International Organizations
ဖလာမင်ဂိုအသင်းက ဂျာဒင်အား မန်နေဂျာအသစ်အဖြစ် ခန့်အပ်
ရီယိုဒီဂျနေးရိုး၊ မတ် ၅ ရက် (ဆင်ဟွာ)
မိုနာကိုနှင့် စပို့တင်းလစ်စဘွန်းအသင်းတို့၏ မန်နေဂျာဟောင်း လီယိုနာဒို ဂျာဒင်အား ဖလာမင်ဂိုအသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယင်းဘရာဇီးစီးရီးအေအသင်းက မတ် ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
၂၀၂၆ ရာသီအစတွင် မတည်မငြိမ်ဖြစ်ပြီးနောက် မတ် ၃ ရက်၌ ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် ဖီလစ်ပီလူးဝစ်၏ နေရာတွင် အသက် ၅၁ နှစ်အရွယ် ဂျာဒင်က အစားထိုးဝင်ရောက်လာခြင်းဖြစ်သည်။
“ပေါ်တူဂီနည်းပြ ဂျာဒင်က ၂၀၂၇ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုထားပြီး သူ့ရဲ့ ပထမဆုံးလေ့ကျင့်ရေးကိုတောင် တာဝန်ယူနေပါပြီ” ဟု ဖလာမင်ဂိုအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းအား ပြင်သစ်လီဂူး ၁ ချန်ပီယံဆုရရှိစေရန် လမ်းညွှန်ပေးခဲ့သော ဂျာဒင်သည် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာတွင် ခရူဇီယိုအသင်းနှင့် လမ်းခွဲပြီးချိန်မှစ၍ အလုပ်လက်မဲ့ဖြစ်နေခဲ့သည်။
ဖလာမင်ဂိုအသင်းက လက်ရှိတွင် ဘရာဇီးအသင်း ၂၀ ပါဝင်သော စီးရီးအေဇယားတွင် ရာသီအစသုံးပွဲ၌ ရမှတ်လေးမှတ်ဖြင့် အဆင့် ၁၁ နေရာတွင် ရှိနေကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Flamengo names Jardim as new manager
RIO DE JANEIRO, March 5 (Xinhua) — Former Monaco and Sporting Lisbon manager Leonardo Jardim has been appointed head coach of Flamengo, the Brazilian Serie A side said on Wednesday.
The 51-year-old replaces Filipe Luis, who was dismissed on Tuesday after an inconsistent start to the 2026 season.
“The Portuguese coach has signed a contract until December 2027 and has already taken charge of his first training session,” read a statement on Flamengo’s official website.
Jardim, who guided Monaco to the French Ligue 1 title in 2017, had been out of work since parting ways with Cruzeiro in December last year.
Flamengo is currently 11th in Brazil’s 20-team Serie A standings with four points from the first three games of the season. ■
English Caption
Players of CR Flamengo pose for photos before the round of 16 match between CR Flamengo of Brazil and Bayern Munich of Germany at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, Florida, the United States, June 29, 2025. (Xinhua/Xu Chang)
