Connect with us

Asia

အာရှ-ပစိဖိတ် အသိုက်အဝန်း – တရုတ်နိုင်ငံ၏ အန်ကောနေရာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းက ကမ္ဘောဒီးယားနိုင်ငံ၏ အတိတ်ကို ထိန်းသိမ်းပေးပြီး အနာဂတ်ကို တံတားခင်းပေးရာတွင် အထောက်အကူပြု

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ အန်ကောဝပ်ဘုရားကျောင်းတွင် နေထွက်ချိန်ကို ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ ၁၀ ရာစုခေတ်က Royal Palace of Angkor Thom ပြုပြင်ထိန်းသိမ်းရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများအကြောင်း မော်ကွန်းတင်ထားသည့် မှတ်တမ်းရုပ်ရှင်က ကမ္ဘောဒီးယားနိုင်ငံ မြို့တော်တွင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် လူအများအာရုံစိုက်ခြင်းခံခဲ့ရကာ မေ့လျော့ခံ ခမာလူမျိုးတို့၏ အဖိုးတန်ရတနာနှင့် အဆိုပါ ရတနာ ပြန်လည်ရှင်သန်နိုးကြားလာခြင်း၏ နောက်ကွယ်မှ နိုင်ငံဖြတ်ကျော် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အမှတ်ရစေသည်။

“အန်ကော၏ တော်ဝင်နန်းတော် ပြန်လည်ရှင်သန်နိုးကြားလာခြင်း” ဟု အမည်ပေးထားသည့် အဆိုပါ ရုပ်ရှင်ကို ဆင်ဟွာသတင်းဌာနက ၂၀၂၅ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ထားခြင်းဖြစ်ပြီး အချိန်ကာလရွေ့လျားမှုအရ ပျောက်ကွယ်သွားပြီဖြစ်သည့် တစ်ချိန်က ကြီးကျယ်ခမ်းနားသော ခမာဘုရင်များ စံမြန်းရာ Angkor Thom ၏ ဗဟိုချက်ရှိ ‌တော်ဝင်နန်းတော်ပြန်လည်ဖော်ထုတ်ရန် ကြည့်ရှုသူများအား ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း တောတွင်းများဆီသို့ ပို့ဆောင်ပေးသည်။ အဆိုပါ မှတ်တမ်းတင်ရုပ်ရှင်က ထိုမြင့်မြတ်သောနေရာကို မူလလက်ရာမပျက် ပြန်လည်ရှင်သန်လာစေရန် တရုတ်နှင့် ကမ္ဘောဒီးယား ပညာရှင်အဖွဲ့က ရိုးရာလက်မှုပညာရပ်များကို ခေတ်မီပြုပြင်ထိန်းသိမ်းရေး နည်းပညာများဖြင့် ပေါင်းစပ်၍ စေ့စပ်သေချာစွာ လုပ်ဆောင်နေပုံတွေကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။

ယင်းမှတ်တမ်းရုပ်ရှင်သည် နိုင်ငံနှင့် ဒေသ ၄၀ ကျော်မှ ရုပ်ရှင် ၁၅၀ ခန့်နှင့်အတူ ဖနွမ်းပင်မြို့ရှိ နေရာများစွာ၌ မတ် ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပသော ၁၅ ကြိမ်မြောက် ကမ္ဘောဒီးယား နိုင်ငံတကာရုပ်ရှင်ပွဲတော်၌ ပါဝင်ပြသလျက်ရှိသည်။ အဆိုပါ ရုပ်ရှင်ပွဲတော်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းရှိ အကြီးဆုံးရုပ်ရှင်ပွဲတော်များအနက် တစ်ခု ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီး Phoeurng Sackona က ပြောသည်။
“အန်ကော၏ တော်ဝင်နန်းတော် ပြန်လည်ရှင်သန်နိုးကြားလာခြင်း” မှတ်တမ်းရုပ်ရှင်သည် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်၏ ရှေးဟောင်းဘုရားကျောင်း ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဖော်ထုတ်ခြင်းအတွက် တရုတ်နိုင်ငံ၏ အရေးပါသော အကျိုးဆောင်မှုဖြစ်ကြောင်း ကမ္ဘောဒီးယား ရုပ်ရှင်ကော်မရှင် ညွှန်ကြားရေးမှူး Cheap Sovichea က ဆိုသည်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ အကျော်ကြားဆုံး ခရီးစဉ်ဒေသဖြစ်သော အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်တွင် ၉ ရာစုနှင့် ၁၃ ရာစုအကြား တည်ဆောက်ထားသော ရှေးဟောင်းဘုရားကျောင်း ၉၁ ကျောင်း တည်ရှိသည်။ ၎င်းဥယျာဉ်အား ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ကမ္ဘာတစ်ဝန်းမှ ပံ့ပိုးကူညီလျက်ရှိသလို ထိုသို့ပြုပြင်ထိန်းသိမ်းရာ၌ တရုတ်နိုင်ငံက အဓိကကျသော မိတ်ဖက်နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/bbbz

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ Chau Say Tevoda ဘုရားကျောင်းသို့ လာရောက်ကြသော ခရီးသွားဧည့်သည်များကို ‌တွေ့ရစဉ် (ဓာတ်ပုံ- Cambodia’s APSARA National Authority/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ East Mebon ဘုရားကျောင်း၏ ပျက်စီးနေသော မြောက်ဘက်ဂိတ် ပြုပြင်ထိန်းသိမ်းရေးနေရာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ANA/Handout via Xinhua)

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်ရှိ Beng Mealea ဘုရားကျောင်း၏ ပြုပြင်ထိန်းသိမ်းထားသော အရှေ့ဘက်လျှောက်လမ်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ANA/Handout via Xinhua)

…………………….
(English Version)
Asia-Pacific Community: China’s Angkor restoration efforts help preserve Cambodia’s past, build bridge for future
PHNOM PENH, March 26 (Xinhua) — A documentary chronicling China’s efforts to restore Cambodia’s 10th-century Royal Palace of Angkor Thom has gained much attention at an international film festival in the Cambodian capital, shining a light on a forgotten Khmer treasure and the cross-cultural collaboration behind its revival.
Titled “Reviving Angkor’s Royal Palace,” the film, produced by Xinhua News Agency in 2025, transports viewers into the jungles of northwest Cambodia to uncover the Royal Palace at the heart of Angkor Thom, a once-grand residence of Khmer kings that had been lost to time. It follows a team of Chinese and Cambodian experts as they work meticulously to breathe new life into the sacred site, blending traditional craftsmanship with modern conservation techniques.
The documentary is among roughly 150 films from more than 40 countries and regions selected for screening at the 15th Cambodia International Film Festival, which runs from March 24 to 29 across venues in Phnom Penh. The festival has evolved into one of the largest film events in Cambodia and the Association of Southeast Asian Nations, Phoeurng Sackona, Cambodia’s Minister of Culture and Fine Arts, said.
“Reviving Angkor’s Royal Palace” highlights China’s significant contribution to protecting and developing the ancient temples of the Angkor Archaeological Park, said Cheap Sovichea, director of the Cambodia Film Commission.
A UNESCO World Heritage Site and Cambodia’s most popular tourist destination, the Angkor Archaeological Park is home to 91 ancient temples built between the ninth and 13th centuries. Its preservation has drawn support from around the world, with China emerging as a key partner in its restoration. xhtxs.cn/bbbz
Photo 1: Tourists gather to watch the sunrise at the Angkor Wat temple in Siem Reap province, Cambodia on March 22, 2026. (Photo by Sao Khuth/Xinhua)
Photo 2: This undated photo shows tourists visiting the Chau Say Tevoda temple in Siem Reap province, Cambodia. (Cambodia’s APSARA National Authority/Handout via Xinhua)
Photo 3: This photo taken on Feb. 3, 2026 shows the restoration site of the ruined north gate of East Mebon Temple in Siem Reap province, Cambodia. (ANA/Handout via Xinhua)
Photo 4: This photo taken on Jan. 30, 2026 shows the restored eastern causeway of the Beng Mealea temple in Siem Reap province, Cambodia. (ANA/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.