Asia
အီရန်နိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန် ဂျပန်နိုင်ငံက ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ် ပြောကြား
တိုကျို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရအနေဖြင့် အီရန်နိုင်ငံနှင့် ထိပ်သီးဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်လျက်ရှိကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ဧပြီ ၆ ရက်၌ ပြောကြားလိုက်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။
“ကျွန်မတို့အနေနဲ့ သင့်လျော်တဲ့အချိန်မှာ ခေါင်းဆောင်ပိုင်းအဆင့် ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်” ဟု လက်ရှိဖြစ်ပွားနေသည့် အမေရိကန်-အစ္စရေး-အီရန် ပဋိပက္ခအတွင်း ဂျပန်နိုင်ငံ၏ သံတမန်ရေးကြိုးပမ်းမှုများနှင့်ပတ်သက်၍ အတိုက်အခံဥပဒေပြုအမတ်တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ တာကာအိချိက လွှတ်တော်ကော်မတီသို့ ပြောကြားခဲ့ကြောင်း Kyodo သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ (Xinhua)
…………………
(English Version)
Japan preparing for summit talks with Iran: PM
TOKYO, April 6 (Xinhua) — The Japanese government is arranging summit talks with Iran, Prime Minister Sanae Takaichi said Monday, local media reported.
“We are preparing dialogues at the leadership level at an appropriate time,” Takaichi told a parliamentary committee in response to a question from an opposition lawmaker about Japan’s diplomatic efforts amid the ongoing U.S.-Israel-Iran conflict, according to Kyodo News. ■
English Caption
Japanese Prime Minister Sanae Takaichi speaks during a party leaders’ debate in Tokyo, Japan, on Jan. 26, 2026. (David Mareuil/Pool via Xinhua)
