Connect with us

International Organizations

ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာ တံကောက်ကြော ဒဏ်ရာရရှိ

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်း၏ စပိန်လာလီဂါပွဲစဥ်အတွင်း ဒဏ်ရာရရှိသွားသည့် ဘာစီလိုနာအသင်းမှ ရာဖင်ညာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ မတ် ၂၈ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်း၏ စပိန်လာလီဂါနှင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ချန်ပီယံဆု မျှော်လင့်ချက်များမှာ နိုင်ငံတကာပွဲစဉ်တွင် ရာဖင်ညာက တံကောက်ကြောဒဏ်ရာ ရရှိပြီးနောက် ကြီးမားသော ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်။
ပြင်သစ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော မတ် ၂၆ ရက် ခြေစမ်းပွဲတွင် ရာဖင်ညာမှာ ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က မတ် ၂၇ ရက်၌ အတည်ပြုခဲ့သည်။
အဆိုပါ တိုက်စစ်မှူးက ကုသမှုခံယူရန် ဘရာဇီးအသင်းမှ ဘာစီလိုနာသို့ ပြန်သွားမည်ဖြစ်သည်။
ရာဖင်ညာက ယခုရာသီတွင် ညာဘက်တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ရာသီအစောပိုင်းတွင် နှစ်လနီးပါး အနားယူခဲ့ရသည်။
ဘာစီလိုနာအသင်းအနေဖြင့် ဧပြီ ၄ ရက်၌ စပိန်လာလီဂါတွင် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် အဝေးကွင်း၌ ကစားရမည်ဖြစ်ပြီး လေးရက်အကြာတွင်လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့၌ ဒီယေဂို ဆီမြူနီ၏ အက်သလက်တီကို မက်ဒရစ်အသင်းနှင့်ပင် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့နောက် ဘာစီလိုနာသည် ဧပြီ ၁၁ ရက်တွင် စပိန်လာလီဂါ၌ အက်စ်ပန်ညိုနှင့် ဒါဘီပွဲကစားရမည်ဖြစ်ပြီး ဧပြီ ၁၄ ရက်တွင် ချန်ပီယံလိဂ်ဒုတိယအကျော့အတွက် မက်ထရိုပိုလီတာနိုကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။
ရာဖင်ညာက ယခုရာသီတွင် စပိန်လာလီဂါနှင့် ချန်ပီယံလိဂ်၌ ၂၇ ပွဲကစားပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် ဆီဗီလာအသင်း၏ စပိန်လာလီဂါပွဲစဥ်အတွင်း ထိုးဖောက်ကစားနေသည့် ဘာစီလိုနာအသင်းမှ ရာဖင်ညာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………..
(English Version)
FC Barcelona winger Raphinha suffers hamstring injury
MADRID, March 27 (Xinhua) — FC Barcelona’s La Liga and UEFA Champions League title hopes have suffered a big setback after Raphinha suffered a hamstring injury while on international duty.
The Brazilian Football Confederation confirmed on Friday that he suffered the injury in his right hamstring during Thursday’s 2-1 defeat to France in a friendly.
The forward will leave the Brazilian squad to return to Barcelona for treatment.
This is the second time Raphinha has suffered a right hamstring injury this season, having missed almost two months earlier in the campaign.
Barcelona plays away to Atletico Madrid in La Liga on April 4, before hosting Diego Simeone’s side in the first leg of their Champions League quarterfinal four days later.
After that, Barcelona entertains Espanyol in a derby in La Liga on April 11, and travel to the Metropolitano Stadium for the Champions League second leg on April 14.
Raphinha has scored 14 goals and given six assists in 27 appearances in La Liga and Champions League this season. ■
English Caption 1
Raphinha of FC Barcelona gets injured during a La Liga football match between FC Barcelona and Sevilla FC in Barcelona, Spain, Sept. 29, 2023. (Photo by Joan Gosa/Xinhua)
English Caption 2
Raphinha (R) of FC Barcelona breaks through during a La Liga football match between FC Barcelona and Sevilla FC in Barcelona, Spain, Sept. 29, 2023. (Photo by Joan Gosa/Xinhua)