Eastern Europe
ရုရှားအစိုးရက ယူကရိန်းနိုင်ငံတွင် ယာယီအပစ်အခတ်ရပ်စဲရေး မဟုတ်ဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ရှာဖွေနေကြောင်း ကရင်မလင် ထုတ်ပြန်
မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခတွင် ယာယီအပစ်အခတ်ရပ်စဲရေးကို လက်မခံဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် တိုက်တွန်းကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။
အီစတာပွဲတော်အခါသမယအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ မတ် ၃၀ ရက်က အဆိုပြုချက်ကို တုံ့ပြန်သည့်အနေဖြင့် ပက်စ်ကော့ဗ်က ဇယ်လန်းစကီး၏ အဆိုပြုချက်မှာ ရှင်းလင်းသော အစီအစဉ်တစ်ခု မဟုတ်ကြောင်း၊ ယူကရိန်းအတွက် ငြိမ်းချမ်းရေး၏ တန်ဖိုးမှာ အချိန်နှင့်အမျှ တိုးလာမည်ဖြစ်သောကြောင့် အပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြေရှင်းချက်ကို ချက်ချင်းလုပ်ဆောင်သင့်ကြောင်း ထောက်ပြခဲ့သည်။
“ဇယ်လန်းစကီးအနေနဲ့ တာဝန်ယူပြီး သင့်လျော်တဲ့ ဆုံးဖြတ်ချက် ချရမယ်လို့ ကျွန်တော်တို့ ထပ်လောင်းပြောကြားအပ်ပါတယ်၊ ဒါမှပဲ အပစ်အခတ်ရပ်စဲရေးတင်မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ရရှိမှာပါ” ဟု ပက်စ်ကော့ဗ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံ၌ ယခုနှစ်တွင် အော်သိုဒေါ့စ်အီစတာပွဲတော်ကို ဧပြီ ၁၂ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Moscow seeks lasting peace, not temporary truce in Ukraine: Kremlin
MOSCOW, March 31 (Xinhua) — Russia does not accept a temporary truce in the conflict in Ukraine and instead calls for lasting peace, Kremlin spokesperson Dmitry Peskov said Tuesday.
In response to Ukrainian President Volodymyr Zelensky’s proposal for an Easter ceasefire on Monday, Peskov said that Zelensky’s proposal did not constitute a clear initiative, noting that Zelensky should immediately pursue a durable peace settlement rather than a ceasefire, as the price of peace for Ukraine will only grow over time.
“We reiterate that Zelensky must take responsibility and make the appropriate decision so that we achieve peace, not just a truce,” Peskov said at a news briefing.
This year, Orthodox Easter will be celebrated in Ukraine and Russia on April 12. ■
English Caption
This photo taken on April 21, 2025 shows a view of the Kremlin in Moscow, Russia. (Xinhua/Cao Yang)
