International Organizations
၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်
– ခွင့်ပြုချက်မရှိဘဲလုပ်ဆောင်သည့် စစ်ဆင်ရေးများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင်မှုမဖြစ်စေသင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
– ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ တရုတ်-ပါကစ္စတန် အစီအမံကို ဥဇဘက်ကစ္စတန်က ထောက်ခံအားပေး
– ဖိလစ်ပိုင်နိုင်ငံတွင် ကုန်တင်လေယာဉ် ပျက်ကျမှုအတွင်း လေယာဉ်မှူး နှစ်ဦး သေဆုံး
– ထိုင်းမင်းသမီး သီရိဒုံ တရုတ်နိုင်ငံသို့ ခရီးစဉ်သွားရောက်မည်
– အီရန်နှင့် စစ်ပွဲကို ရပ်တန့်ရန် အမေရိကန်နှင့် အစ္စရေးကို တိုက်တွန်းကြောင်း ကုလသမဂ္ဂ အကြီးအကဲ ထပ်လောင်းပြောကြား
– ထရမ့်က လာမည့် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အီရန်ကို “ပြင်းပြင်းထန်ထန်” တိုက်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်
– အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် အင်အား ၇.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံး၊ ဆူနာမီ သတိပေးချက် ရုပ်သိမ်း
– ယူဂန္ဓာနိုင်ငံ မြို့တော်ရှိ နေ့ကလေးထိန်းကျောင်းတွင် ဓားထိုးမှုဖြစ်ပွားရာ ကလေးငယ် လေးဦး သေဆုံး
– အမေရိကန်နိုင်ငံက Artemis II လူလိုက်ပါအာကာသမစ်ရှင် လွှတ်တင်
– စစ်ပွဲအဆုံးမသတ်ပါက ဟော်မုဇ်ရေလက်ကြားမှာ ဆက်လက် မတည်မငြိမ်ဖြစ်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
– တရုတ်မူးယစ်တရားခံပြေးကို အမေရိကန်မှ နေရပ်ပြန်ပို့
– တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၇၂ သန်းတန်ဖိုးရှိသော သဘောတူစာချုပ် ၂၆ ခု လက်မှတ်ရေးထိုး
– အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ ဆက်လက်ဖြစ်ပွားခြင်းကြောင့် လက်ဘနွန်၊ ဂါဇာ၊ အနောက်ဘက်ကမ်းရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ဆိုးဝါးလာကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
– အချိန် သုံးနှစ်ကြာ ပိတ်ထားပြီးနောက် ခါတွမ်မြို့တွင် ကုလသမဂ္ဂ ရုံး ပြန်လည်ဖွင့်လှစ်
– အရှေ့အလယ်ပိုင်း တင်းမာမှုများ၊ တင်းမာမှုအရှိန်လျှော့ချရေးကြိုးပမ်းမှုများကို ရုရှားနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး
– ပေကျင်းမြို့က လေအရည်အသွေး အကောင်းဆုံးဖြစ်၊ ဆိုးဝါးသောလေထုညစ်ညမ်းမှု ရှင်းလင်းလုနီးပါးဖြစ်
– အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားရာ လူနှစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
– ရုရှားနိုင်ငံ ခရီးသည်တင်ရထား လမ်းချော်မှုကြောင့် လူ ခုနစ်ဦး ဒဏ်ရာရ
– မြန်မာနိုင်ငံ သမ္မတအဖြစ် ဦးမင်းအောင်လှိုင်ကို ရွေးချယ်တင်မြှောက်
– ယူကရိန်းဘက်က တိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ Belgorod မြို့တွင် လူ ၁၂ ဦး ဒဏ်ရာရ
– ထိုင်းနိုင်ငံကို ပထမသုံးလပတ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၉.၃၁ သန်း ဝင်ရောက်
– ဆူဒန်နိုင်ငံ အလယ်ပိုင်းရှိ ဆေးရုံတွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၁၀ ဦး သေဆုံး
– ထရမ့်က ဆေးဝါးတင်သွင်းမှုအချို့ကို ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် သတ်မှတ်
– အီရန်နိုင်ငံ မြောက်ပိုင်းရှိ တံတားအား အမေရိကန်-အစ္စရေး တိုက်ခိုက်မှုကြောင့် လူရှစ်ဦး သေဆုံးပြီး ၉၅ ဦး ဒဏ်ရာရရှိ
– အရှေ့အလယ်ပိုင်း ပဋိပက္ခက ကမ္ဘာ့စွမ်းအင်ဖူလုံမှုအပေါ် သက်ရောက်မှုရှိဟု ပူတင်နှင့် ဆော်ဒီ အိမ်ရှေ့မင်းသား ပြောကြား
– ဆွီဒင်နိုင်ငံက အမေရိကန်ဒေါ်လာ ၉၅၇ သန်း တန်ဖိုးရှိသော ဒရုန်းနှိမ်နင်း လေကြောင်းရန်ကာကွယ်ရေးစနစ် ထုတ်ဖော်ပြသ
– အီရန် အဆင့်မြင့်ဒုံးကျည်ယူနစ် ကွပ်ကဲရေးမှူး သေဆုံးကြောင်း အစ္စရေးစစ်တပ် ပြောကြား
– ဘူရွန်ဒီနိုင်ငံတွင် ရောဂါအသစ်ဖြစ်ပွားမှုများ မြင့်တက်လာသဖြင့် ကာလဝမ်းရောဂါ တစ်ကျော့ပြန်ဖြစ်ပွားကြောင်း ထုတ်ပြန် (Xinhua)







………………….
(English Version)
– Chinese FM says UN Security Council actions should not legitimize unauthorized military operations
– Uzbekistan backs China-Pakistan initiative on the Gulf and Middle East region: FM
– 2 pilots killed in air cargo plane crash in Philippines
– Thai princess Sirindhorn to visit China
– UN chief renews call for U.S., Israel to stop war against Iran
– Trump threatens to hit Iran “extremely hard” over next 2 to 3 weeks
– 1 dead as 7.6-magnitude quake hits eastern Indonesia, tsunami warning lifted
– 4 children killed in daycare school stabbing in Ugandan capital: police
– U.S. launches Artemis II crewed Moon mission
– Chinese FM says Strait of Hormuz remains unstable if war doesn’t end
– Chinese drug fugitive repatriated from U.S.
– China, Malaysia ink 26 deals worth 72 mln USD
– Humanitarian crisis worsens in Lebanon, Gaza, West Bank as Mideast conflict continues: UN
– UN reopens office in Khartoum after nearly 3-yr closure
– Russian, Iranian FMs discuss Mideast tensions, de-escalation efforts
– Beijing sees best air quality, heavy pollution nearly eliminated
– 2 killed, 13 injured in bus accident in E. Afghanistan
– 7 injured in Russian passenger train derailment
– Min Aung Hlaing elected Myanmar’s president
– 12 injured in Russia’s Belgorod amid Ukrainian strike
– Thailand receives 9.31 mln foreign tourists in Q1
– 10 medical staff killed in drone strike on hospital in central Sudan
– Trump imposes 100 pct tariff on certain pharmaceuticals imports
– 8 killed, 95 wounded in U.S.-Israeli attacks on bridge in N. Iran
– Putin, Saudi crown prince say Mideast crisis affects global energy security
– Sweden unveils 957-mln-USD anti-drone air defense system
– Israeli army says kills Iran’s senior missile unit commander
– Burundi reports cholera resurgence as new cases rise: minister
