Connect with us

International Organizations

ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်က ၂၀၃၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့မာရသွန်ချန်ပီယံရှစ်ပြိုင်ပွဲကို မိတ်ဆက်မည်

ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသမီးမာရသွန်ဗိုလ်လုပွဲအား အနိုင်ရရှိရန် ပန်းတိုင်မျဉ်းအား ဖြတ်သန်းသည့် ကင်ညာနိုင်ငံမှ Peres Jepchirchir ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်က လက်ရှိကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲမှ မာရသွန်အပြေးအားကစားနည်းအား ခွဲထုတ်ကာ သီးခြားကျင်းပသည့်အနေဖြင့် ကမ္ဘာ့မာရသွန်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၃၀ ပြည့်နှစ်မှစ၍ မိတ်ဆက်ရန် စီစဉ်ထားကြောင်း သိရသည်။
မာရသွန်အပြေးအားကစားမှာ ၂၀၂၇ ခုနှစ်နှင့် ၂၀၂၉ ခုနှစ်တို့တွင် ကျင်းပမည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲများ၌ ပြိုင်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သော်လည်း ၂၀၃၀ ပြည့်နှစ်မှစ၍ ၎င်း၏ ကိုယ်ပိုင် သီးခြားချန်ပီယံရှစ်ပြိုင်ပွဲများသို့ ပြောင်းလဲရမည်ဖြစ်ကြောင်း ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်က ဧပြီ ၇ ရက်၌ ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၃၁ ခုနှစ်မှစ၍ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အပြေးပြိုင်ပွဲများ ရှိတော့မည်မဟုတ်ပေ။ ကမ္ဘာ့မာရသွန်ချန်ပီယံရှစ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတို့အား အလှည့်ကျနှစ်များတွင် ကျင်းပမည်ဖြစ်သည်။ တစ်မိုင်၊ ၅ ကီလိုမီတာနှင့် တာဝက်မာရသွန် စသည့် အကွာအဝေးများ ပါဝင်သည့် ကမ္ဘာ့ပြေးခုန်ပစ် လမ်းပေါ်အပြေးပြိုင်ပွဲကိုမူ နှစ်စဉ်ပွဲတစ်ခုအဖြစ် သီးခြားဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်၏ အဆိုအရ အေသင်မြို့မှာ ၂၀၃၀ ပြည့်နှစ်၌ ကျင်းပမည့် ကမ္ဘာ့မာရသွန်ချန်ပီယံရှစ်ပွဲဦးထွက်ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဦးစားပေးနေရာအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
World Athletics to introduce World Marathon Championships from 2030
PARIS, April 7 (Xinhua) — World Athletics plans to separate the marathon from the current World Athletics Championships format and introduce a standalone World Marathon Championships from 2030.
The global governing body announced on Tuesday that the marathon will remain part of the World Athletics Championships in the 2027 and 2029 editions, but will move to its own standalone championships from 2030.
From 2031 onward, there will be no road running events at the World Athletics Championships. The World Marathon Championships will be held every year, with men’s and women’s races staged in alternate years. The World Athletics Road Running Championships, covering the one-mile, 5-kilometer and half-marathon distances, will continue as a separate annual event.
According to World Athletics, Athens has emerged as the preferred host for the inaugural edition of the World Marathon Championships in 2030. ■
English Caption
Peres Jepchirchir of Kenya crosses the finish line to win the women’s marathon final at the 2025 World Athletics Championships in Tokyo, Japan, on Sept. 14, 2025. (Xinhua/Jia Haocheng)