Connect with us

North America

Yahoo အကောင့် အသုံးပြုသူ ၁ ဘီလီယံကျော်၏ အချက်အလက်များအခိုးခံရ

Yahoo အီိးမေးလ်အဖွင့် စာမျက်နှာအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

Yahoo အီးမေးလ်အကောင့်အသုံးပြုသူ ၁ ဘီလီယံကျော်၏ အချက်အလက်များ ခိုးယူခံခဲ့ရကြောင်း Yahoo ကုမ္ပဏီက ဒီဇင်ဘာလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သော စက်တင်ဘာလက ထုတ်ပြန်သော ကုမ္ပဏီထုတ်ပြန်ချက်တွင် Yahoo အကောင့် သန်း ၅ဝဝ ကျော် ခိုးယူခံခဲ့ရသည့်အတွက် ဥပဒေကြောင်းအရ ဖော်ထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း ၊ Yahoo အသုံးပြုသူ တတိယအဖွဲ့အစည်းတစ်ခုက အချက်အလက်ခိုးယူမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဖြည့်စွက်ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်း Sunnyvale မြို့အခြေစိုက် Yahoo ကုမ္ပဏီသည် Yahoo အကောင့်အသုံးပြုသူများ၏ အချက်အလက် ခိုးယူခံရသည့် ကိစ္စရပ်ကို ဖော်ထုတ်နိုင်ရန် ပြင်ပကျွမ်းကျင်ပညာရှင်များ၏ အကူအညီကို ရယူထားကြောင်း သိရသည်။ အဆိုပါ တတိယအဖွဲ့အစည်းသည် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ကတည်းက စတင်ကာ Yahoo အချက်အလက်များကို ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းစစ်ဆေးချက်များအရ သိရသည်။

ထိုသို့Yahoo အီးမေလ်းအကောင့် ခိုးယူမှုတွင် အကောင့်လျှို့ဝှက်နံပါတ် ၊ ငွေပေးကတ် (သို့မဟုတ်) ဘဏ်အချက်အလက် များပါဝင်ခြင်းမရှိကြောင်း ၊ သို့သော် အမည် ၊ အီးမေလ်းလိပ်စာ ၊ တယ်လီဖုန်းနံပတ် ၊ မွေးနေ့နှင့် အကောင့်လုံခြုံရေးမေးခွန်း/အဖြေများကို ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.