International Organizations
ကမ္ဘာ့ချန်ပီယံဆု သုံးကြိမ်ဆွတ်ခူးထားသည့် နာမည်ကြီး စပိန်ကြက်တောင်အားကစားမယ် ကာရိုလီနာ မာရင် ကစားသမားဘဝမှ အနားယူတော့မည်ဟု ကြေညာ
မက်ဒရစ်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
နာမည်ကြီး စပိန်ကြက်တောင်အားကစားမယ် ကာရိုလီနာ မာရင်က ၎င်းအနေဖြင့် ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ပြင်းထန် ဒူးဒဏ်ရာကြောင့် အားကစားလောကမှ အနားယူတော့မည်ဖြစ်ကြောင်း မတ် ၂၆ ရက်၌ ကြေညာခဲ့သည်။
“ကျွန်မရဲ့ခရီးက ဒီမှာတင် အဆုံးသတ်သွားပါပြီ။ ဒီခရီးမှာ တစ်နည်းတစ်ဖုံနဲ့ ပါဝင်ခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစွန့်စားခန်းသစ်မှာ ကျွန်မကို ဒီနေ့ဒီအချိန်အထိ လမ်းပြပေးခဲ့တဲ့ စံတန်ဖိုးတွေကို ကျွန်မနဲ့အတူ အမြဲတမ်းသယ်ဆောင်သွားမှာဖြစ်ပြီး ဒီကာလအတွင်း ကျွန်မကို အပ်နှင်းထားတဲ့ အရာအားလုံးကိုလည်း လူ့အဖွဲ့အစည်းကို ပြန်ပြီးအပ်နှင်းဖို့ ကြိုးစားသွားမှာပါ” ဟု ၎င်းက ဆိုရှယ်မီဒီယာမှတစ်ဆင့် ရှင်းလင်းပြောဆိုခဲ့သည်။
၂၀၁၄ ၊ ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ကမ္ဘာ့ချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၆ ခုနှစ် ရီယိုဒီဂျနေးရိုး အိုလံပစ်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် အသက် ၃၂ နှစ်အရွယ် မာရင်၏ ကစားသမားဘဝမှာ အဆိုပါသတင်းကြောင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
ထို့ပြင် ၎င်းအနေဖြင့် ခုနစ်ကြိမ်တိုင်တိုင် ဥရောပချန်ပီယံဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌လည်း ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့သည်။
“ကျွန်မ စွမ်းဆောင်ခဲ့တဲ့ အရာအားလုံးအတွက် အင်မတန်ဂုဏ်ယူဝမ်းမြောက်ရင်း ကျွန်မရဲ့ စိတ်အားထက်သန်မှုကို ချန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆုဖလားတွေထက် ကွင်းတွင်းကွင်းပြင် နှစ်ခုစလုံးမှာ အားကစားလောကရဲ့ လေးစားမှုကို ရရှိခဲ့တဲ့အတွက်ရော ကျွန်မတို့နိုင်ငံမှာ ကြက်တောင်အားကစားကို အသိအမှတ်ပြုလာအောင်၊ ကြည့်ရှုအားပေးပြီး လေ့ကျင့်လာအောင် လုပ်နိုင်ခဲ့တဲ့အတွက်ပါ ဂုဏ်ယူပါတယ်” ဟု မာရင်က မှတ်ချက်ပြုခဲ့သည်။
၎င်းအနေဖြင့် ပဲရစ်အိုလံပစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်ကြက်တောင်အားကစားမယ် ဟယ်ပင်းကျောင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဟယ်မှာ ပဲရစ်တွင် ငွေတံဆိပ်ဆွတ်ခူးခဲ့ပြီးနောက် ဆုလက်ခံရယူသည့် စင်မြင့်ထက်၌ စပိန်အိုလံပစ်ကော်မတီ၏ အမှတ်တံဆိပ်ကို ဝတ်ဆင်လျက် မာရင်အား ဂုဏ်ပြုခဲ့သည်။
ယခုနှစ် ဧပြီလတွင် ၎င်း၏မွေးရပ်မြေဖြစ်သော ဟွယ်ဗာမြို့၌ ကျင်းပမည့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုကြောင်း မာရင်က အစောပိုင်းတွင် ပြောဆိုထားသော်လည်း နောက်ဆုံးတွင်မူ ၎င်း၏ခန္ဓာကိုယ်ကို ထပ်မံထိခိုက်မှုမဖြစ်စေလိုကြောင်း ဝန်ခံပြောဆိုခဲ့သည်။ (Xinhua)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်အားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် တရုတ်နိုင်ငံမှ ဟယ်ပင်းကျောင်းနှင့် ယှဉ်ပြိုင်ကစားစဉ် ဒဏ်ရာကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်နောက် ပရိသတ်များကို နှုတ်ဆက်နေသည့် စပိန်နိုင်ငံမှ ကာရိုလီနာ မာရင် (ယာ-ပထမ) အား ၂၀၂၄ ခုနှစ် ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(English Version)
Spanish badminton star Carolina Marin announces retirement after 3 World titles
MADRID, March 26 (Xinhua) — Spanish badminton star Carolina Marin announced on Thursday that she is retiring from the sport as a result of the serious knee injury which she suffered in the Paris Olympic Games in 2024.
“My journey ends here. Thank you all, because in one way or another you have all been a part of it. In this new adventure, I will always carry with me the values that have guided me until now and I will try to give back to society everything it has given me during this time. It has been a wonderful journey,” she explained on social media.
The news ends a career that saw the 32-year-old win the 2014, 2015 and 2018 World Championships, as well as the gold medal in Rio de Janeiro Olympics in 2016.
She was also a seven-time European champion and topped the world rankings.
“I leave my passion feeling very proud of everything I have achieved. But more than the titles, I am proud of having earned the respect of the sporting world, both on and off the court, and of having made badminton recognized, seen, and practiced in my country,” commented Marin.
Her injury came in the Olympic semifinal against Chinese player, He Bingjiao, who honored Marin by wearing a badge of the Spanish Olympic Committee on the podium after claiming a silver medal in Paris.
Marin had said previously that she wanted to compete in the forthcoming European championships in her hometown of Huelva this April, but in the end admitted she was unwilling to put her body at further risk.
English Caption 1
Carolina Marin of Spain competes during the badminton women’s singles semifinal match between He Bingjiao of China and Carolina Marin of Spain at the Paris 2024 Olympic Games in Paris, France, on Aug. 4, 2024. (Xinhua/Jia Haocheng)
English Caption 2
Carolina Marin (1st R) of Spain greets the audience after retiring from the badminton women’s singles semifinal match between He Bingjiao of China and Carolina Marin of Spain at the Paris 2024 Olympic Games in Paris, France, on Aug. 4, 2024. (Xinhua/Jia Haocheng)
