North America
အီရန်စစ်ပွဲ မည်မျှကြာဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိခြင်းနှင့်စပ်လျဉ်း၍ ထရမ့်က “အချိန်ကန့်သတ်ချက် မရှိ” ဟုဆို
ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံနှင့် စစ်ပွဲ မည်မျှကြာအောင် ဆက်လက်ဖြစ်ပွားနိုင်သည်နှင့်ပတ်သက်၍ “အချိန်အကန့်အသတ်မရှိ” ဟု အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်း မတ် ၅ ရက်၌ ထုတ်ပြန်ခဲ့သည့် Time မဂ္ဂဇင်းနှင့် အင်တာဗျူးအရ သိရသည်။
“ကျွန်တော့်မှာ ဘယ်အရာကိုမှ အချိန်ကန့်သတ်ချက် မရှိပါဘူး” ဟု ထရမ့်က Time မဂ္ဂဇင်းနှင့် မတ် ၄ ရက်၌ ဖုန်းခေါ်ဆိုမှုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်လည်း ဒါကို အပြီးသတ်လုပ်ဆောင်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယခုသီတင်းပတ်အစောပိုင်းတွင်မူ ထရမ့်က အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများမှာ သီတင်းပတ်လေးပတ်မှ ငါးပတ်အထိ ကြာမြင့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ယင်းစစ်ဆင်ရေးကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။
ထရမ့်က အီရန်နိုင်ငံအား နျူကလီးယားလက်နက်များ သို့မဟုတ် ပဲ့ထိန်းဒုံးကျည်များ မတီထွင်နိုင်အောင် တားဆီးခြင်းနှင့် အီရန်နိုင်ငံအား ဦးဆောင်ရန် “ဆင်ခြင်တုံတရားရှိပြီး ဉာဏ်ရည်ထက်မြက်သူ” ကို ခန့်အပ်ခြင်း အပါအဝင် အဆိုပါ ပဋိပက္ခ၏ ရည်ရွယ်ချက်များစွာကိုလည်း ဖော်ပြခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထရမ့်၏ အီရန်အပေါ် တိုက်ခိုက်မှုများအား ထိန်းချုပ်ရန် ရည်ရွယ်သည့် စစ်ပွဲအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို ရီပက်ဘလီကန်ပါတီဝင်များ ကြီးစိုးသော အမေရိကန်အောက်လွှတ်တော်က မတ် ၅ ရက်၌ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။ ယင်းမှာ အလားတူအစီအမံတစ်ခုအား အထက်လွှတ်တော်တွင် ရှေ့မဆက်နိုင်ခဲ့သည့်နောက် တစ်ရက်အကြာတွင် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Trump says he has “no time limits” on how long Iran war could continue
WASHINGTON, March 5 (Xinhua) — U.S. President Donald Trump said he has “no time limits” on how long the war with Iran could continue, according to an interview with Time published Thursday.
“I have no time limits on anything,” Trump said in a phone call with Time on Wednesday. “I want to get it done.”
Earlier this week, Trump said he was expecting the U.S.-Israeli strikes against Iran would last four to five weeks. The operation began on Feb. 28.
Trump also outlined several objectives for the conflict, including preventing Iran from developing nuclear weapons or ballistic missiles, and installing “somebody that is rational and sane” to lead Iran, the report said.
The Republican-held U.S. House of Representatives on Thursday failed to pass a war powers resolution aiming at reining in Trump’s attacks on Iran, one day after a similar measure failed to advance in the Senate. ■
English Caption
People protest against U.S. military attack on Iran in San Francisco, the United States, on March 2, 2026. (Photo by Ziyu Julian Zhu/Xinhua)
