Connect with us

North America

ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့က လက်နက်မဲ့အဖိုးအိုတစ်ဦးအား ပစ်သတ်ခဲ့

ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့ မှ ပစ်သတ်ခဲ့သော အဖိုးအိုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်းဂျလိစ် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)

ကယ်လီဖိုးနီးယားပြည်နယ် Bakersfield မြို့၌ ညပိုင်း တစ်ဦးတည်းလမ်းလျှောက်လာသော အသက် ၇၃ နှစ်အရွယ်ရှိ လက်နက်မဲ့ အဖိုးအိုတစ်ဦးအား ရဲအရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသတွင်းသတင်းစာက ဒီဇင်ဘာလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ကလေး ၅ ယောက်ဖခင်ဖြစ်သူ အဖိုးအို Franciso သည် စိတ်ကစဉ့်ကလျားဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ပြီး Silver Birch လမ်းမ၌ ရဲအရာရှိတစ်ဦး၏ ပစ်သတ်ခြင်းခံရချိန်တွင် အဖိုးအိုသည် လက်နက်တစ်စုံတစ်ရာကိုင်ဆောင်ထားခြင်းမရှိကြောင်း သားဖြစ်သူ Rogelio က Los Angeles Times သတင်းစာသို့ပြောကြားခဲ့သည်။

Francisco သည် ညဖက် အိပ်မရသောကြောင့် တစ်ဦးတည်းလမ်းလျှောက်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ရဲအရာရှိ၏ အချက်ပေါင်းများစွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အခင်းဖြစ်နေရာမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူ Rogelio က ဆက်လက်ပြောကြားခဲ့သည်။

Bakersfield မြို့ရဲတပ်ဖွဲ့ပြောခွင့်ရ ရဲတပ်ကြပ်ကြီးGary Carruesco က အိမ်အပြန်လမ်းပေါ်မှာ အဖိုးအိုသေဆုံးနေသည့်မြင်ကွင်းကို မျက်မြင်သက်သေများကခေါ်ပြသည့်အချိန်သည် ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၃ဝ မိနစ်ခန့်တွင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခင်းဖြစ်ရဲအရာရှိမှာ ရှောင်တခင်ခွင့်ယူထားကြောင်း နှင့် သေနတ်ပစ်ခတ်ခဲ့သည့် အကြောင်းအရာကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း Carruesco က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.