International Organizations
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးအဆင့် လက်မှတ်ရောင်းချမှု စတင်မည်
ဂျီနီဗာ၊ မတ် ၂၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမှုမှာ ဧပြီ ၁ ရက်တွင် စတုတ္ထနှင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲမပြီးဆုံးမီအထိ ကြာမြင့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ် ၂၅ ရက်၌ ကြေညာခဲ့သည်။
စတုတ္ထနှင့် နောက်ဆုံးလက်မှတ်ရောင်းချမှုအဆင့်၌ ဇွန်နှင့် ဇူလိုင်တွင် ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့၌ ကျင်းပရန် စီစဉ်ထားသည့် အသင်း ၄၈ သင်းပါဝင်မည့် အဆိုပါပြိုင်ပွဲအတွက် ပရိသတ်များအနေဖြင့် FIFA.com/tickets မှတစ်ဆင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်သည်။
လက်မှတ်များကို ဦးရာလူစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ဝယ်ယူပြီးနောက် ပရိသတ်များအနေဖြင့် ၎င်းတို့၏ထိုင်ခုံများကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ယခင်ရောင်းချမှုအဆင့်များမှ လက်မှတ်များကို ကိုင်ဆောင်ထားသူများအနေဖြင့်လည်း ၎င်းတို့အား ခွဲဝေသတ်မှတ်ထားသော ထိုင်ခုံများကို မြင်တွေ့နိုင်မည်ဖြစ်သည်။
“လက်မှတ်ရောင်းချမှုအဆင့်သုံးဆင့် ပြီးစီးသွားပြီဖြစ်တာကြောင့် ကမ္ဘာတစ်ဝန်းမှ ပရိသတ်အများအပြားက အကြီးမားဆုံး ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ထိုင်ခုံနေရာတွေကို ရရှိထားပြီးကြပါပြီ။ ကျပန်းရွေးချယ်မှုအဆင့်တစ်ဆင့်ထဲမှာတင် အများပြည်သူပရိသတ်တွေက လက်မှတ်တောင်းဆိုမှု သန်း၅၀၀ ကျော် တင်သွင်းခဲ့ပြီး ရောင်းချမှုကာလကုန်ဆုံးချိန် ဖေဖော်ဝါရီ ၂၇ ရက်မှာတော့ လက်မှတ်တစ်သန်းကျော် ရောင်းချရပြီးဖြစ်ပါတယ်” ဟု ဖီဖာက ၎င်း၏ထုတ်ပြန်ချက်တွင် ကြေညာခဲ့သည်။
“ပြိုင်ပွဲက ရက်ပေါင်း ၈၀ နီးပါးသာ လိုတော့တာကြောင့် ၁၉၉၄ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားတုန်းက စံချိန်တင်ခဲ့တဲ့ စုစုပေါင်းတက်ရောက်ကြည့်ရှုသူ ပရိသတ်ဦးရေ ၃.၅ သန်းစံချိန်ကို ယခုနှစ်ပြိုင်ပွဲမှာ ကျော်လွန်နိုင်မယ့်လမ်းကြောင်းပေါ် ရှိနေပါတယ်” ဟုလည်း ဖီဖာက ပြောကြားခဲ့သည်။ (Xinhua)

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံများရှိ မြို့ကြီးပေါင်း ၁၆ မြို့၌ ကျင်းပမည် (ဓာတ်ပုံ-Photo credit to FIFA)
………………
(English Version)
2026 World Cup to start final ticket sales
GENEVA, March 26 (Xinhua) — Ticket sales for the 2026 World Cup will enter their fourth and final phase on April 1 and run until the end of the tournament, FIFA announced on Wednesday.
The fourth and final ticket sales phase will allow fans to purchase tickets via FIFA.com/tickets for the 48-team tournament, which is scheduled to be held in Canada, Mexico and the United States in June and July.
The tickets will be sold on a first-come, first-served basis, and fans will be able to choose their seats after purchase. Ticket holders from previous phases will also be able to see the seats allocated to them.
“A historic number of fans from across the globe have already secured their spots at the biggest FIFA World Cup ever through the three ticketing phases completed so far. During the Random Selection Draw phase alone, more than 500 million ticket requests were submitted by members of the general public, resulting in over one million tickets being sold by the end of that sales period on February 27,” FIFA announced in its statement.
“With the tournament now under 80 days away, the cumulative attendance record of 3.5 million set at the 1994 FIFA World Cup is on course to be surpassed during this year’s competition,” FIFA claimed. ■
English Caption
This drone photo shows the Azteca Stadium in Mexico City, Mexico, March 3, 2026. (Xinhua/Li Muzi)
English Caption
The 2026 FIFA World Cup will be held across 16 cities in the United States, Canada and Mexico. (Photo credit to FIFA)
