Connect with us

Asia

(အာရှ-ပစိဖိတ် အသိုက်အဝန်း) လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အပျော်တမ်းအပြေးပြိုင်ပွဲတွင် လူပေါင်းရာနှင့်ချီ၍ ပါဝင်ကြ

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ရန်ပုံငွေ အပျော်တမ်းအပြေးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်လာသော ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ပင်း (ရှေ့တန်း အလယ်) ကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော်တွင် ၂၀၂၆ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သီတင်းပတ်နှင့် LMC ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် မတ် ၂၈ ရက်က မဲခေါင်မြစ်ကမ်းပါးတစ်လျှောက် ၅ ကီလိုမီတာ အပျော်တမ်းအပြေးပြိုင်ပွဲကို လူဦးရေရာနှင့်ချီ၍ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ခိုင်မာအားကောင်းသော မိတ်ဖက်ဆောင်ရွက်မှုနှင့် ထာဝရ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ပြသခြင်းလည်းဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး ပရက် ဆိုခွန်းက ပြောကြားခဲ့သည်။
“လန်ချန်း-မဲခေါင်မြစ်က မဲခေါင်မြစ်တစ်လျှောက် နိုင်ငံတွေအားလုံးကြား ပူးပေါင်းဆောင်ရွက်မှု၊ ကြံ့ကြံ့ခံမှုနဲ့ ကွန်ရက်ချိတ်ဆက်မှုရဲ့ ထင်ရှားတဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ လက်ရှိနဲ့ အနာဂတ်မျိုးဆက်တွေအနေနဲ့ တန်ဖိုးရှိလှတဲ့ ဒီအရင်းအမြစ်တွေကို ကာကွယ်ဖို့၊ စီမံခန့်ခွဲဖို့နဲ့ ထိန်းသိမ်းဖို့ တာဝန်ဝတ္တရားတွေနဲ့ ဘုံတာဝန်ယူမှုတာဝန်ခံမှုတွေ ကျွန်တော်တို့အားလုံးမှာရှိပါတယ်” ဟု ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုက တက်ကြွမှုအရှိဆုံးနှင့် အလားအလာအကောင်းဆုံး ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု ယန္တရား တစ်ခုဖြစ်လာကာ အဖွဲ့ဝင်နိုင်ငံများအားလုံး အကျိုးကျေးဇူးပြည့်ဝသော ရလဒ်များ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း ဆိုခွန်းက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/asiapacific/20260328/961c0f866f9b458ca168866a545e303e/c.html

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ရန်ပုံငွေ အပျော်တမ်းအပြေးပြိုင်ပွဲ၌ ပါဝင်ကြသူများကို ၂၀၂၆ ခုနှစ် မတ် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
Asia-Pacific Community: Hundreds join fun run in Cambodia to celebrate LMC’s 10th anniversary
PHNOM PENH, March 28 (Xinhua) — Hundreds of people took part in a 5-km fun run along the Mekong riverbank here in the capital of Cambodia on Saturday to celebrate the Lancang-Mekong Cooperation (LMC) Week 2026 and the LMC’s 10th anniversary.
Speaking at the event, Cambodian Deputy Prime Minister and Minister of Foreign Affairs and International Cooperation Prak Sokhonn said that the event reflected a strong partnership and long-lasting friendship among LMC member countries.
“The Lancang-Mekong river is a vivid symbol of cooperation, resilience and connectivity among all countries along the river,” he said. “We all have obligations and common responsibilities to protect, manage and preserve its valuable resources for the current and future generations.”
Sokhonn said that over the past decade, the LMC had become the most dynamic and promising sub-regional cooperation mechanism, delivering fruitful results to all member countries.
https://english.news.cn/asiapacific/20260328/961c0f866f9b458ca168866a545e303e/c.html
Photo 1: Chinese Ambassador to Cambodia Wang Wenbin (C, front) attends an awarding ceremony during a Lancang-Mekong Cooperation (LMC) fun run in Phnom Penh, Cambodia, on March 28, 2026. (Photo by Phearum/Xinhua)
Photo 2: People take part in a Lancang-Mekong Cooperation (LMC) fun run in Phnom Penh, Cambodia, on March 28, 2026. (Photo by Phearum/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.