချင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ ရုရှားနိုင်ငံမှ စုစုပေါင်းအလေးချိန် ၁၀၀ ဂရမ်ထက်ပိုတဲ့ သန့်စင်ပြီးသား ရွှေချောင်းတွေ တင်ပို့ခြင်းအား ၂၀၂၆ ခုနှစ် မေ ၁ ရက်ကစပြီး တားမြစ်လိုက်ပါတယ်” ဟု စာရွက်စာတမ်း၌ ဖော်ပြထားသည်။
ခွင့်ပြုချက်ထုတ်ပေးပြီးဖြစ်သော သန့်စင်ပြီးသား ရွှေချောင်းများအား နိုင်ငံတကာလေဆိပ်အချို့ရှိ နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တင်ပို့ခြင်းများကိုမူ ခြွင်းချက်များအဖြစ် တောင်းခံနိုင်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Russia to ban export of gold bars over 100 grams
MOSCOW, March 25 (Xinhua) — Russian President Vladimir Putin has signed a decree banning the export from Russia of refined gold in bars weighing more than 100 grams as of May 1, 2026, with a number of exceptions, TASS news agency reported Wednesday, citing a document published on the official legal information website.
“As of May 1, 2026, a ban is hereby imposed on the export from the Russian Federation of refined gold in bars with a total weight of more than 100 grams by individuals, legal entities and individual entrepreneurs,” the document said.
Exceptions apply to exports of refined gold bars via air border checkpoints at some international airports, provided that a permit has been issued. ■
English Caption
The photo taken on Nov.14, 2006 shows the gold ingots of the Federal Reserve Bank of New York displayed at American Museum of Natural History in New York. (Xinhua/Zhao Peng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.