International Organizations
အသင်း၏ ထိပ်တန်းဂိုးသွင်းရှင် ဗာနက်ထ် ရာသီကုန်အထိ အနားယူရမည်ဖြစ်သဖြင့် ဂျီရိုနာအတွက် ထိုးနှက်ချက်ဖြစ်လာ
မက်ဒရစ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
စပိန်လာလီဂါကလပ် ဂျီရိုနာအသင်း တိုက်စစ်မှူး ဗလာဒီဆလက်ဗ် ဗာနက်ထ်မှာ ဧပြီ ၆ ရက် ညပိုင်းက ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်ဟု အတည်ပြုခဲ့ပြီးနောက် ဂျီရိုနာအသင်းအနေဖြင့် ၎င်းတို့၏ ထိပ်တန်းဂိုးသွင်းရှင်မပါဘဲ လက်ကျန်ရာသီကို ဖြတ်သန်းရတော့မည်ဖြစ်သည်။
ယခုရာသီတွင် ဂျီရိုနာအတွက် ၉ ဂိုးသွင်းယူထားသည့် အဆိုပါ ယူကရိန်းလက်ရွေးစင် တိုက်စစ်မှူးမှာ ဧပြီ ၆ ရက် ပွဲစဉ်၌ ၁၂ မိနစ်သာ ကစားရသေးသော်လည်း အရှိန်ဖြင့်ပြေးလွှားနေစဉ် ဒဏ်ရာရရှိခဲ့သဖြင့် အာဘယ်လ်ရုဇ်နှင့် လူစားလဲခဲ့ရခြင်းဖြစ်သည်။
“ဗလာဒီဆလက်ဗ် ဗာနက်ထ်ဟာ ဘယ်ခြေထောက်မှာ တံကောက်ကြောအရွတ်ဒဏ်ရာ ရရှိခဲ့တာပါ။ သူ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ သီတင်းပတ် ၁၀ ပတ်ကနေ ၁၂ ပတ်လောက် အချိန်ယူရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်” ဟု အဆိုပါတိုက်စစ်မှူးအား ဆေးစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီ ၈ ရက်က ဂျီရိုနာအသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
လာလီဂါဘောလုံးရာသီမှာ မေလတတိယပတ် သီတင်းပတ်ကုန်၌ ပြီးဆုံးမည်ဖြစ်ရာ ဗာနက်ထ်အနေဖြင့် ယခုရာသီ၌ ပြန်လည်ကစားနိုင်တော့မည် မဟုတ်ပေ။
အဆိုပါတိုက်စစ်မှူးအား ဆုံးရှုံးခဲ့ရခြင်းက ဂျီရိုနာနည်းပြ မီချယ်လ် ဆန်းချက်ဇ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပြီး ၎င်း၏အသင်းအနေဖြင့် လာလီဂါတွင် ပွဲ ၃၀ ကစားပြီးချိန်၌ ၃၇ မှတ် ရရှိထားကာ အဆင့်-၁၂ ၌ လတ်တလော ရပ်တည်လျက်ရှိကာ တန်းဆင်းဇုန် အဆင့်-၁၈ နေရာမှ အယ်လ်ချီအသင်းထက် ၈ မှတ် အသာရရှိထားသည်။
အသက် ၂၄ နှစ်အရွယ် ဗာနက်ထ်မှာ ဒီနမိုကိဗ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် လာလီဂါတွင် ကောင်းစွာအသားကျနေပြီဖြစ်ကာ ဂျီရိုနာအသင်းအတွက် မိနစ်ပေါင်း ၁,၉၆၂ မိနစ် ပါဝင်ကစားခဲ့ရာတွင် ၉ ဂိုး သွင်းယူထားပြီး အထောင်တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သည်။
ဂျီရိုနာအသင်းအနေဖြင့် ဧပြီ ၁၀ ရက် ညပိုင်းတွင် ရီးရဲလ်မက်ဒရစ်၏ ဆန်တီယာဂို ဘာနေဗျူးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဂျီရိုနာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ဂျီရိုနာနှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဂျီရိုနာအသင်းမှ ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………………………………………
(English Version)
Blow for Girona as top scorer Vanat ruled out for rest of season
MADRID, April 8 (Xinhua) — Spanish La Liga side Girona will be without top scorer Vladislav Vanat for the rest of the season after confirming the hamstring injury he suffered in Monday night’s 1-0 home win over Villarreal.
The Ukraine international striker, who has scored nine goals this season, was forced off after just 12 minutes on Monday after suffering the injury during a sprint and was replaced by Abel Ruiz.
“Vladyslav Vanat has suffered a hamstring tendon injury in his left leg. Estimated recovery period: 10-12 weeks,” the Girona website said on Wednesday after the striker underwent tests.
With the La Liga season due to end on the penultimate weekend of May, Vanat will not play again this campaign.
The striker’s absence is a blow to Girona coach Michel Sanchez, whose side is currently 12th in La Liga with 37 points from 30 matches, eight points above Elche, which occupies the final relegation place.
The 24-year-old has adapted well to La Liga since joining from Dinamo Kiev, scoring nine goals in 1,962 minutes and establishing himself as an effective target man.
Girona visits Real Madrid at the Santiago Bernabeu on Friday night.
English Caption 1
Marcos Llorente (R) of Atletico de Madrid vies with Vladyslav Vanat (C) of Girona FC during the La Liga football match between Girona FC and Atletico de Madrid in Montilivi Stadium, Girona, Spain, on Dec. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Players of Girona celebrate scoring during the La Liga football match between Girona FC and FC Barcelona in Girona, Spain, Feb. 16, 2026. (Photo by Joan Gosa/Xinhua)
