Connect with us

Africa & Middle East

အီရန်အား ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းပတ်နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့ဟု ထရမ့် ပြော

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အီရန်အား ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းပတ်နှစ်ပတ်ကြာ ရပ်ဆိုင်းထားရန် သဘောတူညီခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
၎င်း၏ဆုံးဖြတ်ချက်မှာ အီရန်ဘက်က ဟော်မုဇ်‌ရေလက်ကြားကို အမြန်ဆုံး ဘေးအန္တရာယ်ကင်းကင်းနှင့် လုံးလုံးလျားလျား ပြန်ဖွင့်ပေးရန် သဘောတူလက်ခံသည့်အပေါ် မူတည်သည်ဟု ထရမ့်က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
“အဲဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ရဲ့ စစ်ရေးရည်မှန်းချက်အားလုံး ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သလို အီရန်နဲ့ ရေရှည်ငြိမ်းချမ်းရေးအတွက်ရော အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက်ပါ ခိုင်မာတဲ့ သဘောတူညီချက်တစ်ရပ် ရရှိဖို့လည်း အလွန်အခြေအနေကောင်းနေပြီ ဖြစ်တာကြောင့်ဖြစ်တယ်” ဟု ထရမ့်က ဆိုသည်။

“ကျွန်တော်တို့ အီရန်ဘက်က အချက် ၁၀ ချက်ပါဝင်တဲ့ အဆိုပြုချက်ကို လက်ခံရရှိခဲ့ပြီး အဲဒါက ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ အခြေခံမူဘောင်တစ်ရပ် ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ယင်းကဲ့သို့ သီတင်းပတ်နှစ်ပတ်ကြာ တိုက်ခိုက်မှု ရပ်ဆိုင်းထားရန် နှစ်ဖက်စလုံး အပြန်အလှန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ထရမ့်က ရည်ညွှန်းပြောဆိုခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အား အီရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အချိန်ပေးရန် ရည်ရွယ်လျက် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဧပြီ ၇ ရက် အစောပိုင်းတွင် ရှရစ်ဖ်က ထရမ့်အား သဘောတူညီချက်ရယူရန် အီရန်အား နောက်ဆုံးအချိန် သတ်မှတ်ထားခြင်းကို သီတင်းပတ်နှစ်ပတ်ကြာ အချိန်ထပ်တိုးပေးရန် X ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းခဲ့သလို တစ်ဖက်တွင်လည်း ချစ်ကြည်ရင်းနှီးမှု လက္ခဏာအဖြစ် အဆိုပါ သီတင်းပတ်နှစ်ပတ်အတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် အီရန်အား တောင်းဆိုခဲ့ကြောင်း သိရသည်။
ထရမ့်က သဘောတူညီချက်ရယူရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် အီရန်အား နောက်ဆုံးအချိန် သတ်မှတ်ထားသည့် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီတွင် အီရန်လူ့အဖွဲ့အစည်းတစ်ရပ်လုံး သေကျေပျက်စီးခြင်းနှင့် ကြုံရလိမ့်မည်ဟု ဧပြီ ၇ ရက် နံနက်ပိုင်းက ခြိမ်းခြောက်ခဲ့သည်။

အမေရိကန်၏ အစီအမံအရ အီရန်ရှိ တံတားအားလုံးမှာ ဧပြီ ၇ ရက် ည ၁၂ နာရီတွင် ဖျက်ဆီးခံရမည်ဖြစ်ကာ အီရန်ရှိ ဓာတ်အားပေးစက်ရုံ ဟူသမျှသည်လည်း လည်ပတ်နိုင်တော့မည်မဟုတ်ဘဲ မီးလောင်ကျွမ်းမှုနှင့် ပေါက်ကွဲမှုများဖြစ်ပွားကာ လုံးဝပြန်လည်အသုံးပြုနိုင်တော့မည် မဟုတ်ကြောင်း ဧပြီ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်တပ်ဖွဲ့ဝင်များက အီရန်၏ အရေးပါသော ရေနံတင်ပို့မှုဗဟိုချက်ဖြစ်သည့် ခ့ါဂျ်ကျွန်းရှိ စစ်ရေးပစ်မှတ်များကို ညအချိန် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကာ ယင်း၌ရှိသော ရေနံလုပ်ငန်း အဆောက်အအုံများကိုမူ တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံတစ်ဝန်းရှိ ရထားလမ်းအများအပြားသည်လည်း ဧပြီ ၇ ရက်က တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။
ထိုစဉ် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယက် အာဘတ်စ် အာရက်ဂ်ချီက သီတင်းပတ်နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း အီရန်စစ်တပ်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဟု ကတိပြုခဲ့ကာ အီရန်အား တိုက်ခိုက်မှုများကို ရပ်တန့်ပါက “ခုခံကာကွယ်သည့် စစ်ဆင်ရေးများ” ကို ရပ်ဆိုင်းထားမည်ဟုလည်း ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အစ္စလာမ်မာဘတ်တွင် အမေရိကန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်မည်ဟုလည်း ၎င်းက ပြောကြားခဲ့ကာ ယာယီအပစ်အခတ်ရပ်စဲခြင်းမှာ စစ်ပွဲပြီးဆုံးသွားခြင်းမဟုတ်ဘဲ ထိုအတောအတွင်း အချက် ၁၀ ချက်ပါဝင်သော အစီအစဉ် အသေးစိတ်ကို ဆွေးနွေးသွားမည်ဟု အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ရှေ့တွင် စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြနေသူတစ်ဦးအား ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………….
(English Version)
Trump says he agrees to suspend bombing and attack of Iran for 2 weeks
WASHINGTON, April 7 (Xinhua) — U.S. President Donald Trump said Tuesday he has agreed to “suspend the bombing and attack of Iran for a period of two weeks.”
Trump wrote on social media that his decision is “subject to” Iran agreeing to the complete, immediate and safe opening of the Strait of Hormuz.
“The reason for doing so is that we have already met and exceeded all Military objectives, and are very far along with a definitive Agreement concerning Longterm PEACE with Iran, and PEACE in the Middle East,” Trump said.
“We received a 10 point proposal from Iran, and believe it is a workable basis on which to negotiate,” he said.
Trump described the two-week suspension as “a double sided ceasefire.”
The ceasefire proposal was delivered by Pakistan’s Prime Minister Shehbaz Sharif, aiming to give time for peace talks with Iran.
Earlier on Tuesday, Sharif called on Trump in a post on X to extend the deadline Trump set for Iran to reach a deal by two weeks, and also requested Iran “to open Strait of Hormuz for a corresponding period of two weeks as a goodwill gesture.”
Trump threatened on Tuesday morning that Iran’s “whole civilization will die tonight” at 8:00 pm ET, the deadline he set for Iran to make a deal and reopen the Strait of Hormuz.
He told a press conference on Monday that according to a U.S. plan, “every bridge in Iran will be decimated by 12 o’clock tomorrow night,” and “every power plant in Iran will be out of business, burning, exploding and never to be used again.”
U.S. officials, cited by U.S. media outlets, said American forces struck military targets on Iran’s Kharg Island overnight, with oil facilities spared in the country’s crucial oil export hub.
Multiple railway lines across Iran were also struck on Tuesday, according to reports reaching here.
Meanwhile, Iranian Foreign Minister Seyed Abbas Araghchi promised safe passage through the Strait of Hormuz during the two-week ceasefire under “coordination” with Iranian armed forces, saying Iran will cease “defensive operations” if attacks against it stop.
He also said Iran would hold negotiations with the U.S. in Islamabad, stressing that the temporary ceasefire does not mean an end to war, pending negotiations on details of its 10-point plan.
English Caption 1
This photo taken on April 7, 2026 shows a view of the White House in Washington, D.C., the United States. (Xinhua/Li Rui)
English Caption 2
U.S. President Donald Trump speaks during a press conference at the White House in Washington, D.C., the United States, April 6, 2026. (Photo by Li Yuanqing/Xinhua)
English Caption 3
A demonstrator holds placards in front of the White House in Washington, D.C., the United States, on April 7, 2026. (Xinhua/Li Rui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.