Connect with us

International Organizations

အန်ဇို ဖာနန်ဒက်ဇ်၏ နောက်ကျချေပဂိုးကြောင့် ပရီးမီးယားလိဂ်တွင် အာဆင်နယ်နှင့် ခြောက်မှတ်ကွာဟသွားသည့် မန်စီးတီး

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပထမဂိုးသွင်းယူပြီးနောက် ချဲလ်ဆီးအသင်းမှ အန်ဇို ဖာနန်ဒက်ဇ် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးက အိမ်ကွင်း၌ ချဲလ်ဆီးနှင့် တစ်ဂိုးစီသရေကျခဲ့သည့်အတွက် ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် ပြိုင်ဘက် အာဆင်နယ်နှင့် ခြောက်မှတ်ကွာဟသွားပြီဖြစ်သည်။

နည်းပြ အန်ဇို မာရက်စကာ ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးအသင်းက ယခုပွဲစဉ်၌ အင်တိုက်အားတိုက် ကစားဟန်ကို ပြသခဲ့ပြီး စီးတီးအတွက် အခွင့်အရေး အနည်းငယ်သာရရှိခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် တိုင်ဂျန်နီ ရိုင်နာစ်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း စီးတီးအနေဖြင့် ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိပေ။

ပွဲချိန်နှောင်းပိုင်းတွင် ချဲလ်ဆီးက အပြင်းအထန် ဖိအားပေးကစားခဲ့ရာ ပွဲချိန် ၉၄ မိနစ်တွင် အန်ဇို ဖာနန်ဒက်ဇ်က အသာအယာပိတ်သွင်း၍ ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။
ခရေဗင်ကော့တေ့ဂျ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဖူလ်ဟမ်နှင့် လီဗာပူးလ်အသင်းတို့၏ ပွဲစဉ်တွင် ၂ ဂိုးစီ သရေကျခဲ့ပြီး နာကျင်အချိန်ပိုတွင် သွင်းဂိုးတစ်ဂိုးစီ အပြန်အလှန်သွင်းယူခဲ့ကြသည်။
လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဟယ်ရီ ဝီလ်ဆင်က ၁၇ မိနစ်တွင် ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ရာ ပွဲချိန် ၅၇ မိနစ်တွင် ဖလော်ရီယန် ဗက်ဇ်က ချေပဂိုးသွင်းယူခဲ့သည်။
ပွဲချိန် ၉၄ မိနစ်တွင် ကိုဒီ ဂတ်ပိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း သုံးမိနစ်အကြာတွင် လီဗာပူးလ်အသင်း၏ ခံစစ်ပိုင်းအားနည်းချက်မှတစ်ဆင့် ဟယ်ရစ်ဆန် ရိဒ်က အားပါသောကန်ချက်ဖြင့် ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။

အယ်လန်ရုတ်ဒ်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် လိဒ်စ်ယူနိုက်တက်နှင့် မန်ချက်စတာယူနိုက်တက်တို့၏ ပွဲစဉ်မှာ အကြိတ်အနယ်ရှိခဲ့သော်လည်း ၁ ဂိုးစီ သရေရလဒ်ဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။
ဘရန်ဒန် အာရန်ဆင်က ယူနိုက်တက်ခံစစ်ပိုင်း အားနည်းချက်မှတစ်ဆင့် ပွဲချိန် ၆၂ မိနစ်တွင် ဘယ်ခြေကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ရာ သုံးမိနစ်အကြာတွင် မက်သီးယက်စ် ကွန်ညာက ပြန်လည်ချေပခဲ့သဖြင့် ၁-၁ ဂိုးရလဒ် ထွက်ပေါ်ခဲ့သည်။ ကွန်ညာမှာ ချေပဂိုးသွင်းယူပြီးမကြာမီ အနိုင်ဂိုးသွင်းယူနိုင်ရန် နီးစပ်ခဲ့သော်လည်း ၎င်း၏ကန်ချက်မှာ ဂိုးတိုင်ထိမှန်ခဲ့သည်။
ဘရန့်ဖို့ဒ်က အဲဗာတန်ကို အဝေးကွင်းတွင် ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် အမှတ်ပေးဇယားတွင် အဆင့်တက်လာခဲ့သည်။ ထိုပွဲစဉ်တွင် အီ‌ဂေါ သီယာဂိုက ဘရန့်ဖို့ဒ်အတွက် ဟက်ထရစ်သွင်းယူခဲ့သလို နသန် ကောလင်းစ်ကလည်း သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သည်။ ဘီတိုက အဲဗာတန်အတွက် ချေပဂိုးသွင်းယူခဲ့ပြီး နာကျင်အချိန်ပိုတွင် သီယာနို ဘယ်ရီက ချေပဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့သည်။
နယူးကာဆယ်ယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ်၏ ပွဲပန်းမှုကို အခွင့်ကောင်းယူနိုင်ခဲ့ပြီး အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်တွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အက်ဒီဟောင်း၏ နယူးကာဆယ်အတွက် အနိုင်ဂိုးများကို ဘရူနို ဂီမာရေးစ်နှင့် မာလစ်ခ် သီယောတို့က ပွဲချိန်နောက်ဆုံးမိနစ် ၂၀ အတွင်း သွင်းယူခဲ့ခြင်းဖြစ်သည်။
တော့တင်ဟမ် ဟော့စပါးက အိမ်ကွင်းတွင် ဆန်းဒါးလန်းနှင့် ၁ ဂိုးစီ သရေကျခဲ့ပြီး ဘန်ဒေးဗီးစ်က ပွဲချိန်မိနစ် ၃၀ တွင် တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ကာ ဘရိုင်ယန် ဘရော့ဘီက မိနစ် ၈၀ တွင် ပြန်လည်ချေပခဲ့ခြင်းဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တော့တင်ဟမ် ဟော့စပါးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် လီဗာပူးလ်အသင်းမှ ကိုဒီ ဂတ်ပိုအား တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Late Fernandez goal leaves City six behind Arsenal in Premier League
LONDON, Jan. 5 (Xinhua) — Manchester City slipped six points behind Arsenal in the Premier League title race after a 1-1 draw at home to Chelsea on Sunday.
After the departure of coach Enzo Maresca, Chelsea put on a battling display while City had limited chances. Although Tijjani Reijnders opened the scoring in the 42nd minute, City’s second goal failed to arrive.
Chelsea pressed hard in the closing minutes and was rewarded in the 94th minute when Enzo Fernandez scored a simple finish.
Liverpool and Fulham both had injury time goals in a 2-2 draw at Craven Cottage.
Former Liverpool forward Harry Wilson put Fulham ahead in the 17th minute, before Florian Wirtz equalized 12 minutes into the second half.
Cody Gakpo looked to have won the game for Liverpool with his 94th-minute strike, but the Reds’ defense creaked again when Harrison Reed equalized with a powerful shot three minutes later.
Leeds United and Manchester United fought out an intense 1-1 draw at Elland Road.
Brenden Aaronson scored with his left foot in the 62nd minute as the United defense came up short, while Matheus Cunha made it 1-1 three minutes later and went close to a winner soon afterwards when he hit the outside of the post.
Brentford continues to climb the table with a 4-2 win away to Everton. Igor Thiago notched a hat-trick and Nathan Collins also scored for Brentford, while Beto pulled a goal back for Everton and Thierno Barry netted another in injury time.
Newcastle United took advantage of Crystal Palace’s tired legs, as goals from Bruno Guimaraes and Malick Thiaw in the last 20 minutes gave Eddie Howe’s side a 2-0 win at St James’ Park.
Tottenham Hotspur was held to a 1-1 draw at home by Sunderland, with Brian Brobbey’s 80th-minute goal canceling out Ben Davies’ opener for Tottenham in the 30th minute.
English Caption 1
Chelsea’s Enzo Fernandez celebrates after scoring the first goal during the English Premier League match between Chelsea FC and Liverpool FC in London, Britain, May 4, 2025. (Xinhua)
English Caption 2
Cody Gakpo celebrates after scoring during the English Premier League match against Tottenham Hotspur in Liverpool, Britain, on April 27, 2025. (Xinhua)