Connect with us

International Organizations

ဂေ့ါဇီက ဖရန့်ဖွတ်အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဘာစီလိုနာအသင်းနှင့် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ ပက်ဒရီ (ဝဲ-ပထမ) နှင့် ဖရန့်ဖွတ်အသင်းမှ မာရီယို ‌ဂေ့ါဇီတို့ (အလယ်) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အိန်းထရက်ချ် ဖရန့်ဖွတ်အသင်း ကွင်းလယ်ကစားသမား မာရီယို ဂေ့ါဇီမှာ အသင်းနှင့် နှစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ရာ ၂၀၂၈ ခုနှစ် ဇွန်လအထိ အသင်း၌ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘောလုံးရာသီမတိုင်မီ ပီအက်စ်ဗီအသင်းမှ ဖရန့်ဖွတ်အသင်းထံ ပြောင်းရွှေ့ခဲ့သည့် အဆိုပါ အသက် ၃၃ နှစ်အရွယ် ကစားသမားမှာ ဖရန့်ဖွတ်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်သည်။ ဖရန့်ဖွတ်အသင်း၏ အသင်းခေါင်းဆောင် ခြောက်ဦးအနက် တစ်ဦးဖြစ်သော ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဆုရှင် ဂေ့ါဇီသည် ပြိုင်ပွဲစုံ ၁၄၈ ပွဲ ကစားခဲ့ရာ ၁၂ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားသလို အသင်းအတွက် မိနစ် ၁၀,၂၀၀ ကျော် ပါဝင်ကစားထားသူလည်းဖြစ်သည်။
ဂေ့ါဇီမှာ ယခုရာသီတွင်လည်း ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူဖြစ်ကာ ဘွန်ဒက်စ်လီဂါ၊ ချန်ပီယံလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲတို့တွင် ၂၆ ပွဲ ပါဝင်ကစားခဲ့သည်။ ဖရန့်ဖွတ်နည်းပြသစ် အဲလ်ဘတ် ရီအယ်ရာလက်ထက်တွင် ၎င်းအနေဖြင့် ကစားခွင့်ရရှိနိုင်မည့် ပွဲစဉ် ၇ ပွဲအနက် ၄ ပွဲ ကစားခွင့်ရရှိထားကာ ငယ်ရွယ်ပျိုမျစ်သော အသင်းအတွက် ၎င်း၏အတွေ့အကြုံများဖြင့် ဆက်လက်အကူအညီပေးလျက်ရှိသည်။
“အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းက ကျွန်တော့်အတွက် သိပ်ကိုအရေးပါပါတယ်” ဟု ဂေ့ါဇီက ဆိုသည်။ “ကျွန်တော် ဒီအသင်းမှာရှိနေတာ လေးနှစ်နီးပါးရှိနေပြီဖြစ်ပြီး အခုအချိန်အထိ သိပ်ကိုကြည်နူးစရာကောင်းတဲ့ ကာလတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
“ဘောလုံးကစားသမားဘဝဆိုတာ ကန့်သတ်ချက်တွေရှိမှန်း ကျွန်တော်သိပါတယ်။ အဲဒါကြောင့် ကွင်းထဲမှာ ဘောလုံးကစားရတဲ့ အခိုက်အတန့်အားလုံးနဲ့ အားကစားကွင်းထဲမှာ ရှိနေရတဲ့ အခိုက်အတန့်အားလုံးကို တန်ဖိုးထားပါတယ်။ ဒီအသင်းကနေရော ဘောလုံးအားကစားကနေပါ ရရှိနေတဲ့ ပျော်ရွှင်မှုတွေက စာချုပ်သက်တမ်းတိုးဖို့ ယုံကြည်မှုတွေ ရရှိစေပါတယ်” ဟု ၎င်းက ပြောသည်။
ဖရန့်ဖွတ်အသင်း အားကစားဒါရိုက်တာ မားကက်စ် ခရော့ရှေးက အဆိုပါ ကွင်းလယ်ကစားသမား၏ လွှမ်းမိုးသက်ရောက်နိုင်စွမ်းကို အလေးထားပြောဆိုခဲ့ပြီး ၎င်းသည် အလွန်အရေးပါသည့် ကစားသမားတစ်ဦးဖြစ်သလို အသင်းနှင့် ကလပ်အတွက် တန်းတူအရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ညွှန်းဆိုခဲ့သည်။ ဂေ့ါဇီမှာ ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်တွင် အရာအားလုံးနီးပါးကို ကြုံတွေ့ဖူးသူဖြစ်ပြီး ယခုအခါ ၎င်း၏အသိအမြင်များကို လူငယ်ကစားသမားများအား မျှဝေပေးလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။
၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့် မူလစာချုပ်ကို ထပ်မံသက်တမ်းတိုးခဲ့ခြင်းမှာ ပြည်တွင်းနှင့် ဥရောပပြိုင်ပွဲများတွင် ယှဉ်ပြိုင်လျက်ရှိသည့် ဖရန့်ဖွတ်အသင်းအား အတွေ့အကြုံရှိ၍ ဦးဆောင်မှုပေးနိုင်သည့် ကစားသမားများဖြင့် ဝန်းရံတည်ဆောက်သွားမည့် အစီအစဉ်ကို အားဖြည့်လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။ အသင်းအနေဖြင့် လက်ရှိစိန်ခေါ်မှုများကို ရင်ဆိုင်ရန် အသင့်ရှိနေသလို အောင်မြင်မှုများ ထပ်မံရယူနိုင်ရန်လည်း မျှော်မှန်းထားဆဲဖြစ်ကြောင်း၊ ၎င်းအနေဖြင့်လည်း ပြည်တွင်းဆုဖလား အောင်မြင်မှုကို ထပ်မံရယူရန် ရည်မှန်းထားကြောင်း ဂေ့ါဇီက ဆိုသည်။
ဖရန့်ဖွတ်အသင်းမှာ ဘွန်ဒက်စ်လီဂါတွင် ၂၇ ပွဲ ကစားပြီးချိန်တွင် ၃၈ မှတ် ရရှိထားကာ ဖရိုင်းဘတ်အသင်းထက် တစ်မှတ်အသာဖြင့် အဆင့်-၇ ၌ ရပ်တည်လျက်ရှိသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ဖရန့်ဖွတ်အသင်းနှင့် မိန့်ဇ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် ဖရန့်ဖွတ်အသင်းမှ မာရီယို ‌ဂေ့ါဇီ (အလယ်) အား တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ နေပယ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က နာပိုလီအသင်းနှင့် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်၌ နာပိုလီအသင်းမှ အယ်လ်ဂျစ်ဖ် အယ်လ်မက်စ် (ယာ) နှင့် ဖရန့်ဖွတ်အသင်းမှ မာရီယို ‌ဂေ့ါဇီတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Gotze signs two-year extension at Eintracht
BERLIN, April 1 (Xinhua) — Mario Gotze has signed a two-year contract extension with Eintracht Frankfurt, committing his future to the Eagles until June 2028.
The 33-year-old, who joined Frankfurt from PSV Eindhoven ahead of the 2022-23 season, has grown into a leading figure within the squad. One of six team captains, the 2014 World Cup winner has made 148 appearances across all competitions, scoring 12 goals and providing 18 assists while logging more than 10,200 minutes on the pitch.
Gotze has also remained a regular presence this season, featuring in 26 matches in the Bundesliga, UEFA Champions League and DFB-Pokal. Under new head coach Albert Riera, he has made four appearances from a possible seven while continuing to offer experience in a relatively young squad.
“Eintracht Frankfurt means a great deal to me,” Gotze said. “I’ve been here for almost four years and have had a fantastic time so far.”
“I know that a football career is finite. That makes me appreciate every moment on the pitch and in the stadium even more. The joy I get from football and from this club convinced me to extend my contract.”
Sporting director Markus Krosche underlined the midfielder’s influence, describing him as “a very important player and an equally important personality for the team and the club.” He added that Gotze has “experienced almost everything in his professional career” and now shares that knowledge with younger players.
The extension prolongs a contract that had originally been due to expire in 2026, reinforcing Frankfurt’s plans to build around experienced leaders as they compete domestically and in Europe. Gotze said the team is ready to face current challenges and remains hopeful of further success, with the prospect of another domestic cup triumph among his ambitions.
Eintracht Frankfurt sits seventh in the Bundesliga on 38 points after 27 matches, one point ahead of Freiburg.
English Caption 1
FC Barcelona’s Pedri (1st L) vies with Eintracht Frankfurt’s Mario Gotze (C) during the UEFA Champions League football match between FC Barcelona and Eintracht Frankfurt in Barcelona, Spain, Dec. 9, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Mario Goetze (C) of Eintracht Frankfurt celebrates after scoring with his teammates during the first division of Bundesliga match between Eintracht Frankfurt and FSV Mainz 05 in Frankfurt, Germany, Jan. 26, 2024. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Napoli’s Eljif Elmas (R) vies with Frankfurt’s Mario Gotze during the UEFA Champions League football match between Napoli and Frankfurt in Naples, Italy, on Nov. 4, 2025. (Photo by Alberto Lingria/Xinhua)